နောက်တစ်ခါ ပင်နယ်တီမလွဲစေရဘူးလို့ ကတိပေးခဲ့တဲ့ ယူနိုက်တက်ကစားသမား ဖာနန်ဒက်စ်


ယူနိုက်တက်အသင်းကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့နယူးကာဆယ်နဲ့ပွဲမှာ ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပေ မယ့် နယူးကာဆယ်ဂိုးသမား ဒါလော့က ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒီပင်နယ်တီလွဲချော်မှုဟာ ဖာနန်ဒက်စ်အတွက် ယူနိုက်တက်ကစားသမားဘဝမှာ ပထမဆုံးပင်နယ်တီလွဲချော်မှု အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။


ဖာနန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ပင်နယ်တီကန်သွင်းမှု တွေမှာ ကန်သွင်းခွင့်ရခဲ့သူဖြစ်ပြီး နယူးကာဆယ်နဲ့ပွဲမတိုင်ခင်မှာ ကန်သွင်းခဲ့တဲ့ အကြိမ်တိုင်းဂိုးသွင်းအောင် ကန်သွင်း နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နယူးကာဆယ်နဲ့ပွဲမှာ နောက်ကနေလိုက်ကစားခဲ့ရပေမယ့် လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။

ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ဖာနန်ဒက်စ်က မန်ယူရုပ်သံလိုင်းကနေတဆင့် “ ကျွန်တော်က လူသားတစ်ယောက်ဖြစ်တာ ကြောင့် ဒီလိုပင်နယ်တီလွဲချော်မှုတွေ ဖြစ်နိုင်ပါတယ်။ နောက်အကြိမ်တွေ ကန်သွင်းမှုရရင် ဒီလိုလွဲချော်မှုမရှိအောင်လုပ် ဆောင်သွားပါမယ်။ ဂိုးသမားတွေရဲ့ အကြောင်းကို လေ့လာသင်ယူနေပြီး ဘယ်လိုကန်သွင်းရမလဲဆိုတာကို သေချာလေ့ ကျင့်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။


ဖာနန်ဒက်စ်ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှာ ပင်နယ်တီကန်သွင်းမှု ၃၃ ကြိမ်အထိပြုလုပ်ခဲ့ပြီး ဂိုးရရှိအောင် အကြိမ် ၃၀ အထိစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ညမှာတော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီနဲ့ ကစား ရမှာဖြစ်သလို လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ကစားသမားကောင်းတွေခေါ်ယူထားတဲ့ ချဲလ်ဆီးနဲ့ ကစားရမှာဖြစ်ပါ တယ်။

zawgyi version

ေနာက္တစ္ခါ ပင္နယ္တီမလြဲေစရဘူးလို႔ ကတိေပးခဲ့တဲ့ ယူႏိုက္တက္ကစားသမား ဖာနန္ဒက္စ္
ယူႏုိက္တက္အသင္းကြင္းလယ္ကစားသမား ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့နယူးကာဆယ္နဲ႔ပြဲမွာ ပင္နယ္တီကန္သြင္းခြင့္ရခဲ့ေပ မယ့္ နယူးကာဆယ္ဂိုးသမား ဒါေလာ့က ကာကြယ္သြားႏိုင္ခဲ့ပါတယ္။ ဒီပင္နယ္တီလြဲေခ်ာ္မႈဟာ ဖာနန္ဒက္စ္အတြက္ ယူႏိုက္တက္ကစားသမားဘဝမွာ ပထမဆံုးပင္နယ္တီလြဲေခ်ာ္မႈ အျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။
ဖာနန္ဒက္စ္ဟာ စပို႔တင္းလစၥဘြန္းကေန ယူႏိုက္တက္ကို ေျပာင္းေရႊ႕လာခဲ့ၿပီးေနာက္ အသင္းရဲ႕ပင္နယ္တီကန္သြင္းမႈ ေတြမွာ ကန္သြင္းခြင့္ရခဲ့သူျဖစ္ၿပီး နယူးကာဆယ္နဲ႔ပြဲမတိုင္ခင္မွာ ကန္သြင္းခဲ့တဲ့ အၾကိမ္တိုင္းဂိုးသြင္းေအာင္ ကန္သြင္း ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ နယူးကာဆယ္နဲ႔ပြဲမွာ ေနာက္ကေနလိုက္ကစားခဲ့ရေပမယ့္ ေလးဂိုးတစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။
ပင္နယ္တီလြဲေခ်ာ္ခဲ့ၿပီးေနာက္ ဖာနန္ဒက္စ္က မန္ယူရုပ္သံလိုင္းကေနတဆင့္ “ ကြ်န္ေတာ္က လူသားတစ္ေယာက္ျဖစ္တာ ေၾကာင့္ ဒီလိုပင္နယ္တီလြဲေခ်ာ္မႈေတြ ျဖစ္ႏိုင္ပါတယ္။ ေနာက္အၾကိမ္ေတြ ကန္သြင္းမႈရရင္ ဒီလိုလြဲေခ်ာ္မႈမရွိေအာင္လုပ္ ေဆာင္သြားပါမယ္။ ဂိုးသမားေတြရဲ႕ အေၾကာင္းကို ေလ့လာသင္ယူေနၿပီး ဘယ္လိုကန္သြင္းရမလဲဆိုတာကို ေသခ်ာေလ့ က်င့္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဖာနန္ဒက္စ္ဟာ ပေရာ္ဖက္ရွင္နယ္ေဘာလံုးသမားဘဝမွာ ပင္နယ္တီကန္သြင္းမႈ ၃၃ ၾကိမ္အထိျပဳလုပ္ခဲ့ၿပီး ဂိုးရရွိေအာင္ အၾကိမ္ ၃၀ အထိစြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ယူႏုိက္တက္ဟာ ဒီေန႔ညမွာေတာ့ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ပီအက္စ္ဂ်ီနဲ႔ ကစား ရမွာျဖစ္သလို လာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာလည္း ကစားသမားေကာင္းေတြေခၚယူထားတဲ့ ခ်ဲလ္ဆီးနဲ႔ ကစားရမွာျဖစ္ပါ တယ္။