လက်စွမ်းကျဆင်းမှုကြောင်း ဦးစားပေးကနေ တတိယအရန်ဂိုးသမားဖြစ်သင့်တယ်လို့ ပြောခံခဲ့ရတဲ့ ချဲလ်ဆီးဂိုးသမား ကီပါ


ပြီးခဲ့တဲ့ရာသီက သိသာစွာလက်စွမ်းကျဆင်းခဲ့တာကြောင့် ဝေဖန်ခံနေရသလို ဒီရာသီမှာလည်း လက်စွမ်းမပြနိုင်တာ ကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီးဂိုးသမား ကီပါဟာ နည်းပြလမ်းပတ်ရဲ့ ငြိုငြင်ခြင်းကို ခံနေရသူလည်းဖြစ်ပါ တယ်။ အစောပိုင်းမှာ သူကိုရောင်းချဖို့အတွက် အသင်းက စီစဉ်ခဲ့ပေမယ့် ဂိုးသမားသစ်ခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲ့တာ ကြောင့် ကီပါအနေနဲ့ ချဲလ်ဆီးမှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။


နွေရာသီအပြောင်းအရွှေ့ပိတ်ခါနီးမှာ ရန်းနက်စ်ဂိုးသမား မန်ဒီကို ချဲလ်ဆီးအသင်းအနေနဲ့ အရခေါ်ယူနိုင်ခဲ့ပြီးချိန်မှာ ကီပါ အနေနဲ့ အရန်ဂိုးသမားဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဆီနီဂေါအသင်းအတွက် ကစားပေးရင်း မန်ဒီ ဒဏ်ရာရသွားခဲ့တာ ကြောင့် ကီပါက ပွဲထွက်ခွင့်ပြန်ရခဲ့ပေမယ့် ဆောက်သမ်တန်နဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ကီပါအနေနဲ့ အမှားတွေထပ်မံ ကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးတိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ကက်ကာရီနိုကတော့ လက်စွမ်းကျဆင်းနေတဲ့ ကီပါအနေနဲ့ အသင်းရဲ့ဂိုးသမား သုံးယောက်မှာ လက်စွမ်းအဆိုးရွားဆုံးဖြစ်နေတာကြောင့် လက်ရှိဦးစားပေးဂိုးသမားနေရာကနေ တတိယဂိုးသမားအဖြစ်ပဲ ကစားခွင့်ရသင့်တယ်လို့ ပြောခဲ့ပါတယ်။ ချဲလ်ဆီးမှာ ကီပါ ၊ မန်ဒီတို့အပြင် အတွေ့အကြုံများပေမယ့် အသက်ကြီးနေတဲ့ ကာဘယ်လီရိုလည်း ရှိနေတာဖြစ်ပါတယ်။

zawgyi version

လက္စြမ္းက်ဆင္းမႈေၾကာင္း ဦးစားေပးကေန တတိယအရန္ဂိုးသမားျဖစ္သင့္တယ္လို႔ ေျပာခံခဲ့ရတဲ့ ခ်ဲလ္ဆီးဂိုးသမား ကီပါ
ၿပီးခဲ့တဲ့ရာသီက သိသာစြာလက္စြမ္းက်ဆင္းခဲ့တာေၾကာင့္ ေဝဖန္ခံေနရသလို ဒီရာသီမွာလည္း လက္စြမ္းမျပႏိုင္တာ ေၾကာင့္ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ခ်ဲလ္ဆီးဂိုးသမား ကီပါဟာ နည္းျပလမ္းပတ္ရဲ႕ ျငိဳျငင္ျခင္းကို ခံေနရသူလည္းျဖစ္ပါ တယ္။ အေစာပိုင္းမွာ သူကိုေရာင္းခ်ဖို႔အတြက္ အသင္းက စီစဥ္ခဲ့ေပမယ့္ ဂိုးသမားသစ္ေခၚယူဖို႔ အဆင္မေျပျဖစ္ခဲ့တာ ေၾကာင့္ ကီပါအေနနဲ႔ ခ်ဲလ္ဆီးမွာ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။
ေႏြရာသီအေျပာင္းအေရႊ႕ပိတ္ခါနီးမွာ ရန္းနက္စ္ဂိုးသမား မန္ဒီကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ အရေခၚယူႏိုင္ခဲ့ၿပီးခ်ိန္မွာ ကီပါ အေနနဲ႔ အရန္ဂိုးသမားျဖစ္သြားခဲ့ပါတယ္။ ဒါေပမယ့္ ဆီနီေဂါအသင္းအတြက္ ကစားေပးရင္း မန္ဒီ ဒဏ္ရာရသြားခဲ့တာ ေၾကာင့္ ကီပါက ပြဲထြက္ခြင့္ျပန္ရခဲ့ေပမယ့္ ေဆာက္သမ္တန္နဲ႔ သံုးဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ကီပါအေနနဲ႔ အမွားေတြထပ္မံ က်ဴးလြန္ခဲ့တာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးတုိက္စစ္မွဴးေဟာင္း တစ္ဦးျဖစ္တဲ့ ကက္ကာရီႏိုကေတာ့ လက္စြမ္းက်ဆင္းေနတဲ့ ကီပါအေနနဲ႔ အသင္းရဲ႕ဂိုးသမား သံုးေယာက္မွာ လက္စြမ္းအဆိုးရြားဆံုးျဖစ္ေနတာေၾကာင့္ လက္ရွိဦးစားေပးဂိုးသမားေနရာကေန တတိယဂိုးသမားအျဖစ္ပဲ ကစားခြင့္ရသင့္တယ္လို႔ ေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးမွာ ကီပါ ၊ မန္ဒီတို႔အျပင္ အေတြ႕အၾကံဳမ်ားေပမယ့္ အသက္ၾကီးေနတဲ့ ကာဘယ္လီရုိလည္း ရွိေနတာျဖစ္ပါတယ္။