ကိုဗစ်အတွက် တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်


ယူနိုက်တက်အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ကိုဗစ်အတွက် တိုက်ပွဲဝင်နေတဲ့ သူရဲ့အကိုအပါအဝင် ကျန်းမာ ရေးဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ အကိုဖြစ်သူကတော့ အခုလိုဖာနန်ဒက်စ် အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောဆိုတာမျိုးကို သူအနေနဲ့ တစ်ခါမှမပြုလုပ်ဖူးဘူးဆိုပြီး ဆိုရှယ်မီဒီယာကနေတဆင့် ပြန်လည် နောက်ပြောင်ခဲ့ပါတယ်။


MUTV ကနေတဆင့် ဖာနန်ဒက်စ်က “ ကျွန်တော်အကိုနဲ့ သူရဲ့ချစ်သူတို့ဟာ လန်ဒန်မြို့အတွက် အလုပ်လုပ်ပေးနေကြ ပါတယ်။ အခုချိန်မှာ NHS ဝန်ထမ်းတွေအနေနဲ့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ သိပါသလား။ သူတို့ဟာ နာရီပေါင်းများ စွာ အလုပ်လုပ်ကိုင်နေရသလို သူတို့ရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း တွေ့ဆုံဖို့ ခက်ခဲနေပါတယ်။ တစ်ချို့ဆိုရင် အိမ်မှာရှိတဲ့ ကလေးနဲ့တောင် မတွေ့ရပါဘူး” လို့ ပြောခဲ့ပါတယ်။


ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပွဲတိုင်းပါဝင်ကစားပေးထားတယ်ဆိုပေမယ့် ကိုယ်တိုင်တစ်ဂိုးသွင်း ပြီး ဂိုးဖန်တီးမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ သုံးပွဲကစားပြီး သုံးမှတ်သာ ရရှိထားတာကြောင့် ဝေဖန်မှုတွေခံနေရတာဖြစ်ပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ် တွေအပြီးမှာတော့ ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်မှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ကိုဗစ္အတြက္ တိုက္ပြဲဝင္ေနတဲ့ က်န္းမာေရး ဝန္ထမ္းေတြကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့တဲ့ ဘရူႏိုဖာနန္ဒက္စ္
ယူႏိုက္တက္အသင္းကြင္းလယ္လူ ဘရူႏိုဖာနန္ဒက္စ္က ကိုဗစ္အတြက္ တိုက္ပြဲဝင္ေနတဲ့ သူရဲ႕အကိုအပါအဝင္ က်န္းမာ ေရးဝန္ထမ္းေတြကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါတယ္။ ဘရူႏိုဖာနန္ဒက္စ္ရဲ႕ အကိုျဖစ္သူကေတာ့ အခုလိုဖာနန္ဒက္စ္ အေနနဲ႔ ေက်းဇူးတင္ေၾကာင္း ေျပာဆိုတာမ်ိဳးကို သူအေနနဲ႔ တစ္ခါမွမျပဳလုပ္ဖူးဘူးဆိုၿပီး ဆိုရွယ္မီဒီယာကေနတဆင့္ ျပန္လည္ ေနာက္ေျပာင္ခဲ့ပါတယ္။
MUTV ကေနတဆင့္ ဖာနန္ဒက္စ္က “ ကြ်န္ေတာ္အကိုနဲ႔ သူရဲ႕ခ်စ္သူတို႔ဟာ လန္ဒန္ျမိဳ႕အတြက္ အလုပ္လုပ္ေပးေနၾက ပါတယ္။ အခုခ်ိန္မွာ NHS ဝန္ထမ္းေတြအေနနဲ႔ ဘယ္ေလာက္ခက္ခဲမယ္ဆိုတာ သိပါသလား။ သူတို႔ဟာ နာရီေပါင္းမ်ား စြာ အလုပ္လုပ္ကိုင္ေနရသလို သူတို႔ရဲ႕မိသားစု၊ သူငယ္ခ်င္းေတြနဲ႔လည္း ေတြ႕ဆံုဖို႔ ခက္ခဲေနပါတယ္။ တစ္ခ်ိဳ႕ဆုိရင္ အိမ္မွာရွိတဲ့ ကေလးနဲ႔ေတာင္ မေတြ႕ရပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဘရူႏိုဖာနန္ဒက္စ္ဟာ ဒီရာသီမွာ ယူႏိုက္တက္အတြက္ ပြဲတိုင္းပါဝင္ကစားေပးထားတယ္ဆိုေပမယ့္ ကိုယ္တိုင္တစ္ဂိုးသြင္း ၿပီး ဂိုးဖန္တီးမႈ တစ္ၾကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္မွာ သံုးပြဲကစားၿပီး သံုးမွတ္သာ ရရွိထားတာေၾကာင့္ ေဝဖန္မႈေတြခံေနရတာျဖစ္ၿပီး ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ႏိုင္ငံတကာပြဲစဥ္ ေတြအၿပီးမွာေတာ့ ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္မွာ နယူးကာဆယ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။