ယူနိုက်တက်အသင်းနဲ့ ပထမဆုံးအကြိမ် လေ့ကျင့်ရေးဆင်းခဲ့တဲ့ ကာဗာနီ

အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်က သရဲနီအသင်းက အသစ်ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူးအသစ် ကာဗာနီဟာ ယူနိုက်တက်အသင်းမှာ ပထမဆုံးအကြိမ် လေ့ကျင့်ရေးအပြည့်အဝဆင်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ လီဂူး ၁ ချန်ပီယံမှာ (၃၀၁) ပွဲကစားပြီး ဂိုး (၂၀၀) သွင်းယူခဲ့တဲ့ ဥရုဂွေး လက်ရွေးစင်ကစားသမားဟာ ပီအက်စ်ဂျီအသင်းက ထွက်ခွာလာပြီး နည်းပြဆိုးလ်ရှားရဲ့အသင်းနဲ့ စာချုပ် (၁) နှစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ကာဗာနီဟာ အင်္ဂလန် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စည်းမျဉ်းစည်းကမ်းကြောင့် ကွာရာတင်းမဖြစ်မနေဝင်ခဲ့ရပေမယ့် (၂) ပတ်တာကာလကို သီးသန့်နေထိုင်ခဲ့ရပြီးနောက် တနင်္ဂနွေနေ့က ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ သူ့ကို အသစ်ခေါ်ယူထားတဲ့ အဲလက်စ်တဲလ်လက်စ် နဲ့ ပယ်လီစထရီ တို့နဲ့အတူ မြင်တွေ့ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ အင်္ဂါနေ့ညမှာ ကာဗာနီရဲ့ အသင်းဟောင်း ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲကို ရင်ဆိုင်ရမှာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ်ကစားသမားရဲ့ ယူနိုက်တက်အသင်းနဲ့ ပွဲဦးထွက်ပွဲလည်း ဖြစ်သွားနိုင်ပါတယ်။ ပရီးမီးယားလိဂ်ရာသီအစမှာ ဆိုးရွားတဲ့ ရလဒ်တွေနဲ့ စတင်ခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် စနေနေ့မှာတော့ နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ ဒုတိယပိုင်းခြေစွမ်းပြမှုနဲ့အတူ (၄-၁) နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ယူႏိုက္တက္အသင္းနဲ႔ ပထမဆံုးအၾကိမ္ ေလ့က်င့္ေရးဆင္းခဲ့တဲ့ ကာဗာနီ

အေျပာင္းအေရႊ႕ရာသီ ေနာက္ဆံုးရက္က သရဲနီအသင္းက အသစ္ေခၚယူလိုက္တဲ့ တိုက္စစ္မွဴးအသစ္ ကာဗာနီဟာ ယူႏိုက္တက္အသင္းမွာ ပထမဆံုးအၾကိမ္ ေလ့က်င့္ေရးအျပည့္အ၀ဆင္းခဲ့တယ္လို႔ သိရပါတယ္။ ၂၀၁၃ ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္အထိ လီဂူး ၁ ခ်န္ပီယံမွာ (၃၀၁) ပြဲကစားျပီး ဂိုး (၂၀၀) သြင္းယူခဲ့တဲ့ ဥရုေဂြး လက္ေရြးစင္ကစားသမားဟာ ပီအက္စ္ဂ်ီအသင္းက ထြက္ခြာလာျပီး နည္းျပဆိုးလ္ရွားရဲ႕အသင္းနဲ႔ စာခ်ဳပ္ (၁) ႏွစ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ကာဗာနီဟာ အဂၤလန္ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါ စည္းမ်ဥ္းစညး္ကမ္းေၾကာင့္ ကြာရာတင္းမျဖစ္မေန၀င္ခဲ့ရေပမယ့္ (၂) ပတ္တာကာလကို သီးသန္႔ေနထိုင္ခဲ့ရျပီးေနာက္ တနဂၤေႏြေန႔က ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ သူ႔ကို အသစ္ေခၚယူထားတဲ့ အဲလက္စ္တဲလ္လက္စ္ နဲ႔ ပယ္လီစထရီ တို႔နဲ႔အတူ ျမင္ေတြ႔ခဲ့ရပါတယ္။

ယူႏိုက္တက္အသင္းဟာ အဂၤါေန႔ညမွာ ကာဗာနီရဲ႕ အသင္းေဟာင္း ပီအက္စ္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲကို ရင္ဆိုင္ရမွာျဖစ္ျပီး အသက္ ၃၃ ႏွစ္အရြယ္ကစားသမားရဲ႕ ယူႏိုက္တက္အသင္းနဲ႔ ပြဲဦးထြက္ပြဲလည္း ျဖစ္သြားႏိုင္ပါတယ္။ ပရီးမီးယားလိဂ္ရာသီအစမွာ ဆိုးရြားတဲ့ ရလဒ္ေတြနဲ႔ စတင္ခဲ့ရတဲ့ ယူႏိုက္တက္အသင္းဟာ ဒီတစ္ပတ္ စေနေန႔မွာေတာ့ နယူးကာဆယ္အသင္းကို အေ၀းကြင္းမွာ ဒုတိယပိုင္းေျခစြမ္းျပမႈနဲ႔အတူ (၄-၁) နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။