အာဆင်နယ်အသင်းမှာ အထိုင်ကျရန် ရုန်းကန်ခဲ့ရပြီး ဘယ်တော့မှ ပြန်သွားမှာမဟုတ်ဘူးလို့ ဆိုလိုက်တဲ့ တော်ရဲရား

အာဆင်နယ်အသင်းကနေ အက်သလက်တီကိုမက်ဒရစ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတဲ့ တော်ရဲရားက သူနဲ့ သူ့မိသားစုဟာ အာဆင်နယ်အသင်းမှာတုန်းက ရုန်းကန်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက အာဆင်နယ်အသင်းဆီကို ရောက်ရှိလာတဲ့ ဥရုဂွေးကစားသမားဟာ အာဆင်နယ်အသင်းနဲ့ ပွဲဦးထွက်ရာသီမှာ နည်းပြအူနိုင်းအမ်မရီရဲ့ စိတ်ကြိုက်ကစားသမားဖြစ်ခဲ့ပြီး ပွဲ(၅၀) အထိ ကစားခွင့်ရခဲ့ပါတယ်။

သို့သော်လည်း နည်းပြသစ် အာတီတာလက်အောက်မှာ ပထမပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ဒီလအစောပိုင်းမှာပဲ စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းဆီ အငှားချခံခဲ့ရပါတယ်။အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်အသင်းမှာ ရုန်းကန်ခဲ့ရတာကို ထုတ်ဖော်ပြောကြားခဲ့ပြီး စပိန်ကလပ်အသင်းရဲ့ နွေးထွေးစွာ ကြိုဆိုမှုကိုလည်း ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်အများကြီး ခံစားခဲ့ရပါတယ်။ ပုဂ္ဂိုလ်ရေးပြဿနာတွေအပြင် ကျွန်တော်မိသားစုတွေပါ ခံစားခဲ့ရပါတယ်။ အခု ကျွန်တော် တစ်နှစ်အငှားနဲ့ စပိန်ကို ရောက်နေတာကို သိပါတယ်။ ဒါပေမယ့် ဒီမှာ ကျွန်တော့်ကို သူတို့က ကောင်းကောင်းဆက်ဆံကြပါတယ်။ ဒါဟာ ကျွန်တော့်ဘဝအတွက် အခွင့်အရေးအသစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အက်သလက်တီကိုမက်ဒရစ်အသင်းက ကျွန်တော့်အိပ်မက်အသင်းတစ်သင်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်ပဲ ရှိသေးလို့ အရေးကြီးတဲ့ အောင်မြင်မှုတွေကို ကျွန်တော် ရယူနိုင်ပါသေးတယ်။ အနာဂတ်မှာလည်း ဒီအသင်းမှာ ဆက်နေခွင့်ရမယ်လို့ မျှော်လင့်ပါတယ်” လို့ တော်ရဲရားက ဥရုဂွေးသတင်းစာ Ovacion ကို ပြောသွားခဲ့ပါတယ်။

အာဆင္နယ္အသင္းမွာ အထိုင္က်ရန္ ရုန္းကန္ခဲ့ရျပီး ဘယ္ေတာ့မွ ျပန္သြားမွာမဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ ေတာ္ရဲရား

အာဆင္နယ္အသင္းကေန အက္သလက္တီကိုမက္ဒရစ္အသင္းဆီ အငွားနဲ႔ သြားေရာက္ကစားေနတဲ့ ေတာ္ရဲရားက သူနဲ႔ သူ႔မိသားစုဟာ အာဆင္နယ္အသင္းမွာတုန္းက ရုန္းကန္ခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္တုန္းက အာဆင္နယ္အသင္းဆီကုိ ေရာက္ရွိလာတဲ့ ဥရုေဂြးကစားသမားဟာ အာဆင္နယ္အသင္းနဲ႔ ပြဲဦးထြက္ရာသီမွာ နည္းျပအူႏိုင္းအမ္မရီရဲ႕ စိတ္ၾကိဳက္ကစားသမားျဖစ္ခဲ့ျပီး ပြဲ(၅၀) အထိ ကစားခြင့္ရခဲ့ပါတယ္။

သို႔ေသာ္လည္း နည္းျပသစ္ အာတီတာလက္ေအာက္မွာ ပထမပြဲကစားခြင့္ရဖို႔ ရုနး္ကန္ခဲ့ရျပီး ဒီလအေစာပိုင္းမွာပဲ စပိန္လာလီဂါကလပ္ အက္သလက္တီကိုမက္ဒရစ္အသင္းဆီ အငွားခ်ခံခဲ့ရပါတယ္။အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ အာဆင္နယ္အသင္းမွာ ရုန္းကန္ခဲ့ရတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ျပီး စပိန္ကလပ္အသင္းရဲ႕ ေႏြးေထြးစြာ ၾကိဳဆိုမႈကိုလည္း ခ်ီးက်ဴးသြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္အမ်ားၾကီး ခံစားခဲ့ရပါတယ္။ ပုဂၢိဳလ္ေရးျပႆနာေတြအျပင္ ကၽြန္ေတာ္မိသားစုေတြပါ ခံစားခဲ့ရပါတယ္။ အခု ကၽြန္ေတာ္ တစ္ႏွစ္အငွားနဲ႔ စပိန္ကို ေရာက္ေနတာကို သိပါတယ္။ ဒါေပမယ့္ ဒီမွာ ကၽြန္ေတာ့္ကို သူတို႔က ေကာင္းေကာင္းဆက္ဆံၾကပါတယ္။ ဒါဟာ ကၽြန္ေတာ့္ဘ၀အတြက္ အခြင့္အေရးအသစ္ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ အက္သလက္တီကိုမက္ဒရစ္အသင္းက ကၽြန္ေတာ့္အိပ္မက္အသင္းတစ္သင္းျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္ပဲ ရွိေသးလို႔ အေရးၾကီးတဲ့ ေအာင္ျမင္မႈေတြကို ကၽြန္ေတာ္ ရယူႏိုင္ပါေသးတယ္။ အနာဂတ္မွာလည္း ဒီအသင္းမွာ ဆက္ေနခြင့္ရမယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေတာ္ရဲရားက ဥရုေဂြးသတင္းစာ Ovacion ကို ေျပာသြားခဲ့ပါတယ္။