နွေရာသီမှာ ငွေကြေးများစွာ အသုံးပြုထားပြီးနောက် ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ရယူဖို့ ကြိုးစားသွား မယ်လို့ ပူလီဆစ်ကြုံးဝါး


ချဲလ်ဆီးတောင်ပံကစားသမား ပူလီဆစ်က နွေရာသီအပြောင်းအရွှေ့မှာ အသင်းအနေနဲ့ ပေါင်သန်း ၂၃၀ ကျော်အသုံးပြုပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူသွားဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ကြုံးဝါး ပြောဆိုခဲ့ပါတယ်။ ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမား ၇ဦးအထိ ခေါ်ယူထားခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၂၂ နှစ်သာရှိသေးတဲ့ ပူလီဆစ်က “ ချဲလ်ဆီးဟာ အောင်မြင်မှုတွေအများကြီးရရှိထားတဲ့အသင်းဖြစ်ပြီး အသင်းမှာ ကစားသမားကောင်းတွေလည်း အများကြီး ရှိနေတာကြောင့် ချန်ပီယံဆုတွေကို ရယူဖို့အချိန်ရောက်နေပါပြီ။ နည်းပြ လမ်း ပတ်ကလည်း အကောင်းဆုံးဦးဆောင်နိုင်တဲ့ အနေအထားတွေကြောင့် ချဲလ်ဆီးအနေနဲ့ ဒီရာသီမှာ အောင်မြင်မှုတွေကို ရယူ နိုင်မှာပါ” လို့ ပြောခဲ့ပါတယ်။


ပူလီဆစ်ဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၁၁ ဂိုးသွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အသင်းသမိုင်းတစ်လျှောက် အမှတ်ပေးချန်ပီယံအဖြစ် ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ကြိမ်၊ ယူရိုပါလိဂ် ၂ ကြိမ်၊ အက်ဖ်အေဖလား ၈ ကြိမ် ၊ လိဂ်ဖလား ၅ ကြိမ်နဲ့ Cup winners cup ၂ ကြိမ်ရရှိထားတဲ့အသင်းလည်းဖြစ်ပါတယ်။


လက်ရှိပရီးမီးယားလိဂ်ရာသီ ပွဲစဉ်-၄ ပွဲကစားချိန်ပြီးမှာတော့ ချဲလ်ဆီးက နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊တစ်ပွဲရှုံးထားပြီး ရမှတ် ၇ မှတ်နဲ့ အဆင့်-၇ နေရာမှာရပ်တည်နေတာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ ချဲလ်ဆီးဟာ ဆောက်သမ် တန်ကို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း ယူရိုပါလိဂ်ချန်ပီယံ ဆီဗီ လာကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ေႏြရာသီမွာ ေငြေၾကးမ်ားစြာ အသံုးျပဳထားၿပီးေနာက္ ခ်ဲလ္ဆီးအေနနဲ႔ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ရယူဖို႔ ၾကိဳးစားသြား မယ္လို႔ ပူလီဆစ္ၾကံဳးဝါး
ခ်ဲလ္ဆီးေတာင္ပံကစားသမား ပူလီဆစ္က ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းအေနနဲ႔ ေပါင္သန္း ၂၃၀ ေက်ာ္အသံုးျပဳၿပီး ကစားသမားေကာင္းေတြကို ေခၚယူထားတာေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ခ်န္ပီယံဆုရယူသြားဖို႔ ၾကိဳးစားသြားမွာျဖစ္ေၾကာင္း ၾကံဳးဝါး ေျပာဆိုခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမား ၇ဦးအထိ ေခၚယူထားခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၂၂ ႏွစ္သာရွိေသးတဲ့ ပူလီဆစ္က “ ခ်ဲလ္ဆီးဟာ ေအာင္ျမင္မႈေတြအမ်ားၾကီးရရွိထားတဲ့အသင္းျဖစ္ၿပီး အသင္းမွာ ကစားသမားေကာင္းေတြလည္း အမ်ားၾကီး ရွိေနတာေၾကာင့္ ခ်န္ပီယံဆုေတြကို ရယူဖို႔အခ်ိန္ေရာက္ေနပါၿပီ။ နည္းျပ လမ္း ပတ္ကလည္း အေကာင္းဆံုးဦးေဆာင္ႏိုင္တဲ့ အေနအထားေတြေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ ဒီရာသီမွာ ေအာင္ျမင္မႈေတြကို ရယူ ႏိုင္မွာပါ” လို႔ ေျပာခဲ့ပါတယ္။
ပူလီဆစ္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးနဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲစံု ၃၄ ပြဲမွာ ၁၁ ဂိုးသြင္းယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ အသင္းသမိုင္းတစ္ေလွ်ာက္ အမွတ္ေပးခ်န္ပီယံအျဖစ္ ၆ ၾကိမ္၊ ခ်န္ပီယံလိဂ္ ၁ၾကိမ္၊ ယူရိုပါလိဂ္ ၂ ၾကိမ္၊ အက္ဖ္ေအဖလား ၈ ၾကိမ္ ၊ လိဂ္ဖလား ၅ ၾကိမ္နဲ႔ Cup winners cup ၂ ၾကိမ္ရရွိထားတဲ့အသင္းလည္းျဖစ္ပါတယ္။
လက္ရွိပရီးမီးယားလိဂ္ရာသီ ပြဲစဥ္-၄ ပြဲကစားခ်ိန္ၿပီးမွာေတာ့ ခ်ဲလ္ဆီးက ႏွစ္ပြဲႏိုင္၊ တစ္ပြဲသေရ၊တစ္ပြဲရႈံးထားၿပီး ရမွတ္ ၇ မွတ္နဲ႔ အဆင့္-၇ ေနရာမွာရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီးမွာေတာ့ ခ်ဲလ္ဆီးဟာ ေဆာက္သမ္ တန္ကို ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာလည္း ယူရိုပါလိဂ္ခ်န္ပီယံ ဆီဗီ လာကုိ အိမ္ကြင္းမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။