အိုဇေးလ်ကို ပရီးမီးယားလိဂ် လူစာရင်းကနေပါ ချန်လှပ်ထားလိုက်ပြီဖြစ်တဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ အိုဇေးလ်ကို အသင်းရဲ့ ပရီးမီးယားလိဂ် ကစားမယ့် လူစာရင်းကနေ ဒီနေ့မှာပဲ ချန်လှပ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်အသင်းများဟာ ဒီနေ့မှာပဲ အသင်းရဲ့ လူစာရင်းကို အတည်ပြုရတာဖြစ်ပြီး အင်္ဂလန်ကမဟုတ်တဲ့ ကစားသမား (၁၇) ယောက်ကိုပဲ ကန့်သတ်ထားတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာအသက် ၁၉ ယောက်အထိ ရှိနေတာဖြစ်လို့ အသင်းက (၂) ယောက်ကို ဖယ်ထုတ်ရမှာဖြစ်လို့ အိုဇေးလ်နဲ့ အတူ ဗဟိုနောက်ခံလူ ဆိုခရာ့တစ်ကို နည်းပြ အာတီတာက ဖယ်ထုတ်လိုက်တာပါ။ အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ တစ်ပတ် ပေါင် ၃ သိန်း ခွဲနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်နေပြီး သူဟာ မတ်လကတည်းက အသင်းအတွက် ကစားပေးခဲ့ရခြင်းမရှိသေးပါဘူး။

အာဆင်နယ်အသင်းကလည်း ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက အသက် ၃၂ နှစ်အရွယ်ကစားသမားကို ရောင်းချလိုပေမယ့် သူ့ရဲ့ လစာနှုန်းထားကြောင့် ရောင်းချရန် အခက်အခဲ ဖြစ်ခဲ့ပါတယ်။ အိုဇေးလ် နဲ့ ဆိုခရာ့တစ်တို့ဟာ အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ် လူစာရင်းကနေလည်း ဒီလအစောပိုင်းတုန်းကပဲ ချန်ထားခြင်းခံခဲ့ရပါတယ်။

အိုေဇးလ္ကို ပရီးမီးယားလိဂ္ လူစာရင္းကေနပါ ခ်န္လွပ္ထားလိုက္ျပီျဖစ္တဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ အိုေဇးလ္ကို အသင္းရဲ႕ ပရီးမီးယားလိဂ္ ကစားမယ့္ လူစာရင္းကေန ဒီေန႔မွာပဲ ခ်န္လွပ္ထားလိုက္ျပီျဖစ္တယ္လို႔ သိရပါတယ္။ ပရီးမီးယားလိဂ္အသင္းမ်ားဟာ ဒီေန႔မွာပဲ အသင္းရဲ႕ လူစာရင္းကို အတည္ျပဳရတာျဖစ္ျပီး အဂၤလန္ကမဟုတ္တဲ့ ကစားသမား (၁၇) ေယာက္ကိုပဲ ကန္႔သတ္ထားတာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းမွာအသက္ ၁၉ ေယာက္အထိ ရွိေနတာျဖစ္လို႔ အသင္းက (၂) ေယာက္ကို ဖယ္ထုတ္ရမွာျဖစ္လို႔ အိုေဇးလ္နဲ႔ အတူ ဗဟိုေနာက္ခံလူ ဆိုခရာ့တစ္ကို နည္းျပ အာတီတာက ဖယ္ထုတ္လိုက္တာပါ။ အိုေဇးလ္ဟာ အာဆင္နယ္အသင္းမွာ တစ္ပတ္ ေပါင္ ၃ သိန္း ခြဲနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးႏွစ္ကို ေရာက္ေနျပီး သူဟာ မတ္လကတည္းက အသင္းအတြက္ ကစားေပးခဲ့ရျခင္းမရွိေသးပါဘူး။

အာဆင္နယ္အသင္းကလည္း ျပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက အသက္ ၃၂ ႏွစ္အရြယ္ကစားသမားကို ေရာင္းခ်လိုေပမယ့္ သူ႔ရဲ႕ လစာႏႈန္းထားေၾကာင့္ ေရာင္းခ်ရန္ အခက္အခဲ ျဖစ္ခဲ့ပါတယ္။ အိုေဇးလ္ နဲ႔ ဆိုခရာ႔တစ္တို႔ဟာ အာဆင္နယ္အသင္းရဲ႕ ယူရိုပါလိဂ္ လူစာရင္းကေနလည္း ဒီလအေစာပိုင္းတုန္းကပဲ ခ်န္ထားျခင္းခံခဲ့ရပါတယ္။