ဆီဗီလာအသင်းနဲ့ ပွဲမှာ ခြေစွမ်းပြသခဲ့တဲ့ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ကို ပွဲများများ ကစားစေမယ့် ချဲလ်ဆီးနည်းပြ

ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ မနေ့ညက ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို ဒီရာသီမှာ ပွဲများများ ကစားစေရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းနဲ့ ပွဲမှာ နောက်တန်းကစားပုံကြောင့် ချေပဂိုး (၃) ဂိုးအထိ ပြန်လည်ပေးခဲ့ရတဲ့ ချဲလ်ဆီးအသင်းဟာ အင်္ဂါနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ သီယာဂိုဆေးလ်ဗားကို ထည့်သွင်းကစားစေခဲ့ပြီး ဂိုးမရှိသရေရလဒ်ကို စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သီယာဂိုဆေးလ်ဗားဟာ အသက် ၃၆ နှစ်အရွယ် ရှိပြီဖြစ်လို့ လမ်းပတ်ကတော့ သူ့ကို ပွဲတိုင်းကစားစေမှာ မဟုတ်ပဲ စီမံခန့်ခွဲရဖို့ လိုအပ်တယ်လို့ သိထားပါတယ်။ ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ အသင်းမှာ ဘရာဇီးကစားသမား မပါဝင်ပါက ကွာခြားချက် ကြီးမားတာကို သတိပြုမိခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ သူအရမ်းကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပွဲမတိုင်ခင် ကျွန်တော် အရည်အချင်းနဲ့ အတွေ့အကြုံအကြောင်းပြောခဲ့ပြီး သူဟာ အဲ့ဒီ (၂) ခုစလုံးကို မနေ့ညက ပြသနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂိုးမရှိသရေကျတာက သူ့ကြောင့်လည်း ပါပါတယ်။ တစ်ရာသီစလုံးအတွက် သူ့ကို သေချာကိုင်တွယ်ရပါမယ်။ သူ့ရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း သတိပြုထိန်းသိမ်းရပါမယ်။ ကျွန်တော်တို့ သူ့ကို ပွဲများများ ကစားစေချင်နေပါတယ်” လို့ လမ်းပတ်က ပြောသွားခဲ့ပါတယ်။

ဆီဗီလာအသင္းနဲ႔ ပြဲမွာ ေျခစြမ္းျပသခဲ့တဲ့ ၀ါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ကို ပြဲမ်ားမ်ား ကစားေစမယ့္ ခ်ဲလ္ဆီးနည္းျပ

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ မေန႔ညက ဆီဗီလာအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ၀ါရင့္ေနာက္ခံလူ သီယာဂိုေဆးလ္ဗားကို ဒီရာသီမွာ ပြဲမ်ားမ်ား ကစားေစရန္ ဆံုးျဖတ္ခဲ့ပါတယ္။ ေဆာက္သမ္တန္အသင္းနဲ႔ ပြဲမွာ ေနာက္တန္းကစားပံုေၾကာင့္ ေခ်ပဂိုး (၃) ဂိုးအထိ ျပန္လည္ေပးခဲ့ရတဲ့ ခ်ဲလ္ဆီးအသင္းဟာ အဂၤါေန႔က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ သီယာဂိုေဆးလ္ဗားကို ထည့္သြင္းကစားေစခဲ့ျပီး ဂိုးမရွိသေရရလဒ္ကို စြမ္းေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

သီယာဂိုေဆးလ္ဗားဟာ အသက္ ၃၆ ႏွစ္အရြယ္ ရွိျပီျဖစ္လို႔ လမ္းပတ္ကေတာ့ သူ႔ကို ပြဲတိုင္းကစားေစမွာ မဟုတ္ပဲ စီမံခန္႔ခြဲရဖို႔ လိုအပ္တယ္လို႔ သိထားပါတယ္။ ခ်ဲလ္ဆီးနညး္ျပ လမး္ပတ္ဟာ အသင္းမွာ ဘရာဇီးကစားသမား မပါ၀င္ပါက ကြာျခားခ်က္ ၾကီးမားတာကို သတိျပဳမိခဲ့တာျဖစ္ပါတယ္။

“ဒီေန႔ သူအရမ္းေကာင္းတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ပြဲမတိုင္ခင္ ကၽြန္ေတာ္ အရည္အခ်င္းနဲ႔ အေတြ႕အၾကံဳအေၾကာင္းေျပာခဲ့ျပီး သူဟာ အဲ့ဒီ (၂) ခုစလံုးကို မေန႔ညက ျပသႏိုင္ခဲ့တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဂိုးမရွိသေရက်တာက သူ႔ေၾကာင့္လည္း ပါပါတယ္။ တစ္ရာသီစလံုးအတြက္ သူ႔ကို ေသခ်ာကိုင္တြယ္ရပါမယ္။ သူ႔ရဲ႕ ေလ့က်င့္ေရးအစီအစဥ္ေတြကိုလည္း သတိျပဳထိန္းသိမ္းရပါမယ္။ ကၽြန္ေတာ္တို႔ သူ႔ကို ပြဲမ်ားမ်ား ကစားေစခ်င္ေနပါတယ္” လို႔ လမ္းပတ္က ေျပာသြားခဲ့ပါတယ္။