ရော်နယ်ဒိုနှင့်ရွန်နီတို့နှစ်ဦးရဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြသာနာကို ဖာဂူဆန်ဘယ်လိုကိုင်တွင်ဖြေရှင်းခဲ့သလဲ

၂၀၀၆ ကမ္ဘာ့ဖလားပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဝိန်းရွန်နီတို့နှစ်ဦးဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပထမဆုံးလေ့ကျင့်ခန်းပြန်ဆင်းတဲ့နေ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ရုံးခန်းထဲမှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်လို့ ဂယ်ရီနီဗေးလ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ကစားဖော်နှစ်ဦးဟာ ၂၀၀၆ ဂျာမနီကမ္ဘာ့ဖလားရဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မူတွင် ပါဝင်ပတ်သက်ခဲ့ကြကာ အဆိုပါကွာတားဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန်အသင်းဟာ ပေါ်တူဂီအသင်းကို ရှူံးနိမ့်ခဲ့ပြီး ရွန်နီဟာလည်း ပေါ်တူဂီနောက်ခံလူ ကာဗယ်လ်ဟိုကို တက်နင်းခဲ့မူကြောင့် အထုတ်ခံခဲ့ရပါတယ်။

ဝိန်းရွန်နီ အထုတ်ပယ်ခံရသင့်ကြောင်း ရော်နယ်ဒိုဟာ ဒိုင်လူကြီးဆီပြေးသွားပြီး ဦးဆောင် ကန့်ကွက်မူပြုလုပ်ခဲ့ပြီးနောက် ရော်နယ်ဒိုဟာ အင်္ဂလန်နိ်ုင်ငံရဲ့ ဒေါသထွက်မူတွေကို ရရှိခဲ့ပါတယ်။ အဆိုပါထိုဖြစ်စဉ်တွင် ရွန်နီအထုတ်ခံခဲ့ရပြီးနောက် ရော်နယ်ဒိုက အရန်ခုံပေါ်မှာထိုင်နေတဲ့ အသင်းဖော်များဘက်သို့ မျက်စိမှိတ်ပြခဲ့တာကိုကင်မရာတွေနဲ့ အမိအရဖမ်းမိခဲ့ပါသေးတယ်။

ဒီအဖြစ်အပျက်ဟာ အိုးထရက်ဖိုဒ့်ရဲ့ အဝတ်လဲခန်းတွေအထိ ရိုတ်ခတ်လာနိုင်ခဲ့ ပြသာနာပါ။ ဒါပေမယ့် ၂၀၀၆-၀၇ ဘောလုံးရာသီ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်းများပြန်မစမီ ဒီပြသာနာကို ဖာဂူဆန်ကဖြေရှင်းပေးနိုင်ခဲ့တယ်လို့ ဂယ်ရီနီဗေးလ်က ပြောခဲ့ပါတယ်။

နီဗေးလ်က Sky Sports သို့ “ပထမဆုံး လေ့ကျင့်ခန်းပြန်ဆင်းတဲ့ရက်မှာ မန်နေဂျာက ကျွန်တော့်ကို ရော်နယ်ဒိုနှင့်ဝိန်းရွန်နီတို့နဲ့အတူ ရုံးခန်းကိုလာဖို့ ခေါ်ခဲ့ပါတယ်။ သူက ဒီကိစ္စနဲ့ပတ်သက်လို့ မည်သည့်ပြသာနာမျိုးပဲဖြစ်ဖြစ် ရှိနေတာကို သူသိချင်နေခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ တစ်ကယ့်ကို သူငယ်ချင်းကောင်းတွေအနေနဲ့စစ်မှန်စွာတည်ရှိခဲ့ကြတာပါ။ သူတို့နှစ်ဦးဟာ လူမူရေးကောင်းသူတွေဖြစ်ကြပြီး ပတ်ထရစ်အီဗာရာ၊ ရီယိုဖာဒီနန်၊ ခရစ္စတီယာနိုနှင့်ဝိန်းရွန်နီတို့ဟာ တစ်ကယ့်ကိုနီးနီးကပ်ကပ် ဆက်ဆံရေးမျိုးရှိကြပါတယ်”

Gelsenkirchen, GERMANY: Argentinian referee Horacio Elizendo gives a red card to English forward Wayne Rooney (2nd R), as English defender Ashley Cole (R), English defender John Terry (6), English midfielder Frank Lampard (8), Portuguese forward Cristiano Ronaldo (L) and Portuguese forward Pauleta (9) and Portuguese forward Pauleta look at him 01 July 2006 during the World Cup 2006 quarter-final football game England vs. Portugal at Gelsenkirchen stadium. AFP PHOTO / DDP / VOLKER HARTMANN (Photo credit should read VOLKER HARTMANN/DDP/AFP via Getty Images)

“အင်္ဂလန်တစ်နိုင်ငံလုံးက ရော်နယ်ဒိုကို ဆန့်ကျင်မုန်းနေကြပါတယ်။ အဝတ်လဲခန်းမှာ ဒေးဗစ်ဘက်ခမ်း ကြုံတွေ့ခဲ့ရတာမျိုးနဲ့ ဆင်တူတဲ့အခိုက်အတန့်လို့ ကျွန်တော်ခံစားခဲ့ရတယ်။ ၁၉၉၈ ခုနှစ် ဘက်ခမ်းပြန်လာခဲ့ချိန်တုန်းက ယူနိုက်တက်ကလူတွေအားလုံးဟာ သူ့ကိုဝိုင်းရံခဲ့ကြပါတယ်။ ၂၀၀၆ ခုနှစ် ခရစ္စတီယာနိုရဲ့ အဖြစ်အပျက်နဲ့ တူညီပါတယ်။ သူ့ကိုဝိုင်းကူညီခဲ့ကြပြီး ဒါဟာမှားယွင်းပါတယ်ဆိုတာ သက်သေပြနိုင်အောင် ကူညီပေးခဲ့ကြပါတယ်”

“ရာသီအကြို လေ့ကျင့်ခန်းမတိုင်မီ သူတို့နှစ်ဦးဟာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး တစ်ခြားမည်သည့်ပြသာနာမှမရှိခဲ့ပါဘူး။ ကွင်းထဲမှာ ဖြစ်ပျက်တဲ့ကိစ္စတွေအပေါ် ဝိန်းရွန်နီမှာ လုံလောက်တဲ့နားလည်မူ အတွေ့အကြုံတွေရှိပါတယ်။ ကျွန်တော်တို့အားလုံးမှာလည်း ဒီလိုတူညီတဲ့ စိတ်တွေရှိကြပါတယ်။ ခရစ္စတီယာနိုဟာ သူ့နိုင်ငံအတွက် ကြိုးစားခဲ့တာဖြစ်ပြီး ရွန်နီဆိုရင်လည်း ဒီလိုမျိုးပဲနေမှာဖြစ်သလို ကျွန်တော်လည်း ဒီအတိုင်းပဲဖြစ်မှာပါ”