ဗန်ဒိုက်စ်ရဲ့နေရာကို ဖာဘင်ဟို က အကောင်းဆုံးအစားထိုးနိုင်မယ်လို့ လီဗာပူးအသင်းတာဝန်ရှိသူတွေ မျှော်လင့်နေ


မာဆေးဆိုက်ဒ်ဒါဘီမှာ ဗန်ဒိုက်ခ် ဒဏ်ရာရသွားခဲ့ပြီး ကာလရှည်အနားယူရမှာဖြစ်တာကြောင့် လီဗာပူးအသင်းတာဝန်ရှိသူ တွေအနေနဲ့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ နောက်ခံလူတစ်ဦးခေါ်ယူဖို့အတွက် လုပ်ဆောင်နေတယ်လို့ သတင်းတွေ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူတစ်ဦးဖြစ် တဲ့ ဖာဘင်ဟိုက နောက်တန်းဗဟိုအထိဆင်းကစားပြီး ဗန်ဒိုက်ခ်ရဲ့နေရာမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။


လီဗာပူးဟာ ကစားရခက်တဲ့ အေဂျက်ကို အဝေးကွင်းမှာ ကစားရတာဖြစ်ပေမယ့် အေဂျက်နောက်ခံလူ တက်လီယာဖီကိုရဲ့ ကိုယ်ဂိုးကိုယ်သွင်းယူမှုကြောင့် နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အပြောင်းအရွှေ့ဈေးကွက်ရာသီက ပိတ်သွားပြီဖြစ်တာ ကြောင့် လီဗာပူးအနေနဲ့ နောက်ခံလူခေါ်ယူဖို့အတွက် မဖြစ်နိုင်တော့ဘဲ အသင်းမှာရှိတဲ့ကစားသမားတွေကို ဗန်ဒိုက်ခ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။


အေဂျက်နဲ့ ပွဲမှာတော့ လီဗာပူးနည်းပြ ကလော့ပ်အနေနဲ့ ဖာဘင်ဟိုနဲ့ ဂိုမက်ဇ်တို့ကို အသင်းရဲ့ဗဟိုနောက်ခံလူအဖြစ်အသုံး ပြုခဲ့တာပဲ ဖြစ်ပါတယ်။ ဖာဘင်ဟိုဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ပွဲတုန်းကလည်း ဗန်ဒိုက်ခ်နဲ့အတူ တွဲပြီး ဗဟို နောက်ခံလူအဖြစ် ကစားပြီး ခြေစွမ်းပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ကစားသမားခေါ်ယူဖို့ အဆင်မပြေနေချိန်မှာ ဖာဘင်ဟိုရဲ့ စွမ်းဆောင်ရည်က နည်းပြကလော့ပ်အတွက် သက်သာရာဖြစ်စေခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

zawgyi version

ဗန္ဒိုက္စ္ရဲ႕ေနရာကို ဖာဘင္ဟို က အေကာင္းဆံုးအစားထိုးႏိုင္မယ္လို႔ လီဗာပူးအသင္းတာဝန္ရွိသူေတြ ေမွ်ာ္လင့္ေန
မာေဆးဆိုက္ဒ္ဒါဘီမွာ ဗန္ဒိုက္ခ္ ဒဏ္ရာရသြားခဲ့ၿပီး ကာလရွည္အနားယူရမွာျဖစ္တာေၾကာင့္ လီဗာပူးအသင္းတာဝန္ရွိသူ ေတြအေနနဲ႔ လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ေနာက္ခံလူတစ္ဦးေခၚယူဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြ ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ကြင္းလယ္လူတစ္ဦးျဖစ္ တဲ့ ဖာဘင္ဟိုက ေနာက္တန္းဗဟိုအထိဆင္းကစားၿပီး ဗန္ဒိုက္ခ္ရဲ႕ေနရာမွာ အေကာင္းဆံုးကစားႏုိင္ခဲ့ပါတယ္။
လီဗာပူးဟာ ကစားရခက္တဲ့ ေအဂ်က္ကို အေဝးကြင္းမွာ ကစားရတာျဖစ္ေပမယ့္ ေအဂ်က္ေနာက္ခံလူ တက္လီယာဖီကိုရဲ႕ ကိုယ္ဂိုးကိုယ္သြင္းယူမႈေၾကာင့္ ႏိုင္ပြဲရခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ အေျပာင္းအေရႊ႕ေစ်းကြက္ရာသီက ပိတ္သြားၿပီျဖစ္တာ ေၾကာင့္ လီဗာပူးအေနနဲ႔ ေနာက္ခံလူေခၚယူဖို႔အတြက္ မျဖစ္ႏိုင္ေတာ့ဘဲ အသင္းမွာရွိတဲ့ကစားသမားေတြကို ဗန္ဒိုက္ခ္ရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။
ေအဂ်က္နဲ႔ ပြဲမွာေတာ့ လီဗာပူးနည္းျပ ကေလာ့ပ္အေနနဲ႔ ဖာဘင္ဟိုနဲ႔ ဂိုမက္ဇ္တို႔ကို အသင္းရဲ႕ဗဟိုေနာက္ခံလူအျဖစ္အသံုး ျပဳခဲ့တာပဲ ျဖစ္ပါတယ္။ ဖာဘင္ဟိုဟာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ခ်ဲလ္ဆီးနဲ႔ပြဲတုန္းကလည္း ဗန္ဒိုက္ခ္နဲ႔အတူ တြဲၿပီး ဗဟို ေနာက္ခံလူအျဖစ္ ကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ကစားသမားေခၚယူဖို႔ အဆင္မေျပေနခ်ိန္မွာ ဖာဘင္ဟိုရဲ႕ စြမ္းေဆာင္ရည္က နည္းျပကေလာ့ပ္အတြက္ သက္သာရာျဖစ္ေစခဲ့တယ္လို႔ပဲ ဆိုရမွာျဖစ္ပါတယ္။