ဟန်ဒါဆန်ကို ယူနိုက်တက်ခေါ်ယူထားတာက ဒီဂီယာကို တွန်းအားပေးရန်အတွက် ဖြစ်တယ်လို့ ကစားသမားဟောင်း ဖလက်ချာ ပြောဆို

  ယူနိုက်တက်ကွင်းလယ်လူဟောင်း ဖလက်ချာက မနေ့ညက ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသမားဒီဂီယာကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ပုံမှန်လက်စွမ်းပျောက်ဆုံးနေပြီး ဝေဖန်မှုတွေ ခံနေရတဲ့ ဒီဂီယာအတွက် ယူနိုက်တက်အသင်းဟာ ဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူခဲ့ပြီး တွန်းအားတွေ ပေးနိုင်ခဲ့လို့ ပဲရစ်မှာ ကစားခဲ့တဲ့ ပွဲမှာ လက်စွမ်းပြ ကစားခဲ့သူ ဖြစ်ပါတယ်။


နောက်ကျမိနစ်မှာ ရပ်ရှ်ဖိုဒ့်က ဂိုးသွင်းခဲ့ပေမယ့် ဖလက်ချာကတော့ စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာကိုပဲ အထူးချီးကျူးသွားခဲ့ပါတယ်။


“လူတွေက ဘာကြောင့် ဟန်ဒါဆန်ကို ယူနိုက်တက် ခေါ်ယူခဲ့တာလဲလို့ အံ့အားသင့်နေမှာပါ။ အဲ့ဒါက ဒီဂီယာကို တွန်းအားပေးဖို့ပါ။ ရိုမဲရိုးက အစောကြီးကတည်းက အသင်းရဲ့ နံပါတ် (၂) ဂိုးသမားအဖြစ် ပျော်နေသူပါ။ ဒီဂီယာရဲ့ ဒီည စွမ်းဆောင်ရည်က အရမ်းကို မိုက်ပါတယ်။ ဟန်ဒါဆန်ကလည်း ခြိမ်းခြောက်နိုင်ပေမယ့် သင်ယူစရာတွေ အများကြီး ကျန်ပါသေးတယ်” လို့ ဖလက်ချာက BT Sport သတင်းဌာနကို ပွဲအပြီးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

ဟန္ဒါဆန္ကို ယူႏိုက္တက္ေခၚယူထားတာက ဒီဂီယာကို တြန္းအားေပးရန္အတြက္ ျဖစ္တယ္လို႔ ကစားသမားေဟာင္း ဖလက္ခ်ာ ေျပာဆို

ယူႏိုက္တက္ကြင္းလယ္လူေဟာင္း ဖလက္ခ်ာက မေန႔ညက ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဂ်ီအသင္းကို အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးသမားဒီဂီယာကို ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။ ျပီးခဲ့တဲ့ႏွစ္ေတြမွာ ပံုမွန္လက္စြမ္းေပ်ာက္ဆံုးေနျပီး ေ၀ဖန္မႈေတြ ခံေနရတဲ့ ဒီဂီယာအတြက္ ယူႏိုက္တက္အသင္းဟာ ဟန္ဒါဆန္ကို ျပန္လည္ေခၚယူခဲ့ျပီး တြန္းအားေတြ ေပးႏိုင္ခဲ့လို႔ ပဲရစ္မွာ ကစားခဲ့တဲ့ ပြဲမွာ လက္စြမ္းျပ ကစားခဲ့သူ ျဖစ္ပါတယ္။

ေနာက္က်မိနစ္မွာ ရပ္ရွ္ဖိုဒ့္က ဂိုးသြင္းခဲ့ေပမယ့္ ဖလက္ခ်ာကေတာ့ စပိန္လက္ေရြးစင္ဂိုးသမား ဒီဂီယာကိုပဲ အထူးခ်ီးက်ဴးသြားခဲ့ပါတယ္။

“လူေတြက ဘာေၾကာင့္ ဟန္ဒါဆန္ကို ယူႏိုက္တက္ ေခၚယူခဲ့တာလဲလို႔ အ့ံအားသင့္ေနမွာပါ။ အဲ့ဒါက ဒီဂီယာကို တြန္းအားေပးဖို႔ပါ။ ရိုမဲရိုးက အေစာၾကီးကတည္းက အသင္းရဲ႕ နံပါတ္ (၂) ဂိုးသမားအျဖစ္ ေပ်ာ္ေနသူပါ။ ဒီဂီယာရဲ႕ ဒီည စြမ္းေဆာင္ရည္က အရမး္ကို မိုက္ပါတယ္။ ဟန္ဒါဆန္ကလည္း ျခိမ္းေျခာက္ႏိုင္ေပမယ့္ သင္ယူစရာေတြ အမ်ားၾကီး က်န္ပါေသးတယ္” လို႔ ဖလက္ခ်ာက BT Sport သတင္းဌာနကို ပြဲအျပီးမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။