ထောင်ကျသွားတဲ့ ယောင်္ကျားကို မိန်းမကောင်းတစ်ယောက်စောင့်နေသလိုမျိုး ဗန်ဒိုက်ခ် ပြန်လာတာကို စောင့်နေမယ်လို့ ပြောခဲ့တဲ့ ကလော့ပ်

လီဗာပူးနည်းပြကလော့ပ်က မာဆေးဆိုက်ဒါဘီပွဲစဉ်မှာ အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရသွားပြီး ကာလရှည်အနားယူဖို့ ရှိနေတဲ့ ဗန်ဒိုက်ခ်အတွက် ထောင်ကျသွားတဲ့ယောင်္ကျား ပြန်လာဖို့အတွက် မိန်းမကောင်းတစ် ယောက် စောင့်နေသလိုမျိုး စောင့်နေမယ်လို့ ပြောခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရတော့ ဗန်ဒိုက်ခ်အနေနဲ့ ဒီရာ သီမှာ လီဗာပူးအတွက် ပြန်လည်ကစားပေးနိုင်ဖို့ မရှိဘူးလို့လည်း သိရပါတယ်။

၂၀၁၈ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ဆောက်သမ်တန်ကနေ ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းနဲ့ လီဗာပူးကို ရောက်ရှိ လာပြီးနောက် အသင်းရဲ့အဓိက,ကစားသမားဖြစ်လာတဲ့ ဗန်ဒိုက်ခ်ဟာ အသင်းရဲ့အောင်မြင်မှုတွေမှာ အရေးပါတဲ့အစိတ် အပိုင်းနေရာကနေ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဗန်ဒိုက်ခ်ဟာ ပြီးခဲ့တဲ့ရာသီကဆိုရင် လီဗာပူးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ပွဲစလုံးမှာ ပါဝင်ခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။

လီဗာပူးနည်းပြကလော့ပ်က “ အရာအားလုံးအဆင်ပြေပါတယ်။ ဒါကဘောလုံးလောကမှာ ဖြစ်ပျက်နေတဲ့ဒဏ်ရာရမှုတစ်ခု ပါပဲ ။ထောင်ကျသွားတဲ့ ယောင်္ကျားကို မိန်းမကောင်းတစ်ယောက် စောင့်နေသလိုမျိုး ဗန်ဒိုက်ခ်ပြန်လာဖို့အတွက် ကျွန် တော်တို့စောင့်နေပါမယ်။”လို့ပြောခဲ့ပါတယ်။ ဒဏ်ရာရသွားတဲ့ ဗန်ဒိုက်ခ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် လီဗာပူးအသင်း တာဝန်ရှိသူတွေကတော့ လစ်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

 

zawgyi version

ေထာင္က်သြားတဲ့ ေယာက်ၤားကို မိန္းမေကာင္းတစ္ေယာက္ေစာင့္ေနသလိုမ်ိဳး ဗန္ဒိုက္ခ္ ျပန္လာတာကို ေစာင့္ေနမယ္လို႔ ေျပာခဲ့တဲ့ ကေလာ့ပ္
လီဗာပူးနည္းျပကေလာ့ပ္က မာေဆးဆိုက္ဒါဘီပြဲစဥ္မွာ အဲဗာတန္ဂိုးသမားပစ္ဖို႔ဒ္ရဲ႕ ဖ်က္ထုတ္မႈေၾကာင့္ ဒဏ္ရာရသြားၿပီး ကာလရွည္အနားယူဖို႔ ရွိေနတဲ့ ဗန္ဒိုက္ခ္အတြက္ ေထာင္က်သြားတဲ့ေယာက်ၤား ျပန္လာဖို႔အတြက္ မိန္းမေကာင္းတစ္ ေယာက္ ေစာင့္ေနသလိုမ်ိဳး ေစာင့္ေနမယ္လို႔ ေျပာခဲ့ပါတယ္။ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရေတာ့ ဗန္ဒိုက္ခ္အေနနဲ႔ ဒီရာ သီမွာ လီဗာပူးအတြက္ ျပန္လည္ကစားေပးႏုိင္ဖို႔ မရွိဘူးလို႔လည္း သိရပါတယ္။
၂၀၁၈ ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ေဆာက္သမ္တန္ကေန ေျပာင္းေရႊ႕ေၾကးေပါင္ ၇၅ သန္းနဲ႔ လီဗာပူးကို ေရာက္ရွိ လာၿပီးေနာက္ အသင္းရဲ႕အဓိက,ကစားသမားျဖစ္လာတဲ့ ဗန္ဒိုက္ခ္ဟာ အသင္းရဲ႕ေအာင္ျမင္မႈေတြမွာ အေရးပါတဲ့အစိတ္ အပိုင္းေနရာကေန ပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ ဗန္ဒိုက္ခ္ဟာ ၿပီးခဲ့တဲ့ရာသီကဆိုရင္ လီဗာပူးရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ ၃၈ ပြဲစလံုးမွာ ပါဝင္ခြင့္ရခဲ့သူလည္းျဖစ္ပါတယ္။
လီဗာပူးနည္းျပကေလာ့ပ္က “ အရာအားလံုးအဆင္ေျပပါတယ္။ ဒါကေဘာလံုးေလာကမွာ ျဖစ္ပ်က္ေနတဲ့ဒဏ္ရာရမႈတစ္ခု ပါပဲ ။ေထာင္က်သြားတဲ့ ေယာကၤ်ားကို မိန္းမေကာင္းတစ္ေယာက္ ေစာင့္ေနသလိုမ်ိဳး ဗန္ဒိုက္ခ္ျပန္လာဖို႔အတြက္ ကြ်န္ ေတာ္တို႔ေစာင့္ေနပါမယ္။”လို႔ေျပာခဲ့ပါတယ္။ ဒဏ္ရာရသြားတဲ့ ဗန္ဒိုက္ခ္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ လီဗာပူးအသင္း တာဝန္ရွိသူေတြကေတာ့ လစ္ပ္ဇစ္ေနာက္ခံလူ အူပါမီကာႏိုကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။