မိုချန်ဂလတ်ဘက်ကွင်းလယ်လူ ဇာကီရာကို ဘိုင်ယန်မြူးနစ် ၊ချဲလ်ဆီး နဲ့ ယူနိုက်တက်အသင်းတို့ အပြိုင်စိတ်ဝင်စား

ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးနဲ့ ယူနိုက်တက် အသင်းတို့ဟာ ဟာ မိုချန်ဂလတ်ဘတ် ကွင်းလယ်လူ ဇာကီရာ ကို အပြိုင်စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ဂျာမန်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရန် ၂ နှစ်ပဲ ကျန်ရှိနေပေမယ့် မိုချန်ဂလတ်ဘက်အသင်းက သူ့အတွက် အနည်းဆုံး ပေါင် ၄၅ သန်း လိုချင်နေတာ ဖြစ်ပါတယ်။

ဥရောပချန်ပီယံ ဘိုင်ယန်မြူးနစ် နဲ့ ပရီးမီးယားလိဂ် ထိပ်သီး (၂) သင်းတို့ဟာ ဇာကီရာကို အသင်းရဲ့ ကွင်းလယ်အင်အားတောင့်တင်းရန်အတွက် နောက်နွေရာသီမှာ ခေါ်ယူလိုနေတာဖြစ်တယ်လို့ Bild သတင်းဌာနက အဆိုအရ သိရပါတယ်။ ဆွစ်ဇာလန်လက်ရွေးစင်ကစားသမားဟာ မိုချန်ဂလတ်ဘက်အသင်းကို ယန်းဘွိုင်းအသင်းကနေ ၂၀၁၇ ခုနှစ်က ရောက်ရှိလာသူဖြစ်ပြီး ဂျာမန်ကလပ်အသင်းအတွက် (၉၆) ပွဲကစားထားသူဖြစ်ပါတယ်။

သူဟာ လက်ရွေးစင်အသင်းမှာလည်း ခြေစွမ်းပြနေပြီး ၂၀၁၈ ခုနှစ်ကတည်းက ပွဲထွက်ကစားပြီးနောက် (၂၈) ပွဲကစားထားပြီး ဥရောပထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံလာရတာပါ။ နည်းပြလမ်းပတ်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက အသင်းဆီက ကစားသမားအသစ် (၇) ယောက်အထိ ခေါ်ယူထားပြီး အင်အားဖြည့်တင်းခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ ကန်တေ နဲ့ ဂျော်ဂျင်ဟိုတို့အစား နောက်ထပ် ခံစစ်အားသန်ကွင်းလယ်လူ တစ်ယောက်ကို အစောကြီးကတည်းက ခေါ်ယူချင်နေတာလို့ သိရပါတယ်။



