ဗန်ဒိုက်ချ်နေရာမှာ အစားထိုးမယ့် ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်အတွက် လီဗာပူးလ်အသင်း အနည်းဆုံး ပေါင်သန်း ၅၀ ပေးရန် လိုအပ်

လီဗာပူးလ်အသင်းဟာ ဘန်ဝှိုက်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူလိုပါက အနည်းဆုံး ပေါင်သန်း ၅၀ ပေးရန် လိုအပ်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ယာဂင်ကလော့ပ်ရဲ့အသင်းဟာ ဒီတစ်ပတ်မှာ အဲဗာတန်အသင်းနဲ့ မာဆေးဆိုဒ်ဒါဘီပွဲ၌ အဓိကနောက်ခံလူ ဗန်ဒိုက်ချ် ဒဏ်ရာကြီးမားစွာ ရရှိခဲ့ပြီး ရာသီကုန်အထိ အနိုင်ယူရမယ်လို့ သိရတာဖြစ်ပါတယ်။

ဟော်လန်နောက်ခံလူနေရာမှာ အစားထိုးရန်အတွက် ဘန်ဝှိုက်ကအသင့်တော်ဆုံးဖြစ်ပေမယ့်လည်း လီဗာပူးလ်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေး နည်းနည်းတော့ပေးလို့မရဘူးလို့ The Sun သတင်းဌာနက ဖော်ပြချက် အရ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက လိဒ်ယူနိုက်တက်အသင်းမှာ အငှားသွားရောက်ကစားခဲ့စဉ်က အကောင်းဆုံးခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်အသင်းက အပြီးသတ်ခေါ်ယူရန် (၃) ကြိမ်တိုင် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ပြီးခဲ့တဲ့လကပဲ ဘရိုက်တန်အသင်းနဲ့ (၄) နှစ်စာချုပ်ချုပ်ခဲ့ပါတယ်။

ဗန္ဒိုက္ခ်္ေနရာမွာ အစားထိုးမယ့္ ဘရိုက္တန္ေနာက္ခံလူ ဘန္၀ိႈက္အတြက္ လီဗာပူးလ္အသင္း အနည္းဆံုး ေပါင္သန္း ၅၀ ေပးရန္ လိုအပ္

လီဗာပူးလ္အသင္းဟာ ဘန္၀ိႈက္ကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေခၚယူလိုပါက အနည္းဆံုး ေပါင္သန္း ၅၀ ေပးရန္ လိုအပ္တယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါတယ္။ ယာဂင္ကေလာ့ပ္ရဲ႕အသင္းဟာ ဒီတစ္ပတ္မွာ အဲဗာတန္အသင္းနဲ႔ မာေဆးဆိုဒ္ဒါဘီပြဲ၌ အဓိကေနာက္ခံလူ ဗန္ဒိုက္ခ်္ ဒဏ္ရာၾကီးမားစြာ ရရွိခဲ့ျပီး ရာသီကုန္အထိ အႏိုင္ယူရမယ္လို႔ သိရတာျဖစ္ပါတယ္။

ေဟာ္လန္ေနာက္ခံလူေနရာမွာ အစားထိုးရန္အတြက္ ဘန္၀ိႈက္ကအသင့္ေတာ္ဆံုးျဖစ္ေပမယ့္လည္း လီဗာပူးလ္အသင္းအေနနဲ႔ ေျပာင္းေရႊ႕ေၾကး နည္းနည္းေတာ့ေပးလို႔မရဘူးလို႔ The Sun သတင္းဌာနက ေဖာ္ျပခ်က္ အရ သိရပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက လိဒ္ယူႏိုက္တက္အသင္းမွာ အငွားသြားေရာက္ကစားခဲ့စဥ္က အေကာင္းဆံုးေျခစြမ္းျပခဲ့သူ ျဖစ္ပါတယ္။ လိဒ္ယူႏိုက္တက္အသင္းက အျပီးသတ္ေခၚယူရန္ (၃) ၾကိမ္တိုင္ ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားက ျပီးခဲ့တဲ့လကပဲ ဘရိုက္တန္အသင္းနဲ႔ (၄) ႏွစ္စာခ်ဳပ္ခ်ဳပ္ခဲ့ပါတယ္။