ဒဏ်ရာကနေ အမြန်ဆုံး သက်သာပျောက်ကင်းအောင် လုပ်ပြီး လီဗာပူးလ်အသင်းအတွက် ပြန်လာမယ်လို့ ပြောဆိုလိုက်တဲ့ ဗန်ဒိုက်ချ်
လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ချ်က ACL ဒဏ်ရာကနေ အမြန်ဆုံးသက်သာပျောက်ကင်းလာအောင် ကြိုးစားပြီး ပြန်လာမယ်လို့ ပြောသွားခဲ့ပါတယ်။ ပရီးမီးယားလိ၈်လက်ရှိချန်ပီယံအသင်းရဲ့ အဓိက နောက်ခံလူ ဗန်ဒိုက်ချ်ဟာ စနေနေ့က အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်အထိ အနားယူရမယ့် ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။
အဲဗာတန်ဂိုးသမား ပစ်ဖိုဒ့်ရဲ့ ညံ့ဖျင်းတဲ့ ဖျက်ထုတ်မှုကြောင့် ဗန်ဒိုက်ချ်ဟာ အခုလို အနားယူရပေမယ့် ဂိုးသမားဟာ အပြစ်ပေးခြင်းမခံခဲ့ရပါဘူး။
“ဒီနေ့လယ်မှာ ကျွန်တေ်ာ ပြန်လည်သက်သာပျောက်ကင်းလာဖို့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးစီစဉ်ခဲ့ပါတယ်။ အခုကျွန်တော် ပြန်လည်သက်သာပျောက်ကင်းဖို့ ဘာမဆိုလုပ်သွားမှာဖြစ်ပြီး အပြည့်အ၀ အာရုံစိုက်နေပါတယ်။
စိတ်ပျက်စရာ ကြုံခဲ့ရပေမယ့် ကျွန်တော်ဟာ အခက်အခဲတွေကို ဘုရားသခင်ရဲ့ အကူအညီနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပြီး ဒီထက်ပိုကောင်းလာမှာပါ။ဘဝမှာနဲ့ ဘောလုံးမှာတော့ အရာရာဖြစ်သွားနိုင်ပြီး အရေးကြီးတာကတော့ အနိမ့်အမြင့်ကြုံလာရတိုင်း အမြဲတမ်းကြိုးစားနေဖို့ပါပဲ။ ကျွန်တော့်ဇနီး၊ ကလေးတွေနဲ့ မိသားစု၊ လီဗာပူးလ်အသင်းက အားလုံးရဲ့ အားပေးထောက်ခံမှု နဲ့အတူ ကျွန်တော်ဟာ လာမယ့် စိန်ခေါ်မှုအတွက် အဆင်သင့်ဖြစ်နေပါပြီ။
ကျွန်တော့်ကို အားပေးတဲ့ မက်ဆေ့စကားပေးသူတိုင်း ကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ဒါက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ကြီးမားတဲ့ အရာပါ။ အခုတော့ အသင်းဖော်တွေကို နောက်လာမယ့်ပွဲတွေအတွက် ကျွန်တော် အားပေးနိုင်သမျှ အားပေးသွားမှာဖြစ်ပြီး ကျွန်တော်သက်သာပျောက်ကင်းလာဖို့အတွက်ကိုလည်း တစ်နေ့ပြီးတစ်နေ့ လုပ်သွားမှာပါ။ ကျွန်တော် ပြန်လာမှာပါ” လို့ ဗန်ဒိုက်ချ် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဗန်ဒိုက်ချ်ဟာ လီဗာပူးလ်အသင်းရဲ့ ၂၀၁၈-၁၉ နဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီတိုင်းက ပွဲတိုင်းကို ပါဝင်ကစားထားပြီး (၂) ရာသီပေါင်း အသင်းအတွက် ရမှတ် (၁၉၆) မှတ်ကို ရယူပေးထားပါတယ်။
ဒဏ်ရာကနေ အမြန်ဆုံး သက်သာပျောက်ကင်းအောင် လုပ်ပြီး လီဗာပူးလ်အသင်းအတွက် ပြန်လာမယ်လို့ ပြောဆိုလိုက်တဲ့ ဗန်ဒိုက်ခ်ျ
လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ခ်ျက ACL ဒဏ်ရာကနေ အမြန်ဆုံးသက်သာပျောက်ကင်းလာအောင် ကြိုးစားပြီး ပြန်လာမယ်လို့ ပြောသွားခဲ့ပါတယ်။ ပရီးမီးယားလိ၈်လက်ရှိချန်ပီယံအသင်းရဲ့ အဓိက နောက်ခံလူ ဗန်ဒိုက်ခ်ျဟာ စနေနေ့က အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်အထိ အနားယူရမယ့် ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။
အဲဗာတန်ဂိုးသမား ပစ်ဖိုဒ့်ရဲ့ ညံ့ဖျင်းတဲ့ ဖျက်ထုတ်မှုကြောင့် ဗန်ဒိုက်ခ်ျဟာ အခုလို အနားယူရပေမယ့် ဂိုးသမားဟာ အပြစ်ပေးခြင်းမခံခဲ့ရပါဘူး။
ဗန်ဒိုက်ခ်ျဟာ လီဗာပူးလ်အသင်းရဲ့ ၂၀၁၈-၁၉ နဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီတိုင်းက ပွဲတိုင်းကို ပါဝင်ကစားထားပြီး (၂) ရာသီပေါင်း အသင်းအတွက် ရမှတ် (၁၉၆) မှတ်ကို ရယူပေးထားပါတယ်။