ဆောဆက်ခ်က မိုယက်စ်အတွက် ဖယ်လိုင်နီလက်သစ်လို့ ပြောခဲ့တဲ့ စပါးနည်းပြ မော်ရင်ဟို


ပြီးခဲ့တဲ့နေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာတော့ စပါးနည်းပြ မော်ရင်ဟိုက ဝက်စ်ဟမ်း အသင်းရဲ့ကွင်းလယ်မှာ ခြေစွမ်းပြသွားတဲ့ ဆောဆက်ခ်က နည်းပြမိုယက်စ်အတွက် ဖယ်လိုင်နီလက်သစ် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ် တစ်ယောက် အဲဗာတန်ကိုကိုင်တွယ်ခဲ့တဲ့ အရပ်အမောင်းရှည်ရှည်နဲ့ နေရာစုံကစားနိုင်တဲ့ ဖယ်လိုင်နီဟာ အသင်းအတွက် အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့တာကို မော်ရင်ဟိုက ရည်ရွယ်ပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။


စပါးဟာ ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပထမပိုင်းအပြီး သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ သုံးဂိုးစီ သရေ ကျခဲ့တာ ဖြစ်ပါတယ်။ စပါးနဲ့ သုံးဂိုစီသရေကျခဲ့တာကြောင့် ဝက်စ်ဟမ်းအနေနဲ့ ပရီးမီးယားလိဂ်နောက်ဆုံး သုံးပွဲဆက် ရှုံးပွဲ မရှိခဲ့ဘဲ ပွဲကျပ်အနေအထားတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ ဝုလ်ဗာ ဟမ်တန်ကို လေးဂိုးပြတ်၊ လက်စတာကို သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး စပါးကို သုံးဂိုးစီသရေကျခဲ့တာပဲ ဖြစ်ပါတယ်။


ခြေစွမ်းပြနေတဲ့ ဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ မန်စီးတီးကို အိမ် ကွင်း၊ လီဗာပူးကို အဝေးကွင်းတွေမှာ ဆက်တိုက်ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ Sky Sports ကနေ တဆင့် စပါးနည်းပြမော်ရင်ဟိုက “ ဒေးဗစ်မိုယက်စ်အနေနဲ့ ဖယ်လိုင်နီအသစ်တစ်ယောက်ကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဝက်စ် ဟမ်းက အသင်းကောင်းဖြစ်ပြီး စပါးအနေနဲ့ ရမှတ် ၂ မှတ်ဆုံးရှုံးခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ေဆာဆက္ခ္က မိုယက္စ္အတြက္ ဖယ္လိုင္နီလက္သစ္လို႔ ေျပာခဲ့တဲ့ စပါးနည္းျပ ေမာ္ရင္ဟို
ၿပီးခဲ့တဲ့ေန႔က ကစားခဲ့တဲ့ ဝက္စ္ဟမ္းအသင္းနဲ႔ သံုးဂိုးစီသေရက်ခဲ့တဲ့ပြဲအၿပီးမွာေတာ့ စပါးနည္းျပ ေမာ္ရင္ဟိုက ဝက္စ္ဟမ္း အသင္းရဲ႕ကြင္းလယ္မွာ ေျခစြမ္းျပသြားတဲ့ ေဆာဆက္ခ္က နည္းျပမိုယက္စ္အတြက္ ဖယ္လိုင္နီလက္သစ္ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္မိုယက္စ္ တစ္ေယာက္ အဲဗာတန္ကိုကိုင္တြယ္ခဲ့တဲ့ အရပ္အေမာင္းရွည္ရွည္နဲ႔ ေနရာစံုကစားႏိုင္တဲ့ ဖယ္လိုင္နီဟာ အသင္းအတြက္ အေရးပါတဲ့ကစားသမားတစ္ေယာက္ျဖစ္ခဲ့တာကို ေမာ္ရင္ဟိုက ရည္ရြယ္ၿပီး ေျပာခဲ့တာပဲ ျဖစ္ပါတယ္။
စပါးဟာ ဝက္စ္ဟမ္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ပထမပိုင္းအၿပီး သံုးဂိုးျပတ္နဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပြဲအၿပီးမွာေတာ့ သံုးဂိုးစီ သေရ က်ခဲ့တာ ျဖစ္ပါတယ္။ စပါးနဲ႔ သံုးဂိုစီသေရက်ခဲ့တာေၾကာင့္ ဝက္စ္ဟမ္းအေနနဲ႔ ပရီးမီးယားလိဂ္ေနာက္ဆံုး သံုးပြဲဆက္ ရႈံးပြဲ မရွိခဲ့ဘဲ ပြဲက်ပ္အေနအထားေတြကို အေကာင္းဆံုးေက်ာ္ျဖတ္ႏိုင္ခဲ့တယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။ ဝက္စ္ဟမ္းဟာ ဝုလ္ဗာ ဟမ္တန္ကို ေလးဂိုးျပတ္၊ လက္စတာကို သံုးဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ၿပီး စပါးကို သံုးဂိုးစီသေရက်ခဲ့တာပဲ ျဖစ္ပါတယ္။
ေျခစြမ္းျပေနတဲ့ ေဒးဗစ္မိုယက္စ္ရဲ႕ ဝက္စ္ဟမ္းအသင္းအေနနဲ႔ လာမယ့္ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာေတာ့ မန္စီးတီးကို အိမ္ ကြင္း၊ လီဗာပူးကို အေဝးကြင္းေတြမွာ ဆက္တိုက္ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ Sky Sports ကေန တဆင့္ စပါးနည္းျပေမာ္ရင္ဟိုက “ ေဒးဗစ္မိုယက္စ္အေနနဲ႔ ဖယ္လိုင္နီအသစ္တစ္ေယာက္ကို ရွာေဖြႏိုင္ခဲ့ပါတယ္။ ဝက္စ္ ဟမ္းက အသင္းေကာင္းျဖစ္ၿပီး စပါးအေနနဲ႔ ရမွတ္ ၂ မွတ္ဆံုးရႈံးခဲ့တယ္လို႔ပဲ ဆိုရမွာျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။