ရမှတ် ၁၀၀ ရခဲ့တာတွေကို မေ့လိုက်ပြီး ဒီရာသီမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ အသင်းဖော်တွေကို သတိပေးလိုက်တဲ့ ဘာနာဒိုဆေးလ်ဗား


မန်စီးတီးကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဘာနာဒိုးဆေးလ်ဗားက အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ရမှတ် ၁၀၀ ရခဲ့တယ် ဆိုတာတွေကို မေ့ပြီး ဒီရာသီမှာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့အတွက် အသင်းဖော်တွေကို တိုက်တွန်း ခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရမှတ် ၁၀၀ ၊ ရမှတ် ၉၈ မှတ်တွေနဲ့ ရယူနိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ရာသီကဆိုရင် တစ်ကမ္ဘာ့လုံးမှာ ကိုဗစ်ဖြစ်ပွားခဲ့တာကြောင့် ဘောလုံးပြိုင်ပွဲတွေကို သုံးလကြာ ရပ်နားထားခဲ့ရပြီး အခက်အခဲတွေကြားက ပြန်ကျင်းပခဲ့ရပါတယ်။ မန်စီးတီးအနေနဲ့ သုံးနှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်မယ့် အခွင့်အရေးလက်လွှတ်ခဲ့ရပြီး လီဗာပူးကတော့ နှစ်ပေါင်း ၃၀ ကျော်ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုကို ရမှတ် ၉၉ မှတ်နဲ့ ရယူနိုင်ခဲ့ပါတယ်။


ဘာနာဒိုဆေးလ်ဗားက “ ပြီးခဲ့တဲ့နှစ်တွေမှာ မန်စီးတီးအနေနဲ့ ရမှတ် ၁၀၀ ၊ ရမှတ် ၉၈ မှတ်တွေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ရရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာတွေကိုပဲ အမြဲတမ်းပြောနေလို့ မရပါဘူး။ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ တစ်ရာသီထက် တစ်ရာသီပိုခက်လာပါမယ်။ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြနိုင်မှသာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန် လည် ရယူနိုင်မှာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version
