ယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ အသင်းဖော်ဟောင်း ကာဗာနီကို သတိပေးစကားပြောကြားလိုက်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေ

ပီအက်စ်ဂျီအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အမ်ဘာပေက အင်္ဂါနေ့ညက ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ ယူနိုက်တက်တိုက်စစ်မှူး အဖြစ် ပါဝင်ပွဲထွက်လာမယ့် အသင်းဖော်ဟောင်း ကာဗာနီကို ချစ်ခင်နှစ်သက်ပြီး ညှာတာသွားမှာ မဟုတ်ဘူးလို့ သတိပေးစကားပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာသွားတဲ့ ကာဗာနီဟာ ယူနိုက်တက်အသင်းအတွက် ချန်ပီယံလိဂ်ညမှာ ပါဝင်ပွဲထွက်ကစားလာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ကာဗာနီဟာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ဂိုး (၂၀၀) အထိ သွင်းယူပေးထားသူဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း ပီအက်စ်ဂျီအသင်းအတွက် ဂိုး (၃၀) မှတ်တမ်းရအောင် သွင်းထားပေးပါတယ်။ အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့တဲ့ (၇) နှစ်တာ ကာလအတွင်း ဆုဖလားပေါင်း (၁၅) လုံး ရရှိထားပေမယ့် အမ်ဘာပေကတော့ သနားညှာတာနေမှာမဟုတ်ဘူးလို့ ဝန်ခံပြောသွားခဲ့ပြီး အုပ်စု (H) ကနေ အမြန်ဆုံးနောက်တစ်ဆင့်ရောက်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

အသင်းဖော်ဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာ ထူးဆန်းသလိုခံစားရသလားလို့ မေးမြန်းခဲ့ရာ အမ်ဘာပေက “အားလုံးတော့ မခံစားရပါဘူး။ သူက အသင်းအခြားအသင်းမှာ ရောက်နေပါပြီ။ သူအကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ အခုကျွန်တော်တို့က သူ့ကို ရင်ဆိုင်ပြီး အနိုင်ယူဖို့ ကြိုးစားသွားမှာပါ” လို့ အမ်ဘာပေက ပြောသွားခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးကတည်းက ကွာရာတင်းဝင်ရောက်နေရတဲ့ ကကာဗာနီဟာ တနင်္ဂနွေနေ့မှာ အသင်းနဲ့အတူ ပထမဆုံးလေ့ကျင့်ရေးဆင်းခဲ့တယ်လို့ သိရပါတယ်။

ယူႏိုက္တက္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ အသင္းေဖာ္ေဟာင္း ကာဗာနီကို သတိေပးစကားေျပာၾကားလိုက္တဲ့ ပီအက္စ္ဂ်ီတိုက္စစ္မွဴး အမ္ဘာေပ

ပီအက္စ္ဂ်ီအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား အမ္ဘာေပက အဂၤါေန႔ညက ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ ယူႏိုက္တက္တိုက္စစ္မွဴး အျဖစ္ ပါ၀င္ပြဲထြက္လာမယ့္ အသင္းေဖာ္ေဟာင္း ကာဗာနီကို ခ်စ္ခင္ႏွစ္သက္ျပီး ညွာတာသြားမွာ မဟုတ္ဘူးလို႔ သတိေပးစကားေျပာသြားခဲ့ပါတယ္။ ျပီးခဲ့တဲ့ေႏြရာသီက ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာသြားတဲ့ ကာဗာနီဟာ ယူႏိုက္တက္အသင္းအတြက္ ခ်န္ပီယံလိဂ္ညမွာ ပါ၀င္ပြဲထြက္ကစားလာဖြယ္ရွိေနတာ ျဖစ္ပါတယ္။

ကာဗာနီဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ျပိဳင္ပြဲစံု ဂိုး (၂၀၀) အထိ သြင္းယူေပးထားသူျဖစ္ျပီး ခ်န္ပီယံလိဂ္မွာလည္း ပီအက္စ္ဂ်ီအသင္းအတြက္ ဂိုး (၃၀) မွတ္တမ္းရေအာင္ သြင္းထားေပးပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ကစားသမားဟာ ပီအက္စ္ဂ်ီအသင္းမွာ ကစားခဲ့တဲ့ (၇) ႏွစ္တာ ကာလအတြင္း ဆုဖလားေပါင္း (၁၅) လံုး ရရွိထားေပမယ့္ အမ္ဘာေပကေတာ့ သနားညွာတာေနမွာမဟုတ္ဘူးလို႔ ၀န္ခံေျပာသြားခဲ့ျပီး အုပ္စု (H) ကေန အျမန္ဆံုးေနာက္တစ္ဆင့္ေရာက္ေအာင္ ၾကိဳးစားသြားမွာျဖစ္ပါတယ္လို႔ ေျပာခဲ့ပါတယ္။

အသင္းေဖာ္ေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ရမွာ ထူးဆန္းသလိုခံစားရသလားလို႔ ေမးျမန္းခဲ့ရာ အမ္ဘာေပက “အားလံုးေတာ့ မခံစားရပါဘူး။ သူက အသင္းအျခားအသင္းမွာ ေရာက္ေနပါျပီ။ သူအေကာင္းဆံုး ျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ အခုကၽြန္ေတာ္တို႔က သူ႔ကို ရင္ဆိုင္ျပီး အႏိုင္ယူဖို႔ ၾကိဳးစားသြားမွာပါ” လို႔ အမ္ဘာေပက ေျပာသြားခဲ့တာျဖစ္ပါတယ္။ အေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာ ယူႏိုက္တက္ကို ေျပာင္းေရႊ႕လာျပီးကတည္းက ကြာရာတင္း၀င္ေရာက္ေနရတဲ့ ကကာဗာနီဟာ တနဂၤေႏြေန႔မွာ အသင္းနဲ႔အတူ ပထမဆံုးေလ့က်င့္ေရးဆင္းခဲ့တယ္လို႔ သိရပါတယ္။