ရပ်ရှ်ဖိုဒ့်က အင်္ဂလန်က အန္တရယ်အရှိဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ဆိုလိုက်တဲ့ အမ်ဘာပေ

ပီအက်စ်ဂျီ နဲ့ ယူနိုက်တက်ကစားမယ့်ပွဲမတိုင်မီ ရပ်ရှ်ဖိုဒ့်က အင်္ဂလန်က အန္တရယ်အရှိဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တယ်လို့ အမ်ဘာပေက ပြောသွားခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားရဲ့အသင်းဟာ ချန်ပီယံလိဂ် အုပ်စု (H) ဖွင့်ပွဲအဖြစ် ပီအက်စ်ဂျီအသင်းနဲ့ အင်္ဂါနေ့မှာ ကစားရမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့် အမ်ဘာပေကတော့ ရပ်ရှ်ဖိုဒ့်ရဲ့ ကွင်းအတွင်း ကွင်းအပြင် လုပ်ဆောင်မှုတွေကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

အမ်ဘာပေက “သူဟာ အင်္ဂလန်က အန္တရယ်အရှိဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

သူဘယ်လောက်ကောင်းသလဲဆိုတော့ ပေါ့ဘာက ကျွန်တော့်ကို ပြောပြဖူးပါတယ်။ ပေါ့ဘာက အဲ့ဒီလို မျိုး အခြားကစားသမားအကြောင်း ပြောတတ်သူမဟုတ်ပါဘူး”လို့ The Sun သတင်းဌာနကို ပြောခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးအကြိမ် ပီအက်စ်ဂျီ နဲ့ ယူနိုက်တက်ကစားခဲ့တဲ့က ရပ်ရှ်ဖိုဒ့်ရဲ့ အငြင်းပွားဖွယ် ပင်နယ်တီ ဂိုးနဲ့ ယူနိုက်တက်အသင်းနောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။





