သောမတ်စ်ပါတေးကို ဗီအဲရာ နဲ့ နှိုင်းယှဉ်လိုက်တဲ့ အာဆင်နယ်ဂန္တဝင် မာတင်ကီယွန်

အာဆင်နယ်ကစားသမားဟောင်း မာတင်ကီယွန်က ကြာသပတေးနေ့က ရက်ပစ်ဗီယာနာအသ  င်းနဲ့ပွဲမှာ အာဆင်နယ်အသင်းက အသစ်ခေါ်ယူထားတဲ့ ကစားသမားသစ် သောမတ်စ်ပါတေးကို ချီးကျူးသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းက နောက်ခံနေလိုက်ပြီးကစားခဲ့ရပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ခေါ်ယူထားပြီး ပထမဆုံးပွဲထွက်ကစားခဲ့တဲ့ သောမတ်စ်ပါတေးက ခြေစွမ်းပြကစားခဲ့လို့ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

ဂါနာလက်ရွေးစင်ကစားသမားကို မာတင်ကီယွန်က နှစ်သက်ခဲ့ပြီး အသင်းဂန္တဝင် ပက်ထရစ်ဗီအဲရာနဲ့ နှိုင်းယှဉ်သွားခဲ့ပါတယ်။BT Sport သတင်းဌာနကို မာတင်ကီယွန်က “ဒီလို ချက်ခြင်းစွမ်းဆောင်ပြနိုင်တဲ့ ကစားသမားကို မြင်တာနဲ့ ခင်ဗျားတို့လည်း နှစ်သက်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူလှုပ်ရှားတာ နူးညံ့ပြီး တစ်ကယ်ကို အဆင့်အတန်းမီပါတယ်။

ဒါက ကျွန်တော့်အတွက် ဗီအဲရာကို ပြန်လည်မြင်ယောင်စေမိပါတယ်။ သူဘောလုံးရွေ့လျားတာ နဲ့ လှုပ်ရှားမှုမှန်သမျှက ဗီအဲရာနဲ့ တူပါတယ်” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

သောမတ်စ်ပါတေးဟာ တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်း နဲ့ လက်စတာကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာလည်း ပါဝင်ကစားနိုင်မယ်လို့ ပရိသတ်တွေက မျှော်လင့်ထားပါတယ်။

ေသာမတ္စ္ပါေတးကို ဗီအဲရာ နဲ႔ ႏိႈင္းယွဥ္လိုက္တဲ့ အာဆင္နယ္ဂႏၱ၀င္ မာတင္ကီယြန္

အာဆင္နယ္ကစားသမားေဟာင္း မာတင္ကီယြန္က ၾကာသပေတးေန႔က ရက္ပစ္ဗီယာနာအသင္းနဲ႔ပြဲမွာ အာဆင္နယ္အသင္းက အသစ္ေခၚယူထားတဲ့ ကစားသမားသစ္ ေသာမတ္စ္ပါေတးကို ခ်ီးက်ဴးသြားခဲ့ပါတယ္။ အာဆင္နယ္အသင္းက ေနာက္ခံေနလိုက္ျပီးကစားခဲ့ရေပမယ့္ အက္သလက္တီကိုမက္ဒရစ္အသင္းကေန ေခၚယူထားျပီး ပထမဆံုးပြဲထြက္ကစားခဲ့တဲ့ ေသာမတ္စ္ပါေတးက ေျခစြမ္းျပကစားခဲ့လို႔ ႏိုင္ပြဲရခဲ့တာျဖစ္ပါတယ္။

ဂါနာလက္ေရြးစင္ကစားသမားကို မာတင္ကီယြန္က ႏွစ္သက္ခဲ့ျပီး အသင္းဂႏၱ၀င္ ပက္ထရစ္ဗီအဲရာနဲ႔ ႏိႈင္းယွဥ္သြားခဲ့ပါတယ္။BT Sport သတင္းဌာနကို မာတင္ကီယြန္က “ဒီလို ခ်က္ျခင္းစြမ္းေဆာင္ျပႏိုင္တဲ့ ကစားသမားကို ျမင္တာနဲ႔ ခင္ဗ်ားတို႔လည္း ႏွစ္သက္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ သူလႈပ္ရွားတာ ႏူးညံ့ျပီး တစ္ကယ္ကို အဆင့္အတန္းမီပါတယ္။

ဒါက ကၽြန္ေတာ့္အတြက္ ဗီအဲရာကို ျပန္လည္ျမင္ေယာင္ေစမိပါတယ္။ သူေဘာလံုးေရြ႕လ်ားတာ နဲ႔ လႈပ္ရွားမႈမွန္သမွ်က ဗီအဲရာနဲ႔ တူပါတယ္” လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

ေသာမတ္စ္ပါေတးဟာ တနဂၤေႏြေန႔မွာ အာဆင္နယ္အသင္း နဲ႔ လက္စတာကစားမယ့္ ပရီးမီးယားလိဂ္ပြဲမွာလည္း ပါ၀င္ကစားႏိုင္မယ္လို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ထားပါတယ္။