ကြွက်သားဒဏ်ရာကြောင့် (၃) ပတ်ကနေ (၄) ပတ်အထိ အနားယူရမယ့် ယူနိုက်တက်နောက်ခံလူ အဲရစ်ဘာယီ

ယူနိုက်တက်နောက်ခံလူ အဲရစ်ဘာယီဟာ ကြွက်သားဒဏ်ရာကြောင့် (၃) ပတ်ကနေ (၄) ပတ်အထိ အနားယူရမှာဖြစ်လို့ နည်းပြ ဆိုးလ်ရှားအတွက်တော့ ခေါင်းခဲစရာ ကိစ္စ တစ်ခုဖြစ်နေပါတယ်။ အိုင်ဗရီကိုစ့်လက်ရွေးစင်ဗဟိုနောက်ခံလူဟာ အင်္ဂါနေ့ညက ပီအက်စ်ဂျီအသင်းကို (၂-၁) နဲ့ အနိုင်ရခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ခရီးထွက်ခဲ့တဲ့ လူစာရင်းမှာပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

သူဟာ စနေနေ့က နယူးကာဆယ်အသင်းကို ယူနိုက်တက် (၄-၁) နဲ့ အနိုင်ရခဲ့တဲ့ လူစာရင်းမှာလည်း အရန်ခုံမှာသာ ပါဝင်ခဲ့ပြီး ဝင်ရောက်ကစားခဲ့ခြင်းမရှိဘူး ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းအနိုင်ရခဲ့ပြီးနောက ်နည်းပြ ဆိုးလ်ရှားက အဲရစ်ဘာယီဟာ နောက်လ နိုင်ငံတကာ ပွဲများမတိုင်ခင်အထိ အသင်းအတွက် ကစားပေးနိုင်မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

ဒါ့ကြောင့် အဲရစ်ဘာယီဟာ ယူနိုက်တက်အသင်းရဲ့ လာမယ့်ပွဲစဉ်တွေဖြစ်တဲ့ ချဲလ်ဆီး၊ လိုက်ပ်ဇစ်၊ အာဆင်နယ်၊ အစ္စတန်ဘူလ် နဲ့ အဲဗာတန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ပွဲများကို လွဲချော်မှာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ဒဏ်ရာကြောင့် အနားယူခဲ့တာ ရက်ပေါင်း ၃၀၀ ကျော်ပြီဖြစ်ပြီး ဒူး၊ ခြေကျင်းဝတ် ဒဏ်ရာပြဿနာတွေဟာ ယူနိုက်တက်အသင်းဆီကို ၂၀၁၆ ခုနှစ် ဗီလာရီးရဲလ်အသင်းဆီကနေ ရောက်လာကတည်းက ရရှိခဲ့သူပါ။

ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရားလည်း လိုက်ပါခဲ့ခြင်းမရှိခဲ့တာဖြစ်လို့ စနေနေ့ အိုးထရက်ဖိုဒ့်မှာ ချဲလ်ဆီးအသင်းကို ဧည့်ခံကစားမယ့်ပွဲမှာ ပြန်လည်ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။ နည်းပြဆိုးလ်ရှားဟာ ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လုခ်ရှော၊ လင်ဒီလော့ဖ် နဲ့ တွမ်ဇီဘီ ဗဟိုနောက်ခံလူ (၃) ယောက်အထိ အသုံးပြုခဲ့တာဖြစ်ပါတယ်။

ၾကြက္သားဒဏ္ရာေၾကာင့္ (၃) ပတ္ကေန (၄) ပတ္အထိ အနားယူရမယ့္ ယူႏိုက္တက္ေနာက္ခံလူ အဲရစ္ဘာယီ

ယူႏိုက္တက္ေနာက္ခံလူ အဲရစ္ဘာယီဟာ ၾကြက္သားဒဏ္ရာေၾကာင့္ (၃) ပတ္ကေန (၄) ပတ္အထိ အနားယူရမွာျဖစ္လုိ႔ နည္းျပ ဆိုးလ္ရွားအတြက္ေတာ့ ေခါင္းခဲစရာ ကိစၥ တစ္ခုျဖစ္ေနပါတယ္။ အိုင္ဗရီကိုစ့္လက္ေရြးစင္ဗဟိုေနာက္ခံလူဟာ အဂၤါေန႔ညက ပီအက္စ္ဂ်ီအသင္းကို (၂-၁) နဲ႔ အႏိုင္ရခဲ့တဲ့ ယူႏိုက္တက္အသင္းရဲ႕ ခရီးထြက္ခဲ့တဲ့ လူစာရင္းမွာပါ၀င္ခဲ့ျခင္းမရွိခဲ့ပါဘူး။

သူဟာ စေနေန႔က နယူးကာဆယ္အသင္းကို ယူႏိုက္တက္ (၄-၁) နဲ႔ အႏိုင္ရခဲ့တဲ့ လူစာရင္းမွာလည္း အရန္ခံုမွာသာ ပါ၀င္ခဲ့ျပီး ၀င္ေရာက္ကစားခဲ့ျခင္းမရွိဘူး ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းအႏိုင္ရခဲ့ျပီးေနာက ္နည္းျပ ဆိုးလ္ရွားက အဲရစ္ဘာယီဟာ ေနာက္လ ႏိုင္ငံတကာ ပြဲမ်ားမတိုင္ခင္အထိ အသင္းအတြက္ ကစားေပးႏိုင္မွာ မဟုတ္ဘူးလို႔ အတည္ျပဳခဲ့ပါတယ္။

ဒါ့ေၾကာင့္ အဲရစ္ဘာယီဟာ ယူႏိုက္တက္အသင္းရဲ႕ လာမယ့္ပြဲစဥ္ေတြျဖစ္တဲ့ ခ်ဲလ္ဆီး၊ လိုက္ပ္ဇစ္၊ အာဆင္နယ္၊ အစၥတန္ဘူလ္ နဲ႔ အဲဗာတန္အသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ နဲ႔ ခ်န္ပီယံလိဂ္ပြဲမ်ားကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ ဒဏ္ရာေၾကာင့္ အနားယူခဲ့တာ ရက္ေပါင္း ၃၀၀ ေက်ာ္ျပီျဖစ္ျပီး ဒူး၊ ေျခက်င္း၀တ္ ဒဏ္ရာျပႆနာေတြဟာ ယူႏိုက္တက္အသင္းဆီကို ၂၀၁၆ ခုႏွစ္ ဗီလာရီးရဲလ္အသင္းဆီကေန ေရာက္လာကတည္းက ရရွိခဲ့သူပါ။

ပီအက္စ္ဂ်ီအသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရားလည္း လိုက္ပါခဲ့ျခင္းမရွိခဲ့တာျဖစ္လို႔ စေနေန႔ အိုးထရက္ဖိုဒ့္မွာ ခ်ဲလ္ဆီးအသင္းကို ဧည့္ခံကစားမယ့္ပြဲမွာ ျပန္လည္ပါ၀င္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ နည္းျပဆိုးလ္ရွားဟာ ပီအက္စ္ဂ်ီအသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ လုခ္ေရွာ၊ လင္ဒီေလာ့ဖ္ နဲ႔ တြမ္ဇီဘီ ဗဟိုေနာက္ခံလူ (၃) ေယာက္အထိ အသံုးျပဳခဲ့တာျဖစ္ပါတယ္။