အံ့အားသင့်ဖွယ်အဖြစ် ချဲလ်ဆီးအသင်းကို စတုတ္ထဂိုးသမားအဖြစ် ပြန်လည်ရောက်ရှိလာတဲ့ ဂိုးသမား ပီတာချက်


ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့မှာ လက်စွမ်းကျဆင်းနေတဲ့ ဂိုးသမားကီပါရဲ့နေရာအတွက် ရန်းနက်စ်က မန်ဒီကို ခေါ်ယူခဲ့ပေမယ့် နိုင်ငံအသင်းအတွက် ကစားပေးရင်း မန်ဒီပါ ဒဏ်ရာရရှိခဲ့တာကြောင့် ဂိုးသမားအခက်အခဲနဲ့ ရင်ဆိုင်နေ ရတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းမှာ ကီပါအပြင် ကာဆယ်လီရို ရှိနေပေမယ့် အသက်ကြီးတဲ့ လက်စွမ်းမတည်ငြိမ် တာကြောင့် အသစ်ရောက်လာတဲ့ မန်ဒီ တစ်ယောက်တည်းကိုပဲ အားကိုးနေရတဲ့ အခြေအနေဖြစ်ပါတယ်။


နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ချဲလ်ဆီးဟာ ဂိုးသမားအခက်အခဲနေရာအတွက် အသင်းမှာဂိုးနည်းပြ နဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် လုပ်ဆောင်နေပြီး အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ပီတာချက်ဟာ အသင်းရဲ့ စတုတ္ထဂိုးသမားအဖြစ် ပရီးမီးယားလိဂ်ကစားမယ့် ၂၅ ယောက်စာရင်းမှာ ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ ပီတာချက်ဟာ ချဲလ်ဆီးမှာ ၁၁ နှစ် ကြာကစားခဲ့သူ ဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေက အသင်းရဲ့ဝက်ဘ်ဆိုဒ်ကတဆင့် “ ဂိုးသမားနေရာအခက်အခဲအတွက် ပီတာချက်ကို အရေးပေါ်ခေါ်ယူခဲ့ပါတယ်။ ကိုဗစ်ကြောင့် အသင်းမှာ အခက်အခဲအများကြီးရှိခဲ့ပြီး ပီတာချက်ရဲ့ အတွေ့အကြုံက အသင်း ကို အများကြီး အထောက်အကူပြုနိုင်မှာပါ” လို့ပြောခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြ လမ်းပတ်ကလည်း ပီတာချက်က လေ့ကျင့် မှု မပြတ်တဲ့သူတစ်ဦးလို့ ချီးကျူးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

zawgyi version

အံ့အားသင့္ဖြယ္အျဖစ္ ခ်ဲလ္ဆီးအသင္းကို စတုတၳဂိုးသမားအျဖစ္ ျပန္လည္ေရာက္ရွိလာတဲ့ ဂိုးသမား ပီတာခ်က္
ခ်ဲလ္ဆီးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ လက္စြမ္းက်ဆင္းေနတဲ့ ဂိုးသမားကီပါရဲ႕ေနရာအတြက္ ရန္းနက္စ္က မန္ဒီကို ေခၚယူခဲ့ေပမယ့့္ ႏိုင္ငံအသင္းအတြက္ ကစားေပးရင္း မန္ဒီပါ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ဂိုးသမားအခက္အခဲနဲ႔ ရင္ဆိုင္ေန ရတယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းမွာ ကီပါအျပင္ ကာဆယ္လီရို ရွိေနေပမယ့္ အသက္ၾကီးတဲ့ လက္စြမ္းမတည္ျငိမ္ တာေၾကာင့္ အသစ္ေရာက္လာတဲ့ မန္ဒီ တစ္ေယာက္တည္းကိုပဲ အားကိုးေနရတဲ့ အေျခအေနျဖစ္ပါတယ္။
ေနာက္ဆံုးထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ ခ်ဲလ္ဆီးဟာ ဂိုးသမားအခက္အခဲေနရာအတြက္ အသင္းမွာဂိုးနည္းျပ နဲ႔ နည္းစနစ္ဒါရိုက္တာအျဖစ္ လုပ္ေဆာင္ေနၿပီး အသက္ ၃၈ ႏွစ္ရွိၿပီျဖစ္တဲ့ ပီတာခ်က္ဟာ အသင္းရဲ႕ စတုတၳဂိုးသမားအျဖစ္ ပရီးမီးယားလိဂ္ကစားမယ့္ ၂၅ ေယာက္စာရင္းမွာ ထည့္သြင္းခဲ့တယ္လို႔ သိရပါတယ္။ ပီတာခ်က္ဟာ ခ်ဲလ္ဆီးမွာ ၁၁ ႏွစ္ ၾကာကစားခဲ့သူ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြက အသင္းရဲ႕ဝက္ဘ္ဆိုဒ္ကတဆင့္ “ ဂိုးသမားေနရာအခက္အခဲအတြက္ ပီတာခ်က္ကို အေရးေပၚေခၚယူခဲ့ပါတယ္။ ကိုဗစ္ေၾကာင့္ အသင္းမွာ အခက္အခဲအမ်ားၾကီးရွိခဲ့ၿပီး ပီတာခ်က္ရဲ႕ အေတြ႕အၾကံဳက အသင္း ကို အမ်ားၾကီး အေထာက္အကူျပဳႏိုင္မွာပါ” လို႔ေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ကလည္း ပီတာခ်က္က ေလ့က်င့္ မႈ မျပတ္တဲ့သူတစ္ဦးလို႔ ခ်ီးက်ဴးမႈ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။