ဘွန်ဒက်စလီဂါ နဲ့ ပရီးမီးယားလိဂ် အဓိက ကွာခြားချက်ကို ရှင်းပြသွားတဲ့ ချဲလ်ဆီးကွင်းလယ်ဖန်တီးရှင်း ကိုင်ဟာဗက်ဇ်

ကိုင်ဟာဗက်ဇ်က ဘွန်ဒက်စ်လီဂါ နဲ့ ပရီးမီးယားလိဂ် ကြားက အဓိက ကွာခြားချက်ကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်က ကစားသမားတိုင်းဟာ ထိပ်တန်းအဆင့်မှာ ရှိနေတယ်လို့ ချဲလ်ဆီးကွင်းလယ်လူအသစ်က ယုံကြည်နေတာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းမှာ ခြေစွမ်းပြကစားခဲ့တဲ့ ကိုင်ဟာဗက်ဇ်ကို ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့လက ပေါင် ၈၉ သန်းနဲ့ ခေါ်ယူခဲ့ပြီး သူဟာ ခြင်္သေ့ပြာအသင်းအတွက် (၅) ပွဲကစားထားပြီးပါပြီ။ အစောပိုင်းတုန်းက ကိုင်ဟာဗက်ဇ်က ဂျာမနီ နဲ့ အင်္ဂလန်ကြား ကွားခြားမှု ကြီးကြီးမားမား မရှိဘူးလို့ သတ်မှတ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်က ကစားသမားတိုင်းနီးပါးက သာမန် နဲ့ ဆိုးရွားတဲ့ ကစားသမားတွေ မဟုတ်ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။

ကိုင်ဟာဗက်ဇ်က ချဲလ်ဆီးအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကို “ဘွန်ဒက်စ်လီဂါက အရမ်းကြီးမဆိုးရွားပါဘူး။ ဒါပေမယ့် ကျွန်တော် ကွာခြားချက်ကို သတိထားမိခဲ့ပါတယ်။ ပရီးမီးယားလိဂ်က ကစားသမားတိုင်းက သာမန် နဲ့ သာမန်အောက်မှာ ဘယ်သူမှာ မရှိပါဘူး။ အားလုံး အရည်အသွေးမြင့်ကစားသမားတွေကြီးပါပဲ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ဘန်စ်လေနဲ့ ကာရာဘောင်ဖလားပွဲမှာ ချဲလ်ဆီးအသင်းအတွက် ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး ဟက်ထရစ်လည်း သွင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဝက်စ်ဘရွန်း နဲ့ ချဲလ်ဆီး (၃-၃) သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း (၁) ဂိုးဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ ကိုင်ဟာဗက်ဇ်ဟာ လက်ရှိ ဂျာမနီလက်ရွေးစင်အသင်းနဲ့ နိုင်ငံတာဝန်ကို ထမ်းဆောင်နေပြီး တူရကီနဲ့ (၃-၃) သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာလည်း (၂) ဂိုးဖန်တီးပေးခဲ့ပါတယ်။ ကိုင်ဟာဗက်ဇ်ရဲ့ ချဲလ်ဆီးအသင်းဟာ နောက်တစ်ပတ်မှာ ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

ဘြန္ဒက္စလီဂါ နဲ႔ ပရီးမီးယားလိဂ္ အဓိက ကြာျခားခ်က္ကို ရွင္းျပသြားတဲ့ ခ်ဲလ္ဆီးကြင္းလယ္ဖန္တီးရွင္း ကိုင္ဟာဗက္ဇ္

ကိုင္ဟာဗက္ဇ္က ဘြန္ဒက္စ္လီဂါ နဲ႔ ပရီးမီးယားလိဂ္ ၾကားက အဓိက ကြာျခားခ်က္ကို ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ အဂၤလန္ပရီးမီးယားလိဂ္က ကစားသမားတိုင္းဟာ ထိပ္တန္းအဆင့္မွာ ရွိေနတယ္လို႔ ခ်ဲလ္ဆီးကြင္းလယ္လူအသစ္က ယံုၾကည္ေနတာျဖစ္ပါတယ္။

ေလဗာကူဆင္အသင္းမွာ ေျခစြမ္းျပကစားခဲ့တဲ့ ကိုင္ဟာဗက္ဇ္ကို ခ်ဲလ္ဆီးအသင္းက ျပီးခဲ့တဲ့လက ေပါင္ ၈၉ သန္းနဲ႔ ေခၚယူခဲ့ျပီး သူဟာ ျခေသၤ့ျပာအသင္းအတြက္ (၅) ပြဲကစားထားျပီးပါျပီ။ အေစာပိုင္းတုန္းက ကိုင္ဟာဗက္ဇ္က ဂ်ာမနီ နဲ႔ အဂၤလန္ၾကား ကြားျခားမႈ ၾကီးၾကီးမားမား မရွိဘူးလို႔ သတ္မွတ္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္က ကစားသမားတိုင္းနီးပါးက သာမန္ နဲ႔ ဆိုးရြားတဲ့ ကစားသမားေတြ မဟုတ္ဘူးလို႔ သတ္မွတ္ခဲ့ပါတယ္။

ကိုင္ဟာဗက္ဇ္က ခ်ဲလ္ဆီးအသင္းရဲ႕ တရား၀င္၀က္ဘ္ဆိုဒ္ကို “ဘြန္ဒက္စ္လီဂါက အရမ္းၾကီးမဆိုးရြားပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ ကြာျခားခ်က္ကို သတိထားမိခဲ့ပါတယ္။ ပရီးမီးယားလိဂ္က ကစားသမားတိုင္းက သာမန္ နဲ႔ သာမန္ေအာက္မွာ ဘယ္သူမွာ မရွိပါဘူး။ အားလံုး အရည္အေသြးျမင့္ကစားသမားေတြၾကီးပါပဲ” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ ဘန္စ္ေလနဲ႔ ကာရာေဘာင္ဖလားပြဲမွာ ခ်ဲလ္ဆီးအသင္းအတြက္ ပထမဆံုး ဂိုးသြင္းယူႏိုင္ခဲ့ျပီး ဟက္ထရစ္လည္း သြင္းႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ ၀က္စ္ဘရြန္း နဲ႔ ခ်ဲလ္ဆီး (၃-၃) သေရက်ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာလည္း (၁) ဂိုးဖန္တီးေပးခဲ့သူျဖစ္ပါတယ္။ ကိုင္ဟာဗက္ဇ္ဟာ လက္ရွိ ဂ်ာမနီလက္ေရြးစင္အသင္းနဲ႔ ႏိုင္ငံတာ၀န္ကို ထမ္းေဆာင္ေနျပီး တူရကီနဲ႔ (၃-၃) သေရက်ခဲ့တဲ့ ေျခစမ္းပြဲမွာလည္း (၂) ဂိုးဖန္တီးေပးခဲ့ပါတယ္။ ကိုင္ဟာဗက္ဇ္ရဲ႕ ခ်ဲလ္ဆီးအသင္းဟာ ေနာက္တစ္ပတ္မွာ ေဆာက္သမ္တန္အသင္းကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ပါတယ္။