ဇန်နဝါရီလကတည်းက အသင်းမှာ မကစားရတော့တဲ့ ဖီးလ်ဂျုံးစ်အတွက် ပေါင်သန်း ၂၀ လိုချင်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ အသင်းမှာ မလိုချင်တဲ့ နောက်ခံလူ ဖီးလ်ဂျုံးစ်ကို အသင်းကနေ ထွက်ခွာရန် ကြန့်ကြာနေစေပြီး ပေါင်သန်း ၂၀ လိုချင်နေတယ်လို့ သိရပါတယ်။ ဘလက်ဘန်းဗဟိုနောက်ခံလူဟာ ၂၀၁၁ ခုနှစ်က နည်းပြ ဖာဂူဆန်ရဲ့ အသင်းဆီကို မျှော်လင့်ချက်ကြီးမားစွာနဲ့ ရောက်ရှိလာခဲ့ပေမယ့် သူ့ရဲ့ ကစားသမားဘဝဟာ အခုအချိန်မှာ ပွဲထွက်လူစာရင်းကနေ အဝေးကို ရောက်လို့နေပြီဖြစ်ပါတယ်။

ဖီးလ်ဂျုံးစ်ဟာ ပြီးခဲ့တဲ့နွေရာသီက ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်သော်လည်း ဇန်နဝါရီလကတည်းက အသင်းမှာ ကစားခွင့်မရခဲ့ပဲ The Sun သတင်းဌာနက ဖော်ပြချက်အရ ယူနိုက်တက်က ပေါင်သန်း ၂၀ လိုချင်နေတယ်လို့ သိရပါတယ်။ ဖီးလ်ဂျုံးစ်ဟာ ပြီးခဲ့တဲ့ရာသီတွေကလည်း ကြံ့ခိုင်မှု ပြည့်ဝရန် ရုန်းကန်ခဲ့ရပြီး မနှစ်က (၈) ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။သူ့ရဲ့ စာချုပ်ကလည်း မနှစ်ကမှ သက်တမ်းတိုးခဲ့ပြီး တစ်နှစ် ပေါင် ၁ သိန်း ရရှိနေသူ ဖြစ်ပါတယ်။

အိုးထရက်ဖိုဒ့်မှာ စာချုပ်သက်တမ်း (၃) နှစ်ကျန်နေသေးတာက သူ့ရဲ့ ဘဏ္ဍာရေးပိုင်းဆိုင်းရာအရ အခြေအနေကေင်းသော်လည်း ဇန်နဝါရီမှာ ထွက်ခွာချင်နေတာဖြစ်ပြီး သူ့ကို ခေါ်ယူလိုပါက ပေါင်သန်း ၂၀ ပေးရမှာပါ။ ယူနိုက်တက်အသင်းဟာ စမောလင်းကို ရိုးမားအသင်းဆီကို ရောင်းချခဲ့ရမှာလည်း ခက်ခက်ခဲခဲညှိနှိုင်းခဲ့ရပါသေးတယ်။ ရိုးမားအသင်းဆီကို ပြောင်းရွှေ့ခဲ့ရာမှာ အပြောင်းအရွှေ့ နောက်ဆုံးရက် နောက်ဆုံးမိနစ်ရောက်တဲ့အထိ ညှိနှိုင်းခဲ့ရတာဖြစ်ပါတယ်။

မက်ဂွဲရား၊ လင်ဒီလော့ဖ် နဲ့ ဘာယီတို့က အသင်းမှာ ပထမဦးစားပေးဗဟိုနောက်ခံလူတွေဖြစ်တဲ့အတွက် ဖီးလ်ဂျုံးစ်ဟာ အသင်းမှာ အပိုဖြစ်နေပါတယ်။ ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းမှာလည်း ချန်လှပ်ထားခြင်းခံခဲ့ရပြီး ပီအက်စ်ဂျီအသင်းနဲ့ ပွဲကိုလည်း အိမ်ကနေပဲ ကြည့်ရတော့မှာပါ။

ဇန္နဝါရီလကတည္းက အသင္းမွာ မကစားရေတာ့တဲ့ ဖီးလ္ဂ်ဳံးစ္အတြက္ ေပါင္သန္း ၂၀ လိုခ်င္ေနတဲ့ ယူႏိုက္တက္

