လီဗာပူးလ်နဲ့ ဘာစီလိုနာအသင်းတို့ကို စိတ်မဝင်စားပဲ ဝုလ်ဗ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့် အဒမ်မာထရာအိုရေး

ဝုလ်ဗ်အသင်းမှာ ခြေစွမ်းပြနေတဲ့ အဒမ်မာထရာအိုရေးကို အသင်းက တစ်ပတ် ပေါင် ၁ သိန်း နဲ့ စာချုပ်ချုပ်ဆိုတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီလမှာပဲ စပိန်လက်ရွေးစင်အသင်းအတွက် ပွဲထွက်ကစားခွင့်ရထားတဲ့ ထရာအိုရေးကို လီဗာပူးလ် နဲ့ ဘာစီလိုနာအသင်းတို့ကလည်း စိတ်ဝင်စားနေပေမယ့် ကစားသမားက ဝုလ်ဗ်အသင်းနဲ့ပဲ စာချုပ်သက်တမ်းတိုးချင်နေတာ ဖြစ်ပါတယ်။

The Sun သတင်းဌာနက ဖော်ပြချက်အရ ထရာအိုရေးဟာ လက်ရှိ (၅) နှစ်စာချုပ်သက်တမ်းထဲကို (၂) နှစ်ထပ်ပြီး သက်တမ်းတိုးမှာဖြစ်ပြီး သူဟာ ဝုလ်ဗ်အသင်းမှာ ဂဏန်း (၆) လုံး လစာရရှိတဲ့ စတုတ္ထမြောက်ကစားသမားလည်းဖြစ်မယ်လို့ သိရပါတယ်။ ဂိုးသမား ရူအီပက်ထရီစီယို၊ ကွင်းလယ်လူ မော်တင်ဟို နဲ့ တိုက်စစ်မှူး ဟီမီနက်ဇ်တို့ကသာ ဝုလ်အသင်းမှာ တစ်ပတ်ပေါင် ၁ သိန်းနဲ့ အထက်ရရှိတဲ့ ကစားသမားတွေဖြစ်ပါတယ်။

“ကျွန်တော်တို့ အတူတူ လေ့ကျင့်ရေးဆင်းနေတဲ့အချိန် သူဘယ်လောက်တောင်ပျော်နေသလဲဆိုတာကို မြင်နိုင်ပါတယ်။ ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာကို သိပါတယ်။ ပထမဆုံးကတော့ သူဘယ်မှာ ရှိနေသလဲဆိုတာနဲ့ ပျော်နေတယ်ဆိုတာက အရေးကြီးပါတယ်”လို့ ဝုလ်ဗ်နည်းပြ နူနိုဆန်တိုက တနလာၤနေ့ကစားမယ့် လိဒ်ယူနိုက်တက်အသင်းနဲ့ ပွဲမတိုင်မီ ပြောသွားခဲ့ပါတယ်။

ထရာအိုရေးဟာ ဝုလ်ဗ်အသင်းဆီကို ၂၀၁၈ ခုနှစ်က အဲ့ဒီအချိန်တုန်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။အသက် ၂၄ နှစ်အရွယ် ဘာစီလိုနာအကယ်ဒမီထွက်ကစားသမားဟောင်းကို ဥရောပထိပ်သီးအသင်းတွေကလည်း အစောပိုင်းတုန်းက ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး နူးကမ့်ကလည်း ပြန်ခေါ်ချင်နေတယ်လို့ သိရပါတယ်။

လီဗာပူးလ္နဲ႔ ဘာစီလိုနာအသင္းတို႔ကို စိတ္မ၀င္စားပဲ ၀ုလ္ဗ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးမယ့္ အဒမ္မာထရာအိုေရး

၀ုလ္ဗ္အသင္းမွာ ေျခစြမ္းျပေနတဲ့ အဒမ္မာထရာအိုေရးကို အသင္းက တစ္ပတ္ ေပါင္ ၁ သိန္း နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဒီလမွာပဲ စပိန္လက္ေရြးစင္အသင္းအတြက္ ပြဲထြက္ကစားခြင့္ရထားတဲ့ ထရာအိုေရးကို လီဗာပူးလ္ နဲ႔ ဘာစီလိုနာအသင္းတို႔ကလည္း စိတ္၀င္စားေနေပမယ့္ ကစားသမားက ၀ုလ္ဗ္အသင္းနဲ႔ပဲ စာခ်ဳပ္သက္တမ္းတိုးခ်င္ေနတာ ျဖစ္ပါတယ္။

The Sun သတင္းဌာနက ေဖာ္ျပခ်က္အရ ထရာအိုေရးဟာ လက္ရွိ (၅) ႏွစ္စာခ်ဳပ္သက္တမ္းထဲကို (၂) ႏွစ္ထပ္ျပီး သက္တမ္းတိုးမွာျဖစ္ျပီး သူဟာ ၀ုလ္ဗ္အသင္းမွာ ဂဏန္း (၆) လံုး လစာရရွိတဲ့ စတုတၳေျမာက္ကစားသမားလည္းျဖစ္မယ္လို႔ သိရပါတယ္။ ဂိုးသမား ရူအီပက္ထရီစီယို၊ ကြင္းလယ္လူ ေမာ္တင္ဟို နဲ႔ တိုက္စစ္မွဴး ဟီမီနက္ဇ္တို႔ကသာ ၀ုလ္အသင္းမွာ တစ္ပတ္ေပါင္ ၁ သိန္းနဲ႔ အထက္ရရွိတဲ့ ကစားသမားေတြျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ အတူတူ ေလ့က်င့္ေရးဆင္းေနတဲ့အခ်ိန္ သူဘယ္ေလာက္ေတာင္ေပ်ာ္ေနသလဲဆိုတာကို ျမင္ႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ ဘာလုပ္ရမလဲဆိုတာကို သိပါတယ္။ ပထမဆံုးကေတာ့ သူဘယ္မွာ ရွိေနသလဲဆိုတာနဲ႔ ေပ်ာ္ေနတယ္ဆိုတာက အေရးၾကီးပါတယ္”လို႔ ၀ုလ္ဗ္နည္းျပ ႏူႏိုဆန္တိုက တနလာၤေန႔ကစားမယ့္ လိဒ္ယူႏိုက္တက္အသင္းနဲ႔ ပြဲမတိုင္မီ ေျပာသြားခဲ့ပါတယ္။

ထရာအိုေရးဟာ ၀ုလ္ဗ္အသင္းဆီကို ၂၀၁၈ ခုႏွစ္က အဲ့ဒီအခ်ိန္တုန္းက ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၂၀ နဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။အသက္ ၂၄ ႏွစ္အရြယ္ ဘာစီလိုနာအကယ္ဒမီထြက္ကစားသမားေဟာင္းကို ဥေရာပထိပ္သီးအသင္းေတြကလည္း အေစာပိုင္းတုန္းက ေခၚယူရန္ စိတ္၀င္စားေနၾကျပီး ႏူးကမ့္ကလည္း ျပန္ေခၚခ်င္ေနတယ္လို႔ သိရပါတယ္။