ဒီကလန်ရိုက်ကို လစာ (၂) ဆပေးပြီး စာချုပ်သစ်ချုပ်တော့မယ့် ဝက်စ်ဟမ်းအသင်း

ဝက်စ်ဟမ်းအသင်းဟာ အသင်းရဲ့ အဓိက အင်္ဂလန်ကွင်းလယ်ကစားသမား ဒီကလန်ရိုက်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းပြီးနောက် လစာ (၂) ဆ ပေးပြီး စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီကလန်ရိုက်ကို ဒီနွေရာသီအပြောင်းအရွှေ့တစ်လျှောက်လုံး ချဲလ်ဆီးအသင်းက ဆက်သွယ်နေခဲ့တာဖြစ်ပေမယ့် ဝက်စ်ဟမ်းအသင်းက ပေါင်သန်း ၈၀ တောင်းဆိုခဲ့လို့ မခေါ်ယူခဲ့ပါဘူး။

အသက် ၂၁ နှစ်အရွယ်ကစားသမားရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်အထိ ရှိနေပေမယ့်လည်း နည်းပြ ဒေးဗစ်မိုယက်စ်က အသင်းမှာ ဆက်ရှိနေရန် ပိုပြီးသေချာသွားအောင် သူ့ရဲ့ လစာကို (၂) ဆပေးချင်နေတာဖြစ်ပါတယ်။ The Sun သတင်းဌာနက ဖော်ပြချက်အရ ဝက်စ်ဟမ်းအသင်းဟာ ဒီကလန်ရိုက်ရဲ့ လက်ရှိ တစ်ပတ် ပေါင် ၆ သောင်း လစာကို ၂ ဆ ပေါင် ၁ သိန်း ၂ သောင်းပေးရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သူ့ကို ဥရောပက ထိပ်သီးကလပ်အသင်းတော်တော်များများက စိတ်ဝင်စားနေသော်လည်း ဒီကလန်ရိုက်ဟာ အသင်းအတွက် ဆက်လက်ခြေစွမ်းပြနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းရဲ့ လူငယ်တစ်နှစ်တာအကောင်းဆုံးဆုကို (၃) ကြိမ်ဆက်တိုက် ထပ်မံ ရရှိခဲ့ပါသေးတယ်။

ဒီကလန္ရိုက္ကို လစာ (၂) ေပးျပီး စာခ်ဳပ္သစ္ခ်ဳပ္ေတာ့မယ့္ ၀က္စ္ဟမ္းအသင္း

၀က္စ္ဟမ္းအသင္းဟာ အသင္းရဲ႕ အဓိက အဂၤလန္ကြင္းလယ္ကစားသမား ဒီကလန္ရိုက္ကို အသင္းမွာ ဆက္လက္ထိန္းသိမ္းျပီးေနာက္ လစာ (၂) ဆ ေပးျပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရန္ ျပင္ဆင္ေနျပီျဖစ္ပါတယ္။ ဒီကလန္ရိုက္ကို ဒီေႏြရာသီအေျပာင္းအေရႊ႕တစ္ေလွ်ာက္လံုး ခ်ဲလ္ဆီးအသင္းက ဆက္သြယ္ေနခဲ့တာျဖစ္ေပမယ့္ ၀က္စ္ဟမ္းအသင္းက ေပါင္သန္း ၈၀ ေတာင္းဆိုခဲ့လို႔ မေခၚယူခဲ့ပါဘူး။

အသက္ ၂၁ ႏွစ္အရြယ္ကစားသမားရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၄ ခုႏွစ္အထိ ရွိေနေပမယ့္လည္း နည္းျပ ေဒးဗစ္မိုယက္စ္က အသင္းမွာ ဆက္ရွိေနရန္ ပိုျပီးေသခ်ာသြားေအာင္ သူ႔ရဲ႕ လစာကို (၂) ဆေပးခ်င္ေနတာျဖစ္ပါတယ္။ The Sun သတင္းဌာနက ေဖာ္ျပခ်က္အရ ၀က္စ္ဟမ္းအသင္းဟာ ဒီကလန္ရိုက္ရဲ႕ လက္ရွိ တစ္ပတ္ ေပါင္ ၆ ေသာင္း လစာကို ၂ ဆ ေပါင္ ၁ သိန္း ၂ ေသာင္းေပးရန္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

သူ႔ကို ဥေရာပက ထိပ္သီးကလပ္အသင္းေတာ္ေတာ္မ်ားမ်ားက စိတ္၀င္စားေနေသာ္လည္း ဒီကလန္ရိုက္ဟာ အသင္းအတြက္ ဆက္လက္ေျခစြမ္းျပေနဆဲ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ရာသီက ၀က္စ္ဟမ္းအသင္းရဲ႕ လူငယ္တစ္ႏွစ္တာအေကာင္းဆံုးဆုကို (၃) ၾကိမ္ဆက္တိုက္ ထပ္မံ ရရွိခဲ့ပါေသးတယ္။