ယူႏိုက္တက္အသင္းဟာ အသင္းမွာ မလိုခ်င္တဲ့ ေနာက္ခံလူ ဖီးလ္ဂ်ံဳးစ္ကို အသင္းကေန ထြက္ခြာရန္ ၾကန္႔ၾကာေနေစျပီး ေပါင္သန္း ၂၀ လုိခ်င္ေနတယ္လို႔ သိရပါတယ္။ ဘလက္ဘန္းဗဟိုေနာက္ခံလူဟာ ၂၀၁၁ ခုႏွစ္က နည္းျပ ဖာဂူဆန္ရဲ႕ အသင္းဆီကို ေမွ်ာ္လင့္ခ်က္ၾကီးမားစြာနဲ႔ ေရာက္ရွိလာခဲ့ေပမယ့္ သူ႔ရဲ႕ ကစားသမားဘ၀ဟာ အခုအခ်ိန္မွာ ပြဲထြက္လူစာရင္းကေန အေ၀းကို ေရာက္လုိ႔ေနျပီျဖစ္ပါတယ္။

ဖီးလ္ဂ်ံဳးစ္ဟာ ျပီးခဲ့တဲ့ေႏြရာသီက ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးခဲ့တာျဖစ္ေသာ္လည္း ဇန္န၀ါရီလကတည္းက အသင္းမွာ ကစားခြင့္မရခဲ့ပဲ The Sun သတင္းဌာနက ေဖာ္ျပခ်က္အရ ယူႏိုက္တက္က ေပါင္သန္း ၂၀ လိုခ်င္ေနတယ္လို႔ သိရပါတယ္။ ဖီးလ္ဂ်ံဳးစ္ဟာ ျပီးခဲ့တဲ့ရာသီေတြကလည္း ၾကံ့ခိုင္မႈ ျပည့္၀ရန္ ရုန္းကန္ခဲ့ရျပီး မႏွစ္က (၈) ပြဲသာ ကစားခြင့္ရခဲ့ပါတယ္။သူ႔ရဲ႕ စာခ်ဳပ္ကလည္း မႏွစ္ကမွ သက္တမ္းတိုးခဲ့ျပီး တစ္ႏွစ္ ေပါင္ ၁ သိန္း ရရွိေနသူ ျဖစ္ပါတယ္။

အိုးထရက္ဖို္ဒ့္မွာ စာခ်ဳပ္သက္တမ္း (၃) ႏွစ္က်န္ေနေသးတာက သူ႔ရဲ႕ ဘ႑ာေရးပိုင္းဆိုင္းရာအရ အေျခအေနေကင္းေသာ္လည္း ဇန္န၀ါရီမွာ ထြက္ခြာခ်င္ေနတာျဖစ္ျပီး သူ႔ကို ေခၚယူလိုပါက ေပါင္သန္း ၂၀ ေပးရမွာပါ။ ယူႏိုက္တက္အသင္းဟာ စေမာလင္းကို ရုိးမားအသင္းဆီကို ေရာင္းခ်ခဲ့ရမွာလည္း ခက္ခက္ခဲခဲညိွႏိႈင္းခဲ့ရပါေသးတယ္။ ရိုးမားအသင္းဆီကို ေျပာင္းေရႊ႕ခဲ့ရာမွာ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္ ေနာက္ဆံုးမိနစ္ေရာက္တဲ့အထိ ညိွႏိႈင္းခဲ့ရတာျဖစ္ပါတယ္။

မက္ဂြဲရား၊ လင္ဒီေလာ့ဖ္  နဲ႔  ဘာယီတို႔က အသင္းမွာ ပထမဦးစားေပးဗဟိုေနာက္ခံလူေတြျဖစ္တဲ့အတြက္ ဖီးလ္ဂ်ံဳးစ္ဟာ အသင္းမွာ အပိုျဖစ္ေနပါတယ္။ ဖီးလ္ဂ်ံဳးစ္ဟာ ယူႏိုက္တက္အသင္းရဲ႕ ခ်န္ပီယံလိဂ္လူစာရင္းမွာလည္း ခ်န္လွပ္ထားျခင္းခံခဲ့ရျပီး ပီအက္စ္ဂ်ီအသင္းနဲ႔ ပြဲကိုလည္း အိမ္ကေနပဲ ၾကည့္ရေတာ့မွာပါ။