ချဲလ်ဆီးကစားသမားတွေအနေနဲ့ ညွှန်ကြားထားတဲ့ နည်းစနစ်အတိုင်း မကစားနိုင်ခဲ့ဘူးလို့ ပြောခဲ့တဲ့ နည်းပြ လမ်းပတ်


ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်က ဆောက်သမ်တန်အသင်းနဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ အသင်းသားတွေ အနေနဲ့ ညွှန်ကြားထားတဲ့ နည်းစနစ်တွေအတိုင်း မကစားနိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ချဲလ်ဆီးဟာ ဆောက်သမ်တန်နဲ့ပွဲမှာ တီမိုဝါနာရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အမှားတွေကြောင့် ချေပဂိုးတွေပြန်ပေးခဲ့ရပါတယ်။ ကိုင်ဟာဗက်ဇ်ရဲ့ သွင်းဂိုး နဲ့ နောက်တစ်ကြိမ်ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးထပ်မံပေးခဲ့ရတာကြောင့် နိုင်ပွဲမရခဲ့တာဘဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ပေးဂိုး ၅၄ ဂိုးပေးခဲ့ရပြီး ထိပ်သီးအသင်းတွေထဲမှာ ပေးဂိုးအများဆုံးဖြစ်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတဲ့ လမ်းပတ်ရဲ့ ချဲလ်ဆီးဟာ ဒီရာသီမှာလည်း ခံစစ်အားနည်းမှုကို မပြင်နိုင်သေးတာပဲဖြစ်ပါတယ်။ အဓိကဂိုး သမား ကီပါလက်စွမ်းကျဆင်းမှုကြောင့် ဂိုးသမားသစ် မန်ဒီကိုခေါ်ယူခဲ့ပေမယ့် နိုင်ငံအသင်းအတွက် ကစားပေးရင်း မန်ဒီ ဒဏ်ရာရသွားတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ နစ်နာခဲ့ရတယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။


ဆောက်သမ်တန်နဲ့ သုံးဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာတော့ ချဲလ်ဆီးနည်းပြ လမ်းပတ်က “ လွန်ခဲ့တဲ့လတွေတုန်းက အသင်း အနေနဲ့ အကောင်းဆုံးကစားနိုင်ပါ့မလားဆိုတာကို စိတ်ပူခဲ့မိပါတယ်။ ကစားသမားသစ်တွေ ခေါ်ယူခဲ့သလို အသင်းမှာရှိတဲ့ ကစားတွေနဲ့ ပေါင်းစပ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရှည်ကြီးအတွက် ပြင်ဆင်ခဲ့ပါတယ်။ ကစားသမားတွေအနေနဲ့ အခုချိန်ထိ ညွှန်ကြားထားတဲ့အတိုင်း မကစားနိုင်သေးပါဘူး” လို့ ပြောခဲ့ပါတယ်။


ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့အသင်းတွေထဲမှာ ပါဝင်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ချန်ပီ ယံလိဂ်ကစားခွင့်ရထားတဲ့ ချဲလ်ဆီးဟာ ဒီနှစ်ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာတော့ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ဆီဗီလာနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်သလို ချန်ပီယံလိဂ်ပွဲစဉ်ပြီးရင် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ခ်ဲလ္ဆီးကစားသမားေတြအေနနဲ႔ ညႊန္ၾကားထားတဲ့ နည္းစနစ္အတိုင္း မကစားႏိုင္ခဲ့ဘူးလို႔ ေျပာခဲ့တဲ့ နည္းျပ လမ္းပတ္
ခ်ဲလ္ဆီးအသင္းနည္းျပ လမ္းပတ္က ေဆာက္သမ္တန္အသင္းနဲ႔ သံုးဂိုးစီသေရက်ခဲ့တဲ့ ပြဲအၿပီးမွာေတာ့ အသင္းသားေတြ အေနနဲ႔ ညႊန္ၾကားထားတဲ့ နည္းစနစ္ေတြအတိုင္း မကစားႏိုင္ခဲ့ဘူးလို႔ ေျပာခဲ့ပါတယ္။ခ်ဲလ္ဆီးဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ တီမိုဝါနာရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႕ ဦးေဆာင္ႏိုင္ခဲ့ၿပီး အမွားေတြေၾကာင့္ ေခ်ပဂိုးေတြျပန္ေပးခဲ့ရပါတယ္။ ကိုင္ဟာဗက္ဇ္ရဲ႕ သြင္းဂိုး နဲ႔ ေနာက္တစ္ၾကိမ္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးမွာ ေခ်ပဂိုးထပ္မံေပးခဲ့ရတာေၾကာင့္ ႏိုင္ပြဲမရခဲ့တာဘဲ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ ေပးဂိုး ၅၄ ဂိုးေပးခဲ့ရၿပီး ထိပ္သီးအသင္းေတြထဲမွာ ေပးဂိုးအမ်ားဆံုးျဖစ္ခဲ့တာေၾကာင့္ ေဝဖန္ခံခဲ့ရတဲ့ လမ္းပတ္ရဲ႕ ခ်ဲလ္ဆီးဟာ ဒီရာသီမွာလည္း ခံစစ္အားနည္းမႈကို မျပင္ႏိုင္ေသးတာပဲျဖစ္ပါတယ္။ အဓိကဂိုး သမား ကီပါလက္စြမ္းက်ဆင္းမႈေၾကာင့္ ဂိုးသမားသစ္ မန္ဒီကိုေခၚယူခဲ့ေပမယ့္ ႏိုင္ငံအသင္းအတြက္ ကစားေပးရင္း မန္ဒီ ဒဏ္ရာရသြားတာေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ နစ္နာခဲ့ရတယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။
ေဆာက္သမ္တန္နဲ႔ သံုးဂိုးစီ သေရက်ခဲ့တဲ့ပြဲအၿပီးမွာေတာ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က “ လြန္ခဲ့တဲ့လေတြတုန္းက အသင္း အေနနဲ႔ အေကာင္းဆံုးကစားႏုိင္ပါ့မလားဆိုတာကို စိတ္ပူခဲ့မိပါတယ္။ ကစားသမားသစ္ေတြ ေခၚယူခဲ့သလို အသင္းမွာရွိတဲ့ ကစားေတြနဲ႔ ေပါင္းစပ္ၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲရွည္ၾကီးအတြက္ ျပင္ဆင္ခဲ့ပါတယ္။ ကစားသမားေတြအေနနဲ႔ အခုခ်ိန္ထိ ညႊန္ၾကားထားတဲ့အတိုင္း မကစားႏိုင္ေသးပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားတဲ့အသင္းေတြထဲမွာ ပါဝင္ေနတဲ့ အသင္းလည္း ျဖစ္ပါတယ္။ ခ်န္ပီ ယံလိဂ္ကစားခြင့္ရထားတဲ့ ခ်ဲလ္ဆီးဟာ ဒီႏွစ္ခ်န္ပီယံလိဂ္အဖြင့္ပြဲစဥ္မွာေတာ့ ၿပီးခဲ့တဲ့ရာသီက ယူရိုပါလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ဆီဗီလာနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္သလို ခ်န္ပီယံလိဂ္ပြဲစဥ္ၿပီးရင္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ ယူႏိုက္တက္နဲ႔ ယွဥ္ၿပိဳင္ ကစားရမွာပဲ ျဖစ္ပါတယ္။