ကမ္ဘာ့အကောင်းဆုံးနောက်ခံလူဖြစ်တဲ့ ဗန်ဒိုက်ခ်ရဲ့နေရာကို ကျွန်တော်အနေနဲ့ အစားထိုးဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ ဖာဘင်ဟို


လီဗာပူးအသင်းကွင်းလယ်လူ ဖာဘင်ဟိုက မာဆေးဆိုက်ဒ်ဒါဘီမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ကာလရှည်အနားယူရဖို့ ရှိနေ တဲ့ ဗန်ဒိုက်ခ်ရဲ့နေရာမှာ ဝင်ရောက်ကစားပေးနေပေမယ့် ကမ္ဘာ့အကောင်းဆုံးနောက်ခံလူဖြစ်တဲ့ ဗန်ဒိုက်ခ်ရဲ့နေရာကို သူ အနေနဲ့ အပြည့်အဝအစားထိုးဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဖာဘင်ဟိုဟာ အေဂျက်နဲ့ကစားခဲ့တဲ့ ချန်ပီ ယံလိဂ်ပွဲစဉ်မှာ ဗဟိုနောက်ခံလူအဖြစ် ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


လီဗာပူးအသင်းမှာ အဓိကဂိုးသမားတစ်ဦးဖြစ်တဲ့ အလစ်ဆန်လည်း ဒဏ်ရာရနေပြီး ဗန်ဒိုက်ခ်လည်း ဒဏ်ရာရသွားတာ ကြောင့် ခံစစ်ပိုင်းအားနည်းမှုတွေဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာကြောင့် လီဗာပူးအသင်းတာဝန်ရှိသူတွေ ကတော့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ နောက်ခံလူတစ်ဦးခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်ဖြစ်နေတာကြောင့် ဖာဘင်ဟိုကို နည်းပြကလော့ပ်အနေနဲ့ ဗဟိုနောက်ခံလူအဖြစ် အသုံး ပြုနေတာပဲ ဖြစ်ပါတယ်။


ချန်ပီယံလိဂ်ပွဲအပြီးမှာတော့ Mirror ကနေတဆင့် ဖာဘင်ဟိုက “ အသင်းရဲ့လိုအပ်ချက်ကြောင့်သာ နည်းပြကစားခိုင်းတဲ့ နောက်တန်းဗဟိုလူနေရာမှာ ကစားတာပါ။ ကျွန်တော်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်တဲ့ ဗန်ဒိုက်ခ်ရဲ့ နေရာကို အပြည့်အဝ တာဝန်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဗန်ဒိုက်ခ်ကို ကာလရှည်ဆုံးရှုံးရမှာက အသင်းအတွက် ထိခိုက်စေပါတယ်။ သူက အဝတ်လဲခန်းအတွင်းမှာတော့ ခေါင်းဆောင်တစ်ဦးလို အသင်းကို ဦးဆောင်နိုင်တဲ့သူပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ကမၻာ့အေကာင္းဆံုးေနာက္ခံလူျဖစ္တဲ့ ဗန္ဒိုက္ခ္ရဲ႕ေနရာကို ကြ်န္ေတာ္အေနနဲ႔ အစားထိုးဝင္ေရာက္ႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ ဖာဘင္ဟို
လီဗာပူးအသင္းကြင္းလယ္လူ ဖာဘင္ဟိုက မာေဆးဆိုက္ဒ္ဒါဘီမွာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ကာလရွည္အနားယူရဖို႔ ရွိေန တဲ့ ဗန္ဒိုက္ခ္ရဲ႕ေနရာမွာ ဝင္ေရာက္ကစားေပးေနေပမယ့္ ကမၻာ့အေကာင္းဆံုးေနာက္ခံလူျဖစ္တဲ့ ဗန္ဒိုက္ခ္ရဲ႕ေနရာကို သူ အေနနဲ႔ အျပည့္အဝအစားထိုးဝင္ေရာက္ႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ ဖာဘင္ဟိုဟာ ေအဂ်က္နဲ႔ကစားခဲ့တဲ့ ခ်န္ပီ ယံလိဂ္ပြဲစဥ္မွာ ဗဟိုေနာက္ခံလူအျဖစ္ ကစားခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
လီဗာပူးအသင္းမွာ အဓိကဂိုးသမားတစ္ဦးျဖစ္တဲ့ အလစ္ဆန္လည္း ဒဏ္ရာရေနၿပီး ဗန္ဒိုက္ခ္လည္း ဒဏ္ရာရသြားတာ ေၾကာင့္ ခံစစ္ပိုင္းအားနည္းမႈေတြျဖစ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကတာေၾကာင့္ လီဗာပူးအသင္းတာဝန္ရွိသူေတြ ကေတာ့ လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ေနာက္ခံလူတစ္ဦးေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ လက္ရွိမွာ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္ခ်ိန္ျဖစ္ေနတာေၾကာင့္ ဖာဘင္ဟိုကို နည္းျပကေလာ့ပ္အေနနဲ႔ ဗဟိုေနာက္ခံလူအျဖစ္ အသံုး ျပဳေနတာပဲ ျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္ပြဲအၿပီးမွာေတာ့ Mirror ကေနတဆင့္ ဖာဘင္ဟိုက “ အသင္းရဲ႕လိုအပ္ခ်က္ေၾကာင့္သာ နည္းျပကစားခိုင္းတဲ့ ေနာက္တန္းဗဟိုလူေနရာမွာ ကစားတာပါ။ ကြ်န္ေတာ္အေနနဲ႔ ကမၻာ့အေကာင္းဆံုးေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဗန္ဒိုက္ခ္ရဲ႕ ေနရာကို အျပည့္အဝ တာဝန္ယူႏိုင္ဖို႔ဆိုတာ မျဖစ္ႏုိင္ပါဘူး။ ဗန္ဒိုက္ခ္ကို ကာလရွည္ဆံုးရႈံးရမွာက အသင္းအတြက္ ထိခုိက္ေစပါတယ္။ သူက အဝတ္လဲခန္းအတြင္းမွာေတာ့ ေခါင္းေဆာင္တစ္ဦးလို အသင္းကို ဦးေဆာင္ႏုိင္တဲ့သူပါ” လို႔ ေျပာခဲ့ပါတယ္။