ဆဲလ်ဘတ်တောင်ပံကစားသမား ဒိုမီနစ်ခ်ကို လိုက်ပ်ဇစ် အပြိုင်လုရတော့မယ့် အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ဆဲလ်ဘတ်အသင်းရဲ့ တောင်ပံကစားသမား ဒိုမီနစ်ခ် ကို ခေါ်ယူရန် စောင့်ကြည့်နေတာ ဖြစ်ပြီး လိုက်ပ်ဇစ်အသင်းကပါ သူ့ကို ခေါ်ယူရန် စိတ်ဝင်စားလာတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အာဆင်နယ်အသင်းဟာ အသက် ၁၉ နှစ်အရွယ်ကစားသမားလေးကို စောင့်ကြည့်နေတာ လအတော်အတန်ကြာနေပြီဖြစ်ပြီး ဆယ်ကျော်သက်ကစားသမားလေးရဲ့ ခြေစွမ်းကို စောင့်ကြည့်ရန် ကင်းထောက်ပုံမှန်စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလအစောပိုင်းတုန်းက ထွက်ခဲ့တဲ့ သတင်းများအရ အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူရန် ရည်ရွယ်ထားပေမယ့် ယခုအခါ ဒိုမီနစ်ခ် ရဲ့ လက်မှတ်ကို အပြိုင်လုရန် နောက်ထပ် တစ်သင်းပေါ်လာပြီလို့ သိရပါတယ်။ ဆဲလ်ဘတ်အသင်းရဲ့ မိတ်ဖက်အသင်းဖြစ်တဲ့ လိုက်ပ်ဇစ်ကလည်း စိတ်ဝင်စားလာပြီဖြစ်လို့ ဒိုမီနစ်ခ်ကို ခေါ်ယူရန် အာဆင်နယ်အသင်းထက် ပိုပြီး ရေပန်းစားသွားပြီဖြစ်ပါတယ်။

ကီတာ၊ အူပါမီကာနို နဲ့ ဟွမ်ဟီးချန်တို့တွေကလည်း သူတို့ (၂) သင်းကြား အပြောင်းအရွှေ့လုပ်ခဲ့တာဖြစ်ပြီး ဒိုမီနစ်ခ်လည်း အဆိုပါ အပြောင်းအရွှေ့ စာရင်းထဲ ရောက်သွားဖွယ်ရှိနေပါတယ်။ ဟန်ဂေရီလက်ရွေးစင်ကစားသမားကို ပီအက်စ်ဂျီ ၊ နာပိုလီ နဲ့ အေစီမီလန်အသင်းတို့ကလည်း ခေါ်ယူရန် ပြီးခဲ့တဲ့ရာသီက စောင့်ကြည့်နေကြပြီး သူဟာ ပွဲ (၄၀) ကစားပြီး ဂိုး (၃၀) အထိသွင်းယူပေးထားသူဖြစ်ပါတယ်။ ဒိုမီနစ်ခ်ဟာ ဒီရာသီမှာ ဆက်လက်ခြေစွမ်းပြနေပြီး (၇) ပွဲကစားပြီးချိန်မှာ (၃) ဂိုးသွင်းပြီး (၃) ဂိုးဖန်တီးပေးထားပါတယ်။

ဆဲလ္ဘတ္ေတာင္ပံကစားသမား ဒိုမီနစ္ခ္ကို လိုက္ပ္ဇစ္ အျပိဳင္လုရေတာ့မယ့္ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ဆဲလ္ဘတ္အသင္းရဲ႕ ေတာင္ပံကစားသမား ဒိုမီနစ္ခ္ ကို ေခၚယူရန္ ေစာင့္ၾကည့္ေနတာ ျဖစ္ျပီး လိုက္ပ္ဇစ္အသင္းကပါ သူ႔ကို ေခၚယူရန္ စိတ္၀င္စားလာတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အာဆင္နယ္အသင္းဟာ အသက္ ၁၉ ႏွစ္အရြယ္ကစားသမားေလးကို ေစာင့္ၾကည့္ေနတာ လအေတာ္အတန္ၾကာေနျပီျဖစ္ျပီး ဆယ္ေက်ာ္သက္ကစားသမားေလးရဲ႕ ေျခစြမ္းကို ေစာင့္ၾကည့္ရန္ ကင္းေထာက္ပံုမွန္ေစလႊတ္ခဲ့တာ ျဖစ္ပါတယ္။

ဒီလအေစာပိုင္းတုနး္က ထြက္ခဲ့တဲ့ သတင္းမ်ားအရ အာဆင္နယ္အသင္းဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ သူ႔ကို ေခၚယူရန္ ရည္ရြယ္ထားေပမယ့္ ယခုအခါ ဒိုမီနစ္ခ္ ရဲ႕ လက္မွတ္ကို အျပိဳင္လုရန္ ေနာက္ထပ္ တစ္သင္းေပၚလာျပီလို႔ သိရပါတယ္။ ဆဲလ္ဘတ္အသင္းရဲ႕ မိတ္ဖက္အသင္းျဖစ္တဲ့ လိုက္ပ္ဇစ္ကလည္း စိတ္၀င္စားလာျပီျဖစ္လို႔ ဒိုမီနစ္ခ္ကို ေခၚယူရန္ အာဆင္နယ္အသင္းထက္ ပိုျပီး ေရပန္းစားသြားျပီျဖစ္ပါတယ္။

ကီတာ၊ အူပါမီကာႏို နဲ႔ ဟြမ္ဟီးခ်န္တုိ႔ေတြကလည္း သူတို႔ (၂) သင္းၾကား အေျပာင္းအေရႊ႕လုပ္ခဲ့တာျဖစ္ျပီး ဒိုမီနစ္ခ္လည္း အဆုိပါ အေျပာင္းအေရႊ႕ စာရင္းထဲ ေရာက္သြားဖြယ္ရွိေနပါတယ္။ ဟန္ေဂရီလက္ေရြးစင္ကစားသမားကို ပီအက္စ္ဂ်ီ ၊ နာပိုလီ နဲ႔ ေအစီမီလန္အသင္းတို႔ကလည္း ေခၚယူရန္ ျပီးခဲ့တဲ့ရာသီက ေစာင့္ၾကည့္ေနၾကျပီး သူဟာ ပြဲ (၄၀) ကစားျပီး ဂိုး (၃၀) အထိသြင္းယူေပးထားသူျဖစ္ပါတယ္။ ဒိုမီနစ္ခ္ဟာ ဒီရာသီမွာ ဆက္လက္ေျခစြမ္းျပေနျပီး (၇) ပြဲကစားျပီးခ်ိန္မွာ (၃) ဂိုးသြင္းျပီး (၃) ဂိုးဖန္တီးေပးထားပါတယ္။