နသန်အကီအပြင် ဖာနန်ဒင်ဟိုပါ ဒဏ်ရာကြောင့် (၄) ပတ်ကနေ (၆) ပတ်အထိ အနားယူရနိုင်တယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ထုတ်ဖော်ပြောဆို

မန်စီးတီးအသင်းရဲ့ ဒဏ်ရာရစာရင်းမှာ နသန်အကီ နဲ့ ဖာနန်ဒင်ဟိုတို့ ပါဝင်လာပြီလို့ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။ ပေါ်တိုအသင်းကို (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမတိုင်မီ တစ်နာရီအလိုမှာ နသန်အကီဟာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာဖြစ်တဲ့အပြင် ဖာနန်ဒင်ဟိုကတော့ ပွဲပြီးရန် (၅) မိနစ်အလိုမှာ ကြွက်သားဒဏ်ရာပြဿနာကြောင့် လူစားလဲခဲ့ရတာဖြစ်ပါတယ်။

စနေနေ့ ဝက်စ်ဟမ်းအသင်းနဲ့ ကစားမယ့်ပွဲမတိုင်မီ မန်စီးတီးအသင်းရဲ့ ပထမပွဲထွက်လူစာရင်းမှာ လာပေါ်တေး၊ ဒီဘရိုင်း၊ ဂါဘရီရယ်ဂျေးဆု နဲ့ မန်ဒီတို့အပြင် ကစားသမား (၆) ယောက်အထိ ဒဏ်ရာ ရနေပါတယ်။ ဒီဘရိုင်းနဲ့ လာပေါ်တေးတို့ကတော့ ကြာသပတေးနေ့မှာ အသေးစားလေ့ကျင်းရေးစလုပ်နိုင်မယ်လို့ မျှော်လင့်နေပေမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပွဲက သိပ်မလိုတော့ဘူး ဖြစ်ပါတယ်။

“ဖာနန်ဒင်ဟိုရဲ့ သတင်းကတော့ ဆိုးပါတယ်။ ပြဿနာက သူ့ခြေထောက်မှာဖြစ်ပါတယ်။ သူ (၄) ပတ်ကနေ (၆) ပတ်လောက်အထိ အနားယူရနိုင်ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေပြန်ကောင်းလာနေပေမယ့် နောက်ထပ်လူတွေကို ဆုံးရှုံးနေပါတယ်။ နောက် (၃) ရက်မှာ လန်ဒန်ကို သွားရောက်မှာဖြစ်ပြီး နောက်ထပ် (၃) ရက်အကြာမှာ မာဆေး အဲ့ဒါပြီး နောက် (၃) ရက်မှာ ရှက်ဖီးယူနိုက်တက်အသင်းတွေနဲ့ ကစားရမှာဖြစ်ပါတယ်။

ပွဲစဉ်ဇယားအရ ကစားသမားတွေ အားလုံးကို လိုအပ်နေပါတယ်။ မနေ့ညက ဒုတိယပိုင်းမှာ ကျွန်တော်တို့ဟာ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ကို ပြနိုင်ခဲ့ပါတယ်။ ပေါ်တိုအသင်းက အသင်းကောင်းတစ်သင်းပါ။ ဒီလိုပွဲမျိုးကို အနိုင်ရတဲ့အတွက် ဝမ်းသာမိပါတယ်” လို့ ဂွါဒီယိုလာပြောသွားခဲ့ပါတယ်။

နသန္အကီအျပင္ ဖာနန္ဒင္ဟိုပါ ဒဏ္ရာေၾကာင့္ (၄) ပတ္ကေန (၆) ပတ္အထိ အနားယူရႏိုင္တယ္လို႔ မန္စီးတီးနည္းျပ ဂြါဒီယိုလာ ထုတ္ေဖာ္ေျပာဆို

မန္စီးတီးအသင္းရဲ႕ ဒဏ္ရာရစာရင္းမွာ နသန္အကီ နဲ႔ ဖာနန္ဒင္ဟိုတို႔ ပါ၀င္လာျပီလို႔ ဂြါဒီယိုလာက ေျပာသြားခဲ့ပါတယ္။ ေပၚတုိအသင္းကို (၃-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမတိုင္မီ တစ္နာရီအလိုမွာ နသန္အကီဟာ ေပါင္ျခံဒဏ္ရာ ရရွိခဲ့တာျဖစ္တဲ့အျပင္ ဖာနန္ဒင္ဟုိကေတာ့ ပြဲျပီးရန္ (၅) မိနစ္အလိုမွာ ၾကြက္သားဒဏ္ရာျပႆနာေၾကာင့္ လူစားလဲခဲ့ရတာျဖစ္ပါတယ္။

စေနေန႔ ၀က္စ္ဟမ္းအသင္းနဲ႔ ကစားမယ့္ပြဲမတိုင္မီ မန္စီးတီးအသင္းရဲ႕ ပထမပြဲထြက္လူစာရင္းမွာ လာေပၚေတး၊ ဒီဘရိုင္း၊ ဂါဘရီရယ္ေဂ်းဆု နဲ႔ မန္ဒီတို႔အျပင္ ကစားသမား (၆) ေယာက္အထိ ဒဏ္ရာ ရေနပါတယ္။ ဒီဘရိုင္းနဲ႔ လာေပၚေတးတို႔ကေတာ့ ၾကာသပေတးေန႔မွာ အေသးစားေလ့က်င္းေရးစလုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနေပမယ့္ ၀က္စ္ဟမ္းအသင္းနဲ႔ ပြဲက သိပ္မလိုေတာ့ဘူး ျဖစ္ပါတယ္။

“ဖာနန္ဒင္ဟိုရဲ႕ သတင္းကေတာ့ ဆိုးပါတယ္။ ျပႆနာက သူ႔ေျခေထာက္မွာျဖစ္ပါတယ္။ သူ (၄) ပတ္ကေန (၆) ပတ္ေလာက္အထိ အနားယူရႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ ကစားသမားေတြျပန္ေကာင္းလာေနေပမယ့္ ေနာက္ထပ္လူေတြကို ဆံုးရႈံးေနပါတယ္။ ေနာက္ (၃) ရက္မွာ လန္ဒန္ကို သြားေရာက္မွာျဖစ္ျပီး ေနာက္ထပ္ (၃) ရက္အၾကာမွာ မာေဆး အဲ့ဒါျပီး ေနာက္ (၃) ရက္မွာ ရွက္ဖီးယူႏိုက္တက္အသင္းေတြနဲ႔ ကစားရမွာျဖစ္ပါတယ္။

ပြဲစဥ္ဇယားအရ ကစားသမားေတြ အားလံုးကို လုိအပ္ါေနပါတယ္။ မေန႔ညက ဒုတိယပိုင္းမွာ ကၽြန္ေတာ္တို႔ဟာ ျပီးျပည့္စံုတဲ့ စြမ္းေဆာင္ရည္ကို ျပႏိုင္ခဲ့ပါတယ္။ ေပၚတိုအသင္းက အသင္းေကာင္းတစ္သင္းပါ။ ဒီလိုပြဲမ်ိဳးကို အႏိုင္ရတဲ့အတြက္ ၀မ္းသာမိပါတယ္” လို႔ ဂြါဒီယိုလာေျပာသြားခဲ့ပါတယ္။