မန်ဒီက ချဲလ်ဆီးအသင်းရဲ့ နံပါတ် (၁) ဂိုးသမား ဖြစ်တယ်လို့ အတည်ပြုလိုက်တဲ့ နည်းပြလမ်းပတ်

လမ်းပတ်က မန်ဒီက ချဲလ်ဆီးအသင်းရဲ့ နံပါတ် (၁) ဂိုးသမား အစောကြီးကတည်းက ဖြစ်တယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပြောင်းအရွှေ့က ရန်းနက်စ်အသင်းကနေ ပေါင် ၂၂ သန်း နဲ့ ခေါ်ယူထားတဲ့ မန်ဒီက အမှားတွေ များစွာ ကျူးလွန်ခဲ့တဲ့ ကီပါနေရာကို အစားထိုးဝင်ရောက်လာပြီးနောက်ပိုင်း အသင်းအတွက် လက်စွမ်းပြ ကစားနေသူဖြစ်ပါတယ်။ မနေ့ညကလည်း ဆီဗီလာ အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ မန်ဒီဟာ ဂိုးမပေးရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

မန်ဒီက လက်ရှိ ပထမဦးစားပေးရွေးချယ်မှုလားလို့ မေးမြန်းခဲ့ရာ လမ်းပတ်က “အခုလက်ရှိမှာတော့ ဟုတ်ပါတယ်။ သူက သူ့အရည်အချင်းပြထားပါတယ်။ သူကစားခဲ့တဲ့ ပုံ က အရမ်းကောင်းပါတယ်။ ဂိုးမပေးရအောင် (၂) ပွဲကစားပေးထားပါတယ်။ အခုတော့ သူဟာ ပထမဦးစားပေးဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် ပျော်ရွှင်မိပါတယ်။

ဆီဗီလာအသင်းက ဥရောပက ထိပ်တန်းအသင်းတစ်သင်းဆိုတာ သံသယမရှိပါဘူး။ ကျွန်တော်တို့ ကောင်းတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ခဲ့ပါတယ်။ ဒီရလဒ်က ကောင်းတဲ့ ရလဒ်လို့ ထင်ပါတယ်။ ဂိုးမပေးရတာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ ရလဒ်ဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

မန္ဒီက ခ်ဲလ္ဆီးအသင္းရဲ႕ နံပါတ္ (၁) ဂိုးသမား ျဖစ္တယ္လို႔ အတည္ျပဳလိုက္တဲ့ နည္းျပလမ္းပတ္

လမ္းပတ္က မန္ဒီက ခ်ဲလ္ဆီးအသင္းရဲ႕ နံပါတ္ (၁) ဂိုးသမား အေစာၾကီးကတည္းက ျဖစ္တယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ ျပီးခဲ့တဲ့အေျပာင္းအေရႊ႕က ရန္းနက္စ္အသင္းကေန ေပါင္ ၂၂ သန္း နဲ႔ ေခၚယူထားတဲ့ မန္ဒီက အမွားေတြ မ်ားစြာ က်ဴးလြန္ခဲ့တဲ့ ကီပါေနရာကို အစားထိုး၀င္ေရာက္လာျပီးေနာက္ပိုင္း အသင္းအတြက္ လက္စြမ္းျပ ကစားေနသူျဖစ္ပါတယ္။ မေန႔ညကလည္း ဆီဗီလာ အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ မန္ဒီဟာ ဂိုးမေပးရေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။

မန္ဒီက လက္ရွိ ပထမဦးစားေပးေရြးခ်ယ္မႈလားလို႔ ေမးျမန္းခဲ့ရာ လမ္းပတ္က “အခုလက္ရွိမွာေတာ့ ဟုတ္ပါတယ္။ သူက သူ႔အရည္အခ်င္းျပထားပါတယ္။ သူကစားခဲ့တဲ့ ပံု က အရမ္းေကာင္းပါတယ္။ ဂိုးမေပးရေအာင္ (၂) ပြဲကစားေပးထားပါတယ္။ အခုေတာ့ သူဟာ ပထမဦးစားေပးျဖစ္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အေျပာင္းအလဲ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ သူ႔ရ႕ဲ စြမ္းေဆာင္ရည္ကို ကၽြန္ေတာ္ ေပ်ာ္ရႊင္မိပါတယ္။

ဆီဗီလာအသင္းက ဥေရာပက ထိပ္တန္းအသင္းတစ္သင္းဆိုတာ သံသယမရွိပါဘူး။ ကၽြန္ေတာ္တို႔ ေကာင္းတဲ့ ဆံုးျဖတ္ခ်က္ေတြ လုပ္ခဲ့ပါတယ္။ ဒီရလဒ္က ေကာင္းတဲ့ ရလဒ္လုိ႔ ထင္ပါတယ္။ ဂိုးမေပးရတာက ကၽြန္ေတာ္တို႔အတြက္ ၾကီးမားတဲ့ ရလဒ္ျဖစ္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။