နှစ်ယောက်ပေါင်း ပေါင် သန်း ၇၀ ပေးခဲ့၇ပေမယ့် အာဆင်နယ်အတွက် အကျိုးရှိတယ်လို့ ပြောခဲ့တဲ့ နည်းပြ အာတီတာ


အာဆင်နယ်အသင်းနည်းပြ အာတီတာက နွေရာသီအပြောင်းအရွှေ့မှာ လိုင်လီနောက်ခံလူ ဂါဘရီရယ်ကို ပေါင် ၂၅သန်း၊ အက်သလက်တီကို ကွင်းလယ်လူ ပါတေးကို ပေါင် ၄၅သန်း အကုန်အကျခံပြီး ခေါ်ယူခဲ့ပါတယ်။ ဒီကစားသမားနှစ် ယောက် စလုံးဟာ အသင်းသစ်ဖြစ်တဲ့ အာဆင်နယ်မှာတော့ အလျင်အမြန်အံဝင်ပြီး ခြေစွမ်းပြနေနိုင်တာကြောင့် နည်းပြ အာတီတာက အကျိုးရှိတဲ့ ခေါ်ယူမှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


ဂါဘရီရယ်ဟာ အာဆင်နယ်ကို ရာသီသစ်မစတင်ခင်ကတည်းက ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ကစားခွင့်ရခဲ့ တဲ့ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ပါတေးကတော့ နွေရာသီအပြောင်းအရွှေ့ပိတ်ခါနီးအချိန်ရောက်မှ စာချုပ်ပါ လျော်ကြေးပေးပြီး အာဆင်နယ်က ခေါ်ယူခဲ့တာဖြစ်တာကြောင့် မန်စီးတီးကို ရှုံးတဲ့ပွဲမှာ လူစားဝင်ကစားခဲ့သလို ရက်ပစ်ဝိန်းကို အနိုင်ရခဲ့တဲ့ပွဲမှတော့ ပွဲထွက် ကစားခဲ့တာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ရက်ပစ်ဝိန်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ အိမ်ရှင်အသင်းရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်းကို ခံခဲ့ရပြီးမှ ဒေးဗစ်လုဇ်၊ အူဘာမီယန်းတို့ရဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒီရာသီပရီးမီယားလိဂ် ကစားပြီးတဲ့ပွဲစဉ်တွေမှာ အိမ်ကွင်းပွဲတိုင်း နိုင်ထားတဲ့ အာဆင်နယ်ဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လက်စတာ ကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ႏွစ္ေယာက္ေပါင္း ေပါင္ သန္း ၇၀ ေပးခဲ့၇ေပမယ့္ အာဆင္နယ္အတြက္ အက်ိဳးရွိတယ္လို႔ ေျပာခဲ့တဲ့ နည္းျပ အာတီတာ
အာဆင္နယ္အသင္းနည္းျပ အာတီတာက ေႏြရာသီအေျပာင္းအေရႊ႕မွာ လိုင္လီေနာက္ခံလူ ဂါဘရီရယ္ကို ေပါင္ ၂၅သန္း၊ အက္သလက္တီကို ကြင္းလယ္လူ ပါေတးကို ေပါင္ ၄၅သန္း အကုန္အက်ခံၿပီး ေခၚယူခဲ့ပါတယ္။ ဒီကစားသမားႏွစ္ ေယာက္ စလံုးဟာ အသင္းသစ္ျဖစ္တဲ့ အာဆင္နယ္မွာေတာ့ အလ်င္အျမန္အံဝင္ၿပီး ေျခစြမ္းျပေနႏိုင္တာေၾကာင့္ နည္းျပ အာတီတာက အက်ိဳးရွိတဲ့ ေခၚယူမႈျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။
ဂါဘရီရယ္ဟာ အာဆင္နယ္ကို ရာသီသစ္မစတင္ခင္ကတည္းက ေရာက္ရွိလာခဲ့သူျဖစ္ၿပီး အသင္းအတြက္ ကစားခြင့္ရခဲ့ တဲ့ပြဲေတြမွာ ေျခစြမ္းျပႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ပါေတးကေတာ့ ေႏြရာသီအေျပာင္းအေရႊ႕ပိတ္ခါနီးအခ်ိန္ေရာက္မွ စာခ်ဳပ္ပါ ေလ်ာ္ေၾကးေပးၿပီး အာဆင္နယ္က ေခၚယူခဲ့တာျဖစ္တာေၾကာင့္ မန္စီးတီးကို ရႈံးတဲ့ပြဲမွာ လူစားဝင္ကစားခဲ့သလို ရက္ပစ္ဝိန္းကို အႏိုင္ရခဲ့တဲ့ပြဲမွေတာ့ ပြဲထြက္ ကစားခဲ့တာပဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ရက္ပစ္ဝိန္းနဲ႔ ယူရိုပါလိဂ္ပြဲစဥ္မွာေတာ့ အာဆင္နယ္ဟာ အိမ္ရွင္အသင္းရဲ႕ ဦးေဆာင္ဂိုး သြင္းယူျခင္းကို ခံခဲ့ရၿပီးမွ ေဒးဗစ္လုဇ္၊ အူဘာမီယန္းတို႔ရဲ႕ သြင္းဂိုးနဲ႔ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။ ဒီရာသီပရီးမီယားလိဂ္ ကစားၿပီးတဲ့ပြဲစဥ္ေတြမွာ အိမ္ကြင္းပြဲတိုင္း ႏိုင္ထားတဲ့ အာဆင္နယ္ဟာ ဒီတစ္ပတ္ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ လက္စတာ ကို အိမ္ကြင္းမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။