မက်ဆီကို လာမယ့်နွေရာသီမှာ အရခေါ်ယူနိုင်မယ်လို့ မန်စီးတီးအသင်းတာဝန်ရှိသူတွေ ယုံကြည်နေ


ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက မက်ဆီရဲ့ စာချုပ်ပါလျော်ကြေး ယူရိုသန်း ၇၀၀ ကိုပေးပြီး အသင်းထံခေါ်ယူဖို့ လုပ်ဆောင်ခဲ့တဲ့ မန်စီးတီးအသင်းတာဝန်ရှိသူတွေဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာတော့ မက်ဆီကို အရခေါ်ယူ နိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဘက်က မက်ဆီကိုရောင်းချဖို့ ငြင်းဆန်ခဲ့ တာကြောင့် မက်ဆီအနေနဲ့ မန်စီးတီးကို ရောက်ရှိလာခဲ့ခြင်းမရှိတာဘဲ ဖြစ်ပါတယ်။


ဂွါဒီယိုလာနဲ့ မက်ဆီတို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကြောင့်လည်း မန်စီးတီးအနေနဲ့ မက်ဆီကို ခေါ်ယူဖို့ အားသာချက်ရှိနေတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့အလုပ်အမှုဆောင်ချုပ်ဖြစ်တဲ့ အိုမာဘာရီဒါကတော့ အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ မက်ဆီကို ခေါ်ယူနိုင်ဖို့ အပြည့်အဝယုံကြည်ကြောင်း ပြောခဲ့သလို လိုအပ်တဲ့ငွေကြေးလည်း အပြည့်အဝ ရှိကြောင်း ပြောခဲ့ ပါတယ်။


Manchester Evening News ကနေပြီး ဘာရီဒါက “ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီက ၆ ကြိမ်အထိ ရရှိထားတဲ့သူပါ။ သူရဲ့စွမ်းဆောင်ရည်ဆိုတာထက် သူက ပါရမီရှင်တစ်ယောက်ပါ။ သူလိုကစားသမားမျိုးကို အသင်းတိုင်း၊ နည်းပြတိုင်းက အလိုရှိကြမှာပါ။ ကျွန်တော်တို့ အသင်းကလည်း အလိုရှိပါတယ်။ ဘာစီလိုနာကနေ မက်ဆီထွက်မယ်ဆို ရင် မန်စီးတီးအတွက် လာကစားပေးစေချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။


မန်စီးတီးအသင်းအနေနဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ အဂူရို ၊ ဂျီးဆပ်စ်တို့ ဒဏ်ရာရနေချိန်မှာ တိုက်စစ်မှူး မဝယ်ခဲ့တာက မက်ဆီနဲ့ သဘောတူညီမှုရရှိထားတာကြောင့်ဖြစ်တယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ မန်စီးတီးဘက်က တော့ ဒီသတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး ဈေးကွက်အတွင်းမှာ ငွေကြေးများစွာသုံးစွဲပြီး ခေါ်ယူရမယ့် တိုက်စစ်မှူး မရှိ တာကြောင့်လို့ ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

zawgyi version

မက္ဆီကို လာမယ့္ေႏြရာသီမွာ အရေခၚယူႏိုင္မယ္လို႔ မန္စီးတီးအသင္းတာဝန္ရွိသူေတြ ယံုၾကည္ေန
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက မက္ဆီရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကး ယူရိုသန္း ၇၀၀ ကိုေပးၿပီး အသင္းထံေခၚယူဖုိ႔ လုပ္ေဆာင္ခဲ့တဲ့ မန္စီးတီးအသင္းတာဝန္ရွိသူေတြဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာေတာ့ မက္ဆီကို အရေခၚယူ ႏိုင္မယ္လို႔ ယံုၾကည္ေနေၾကာင္း သိရပါတယ္။ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြဘက္က မက္ဆီကိုေရာင္းခ်ဖို႔ ျငင္းဆန္ခဲ့ တာေၾကာင့္ မက္ဆီအေနနဲ႔ မန္စီးတီးကို ေရာက္ရွိလာခဲ့ျခင္းမရွိတာဘဲ ျဖစ္ပါတယ္။
ဂြါဒီယိုလာနဲ႔ မက္ဆီတို႔ရဲ႕ ရင္းႏွီးတဲ့ဆက္ဆံေရးေၾကာင့္လည္း မန္စီးတီးအေနနဲ႔ မက္ဆီကို ေခၚယူဖို႔ အားသာခ်က္ရွိေနတာ ျဖစ္ပါတယ္။ မန္စီးတီးအသင္းရဲ႕အလုပ္အမႈေဆာင္ခ်ဳပ္ျဖစ္တဲ့ အိုမာဘာရီဒါကေတာ့ အသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ မက္ဆီကို ေခၚယူႏိုင္ဖို႔ အျပည့္အဝယံုၾကည္ေၾကာင္း ေျပာခဲ့သလို လိုအပ္တဲ့ေငြေၾကးလည္း အျပည့္အဝ ရွိေၾကာင္း ေျပာခဲ့ ပါတယ္။
Manchester Evening News ကေနၿပီး ဘာရီဒါက “ ကမၻာ့အေကာင္းဆံုးေဘာလံုးသမားဆုကို မက္ဆီက ၆ ၾကိမ္အထိ ရရွိထားတဲ့သူပါ။ သူရဲ႕စြမ္းေဆာင္ရည္ဆိုတာထက္ သူက ပါရမီရွင္တစ္ေယာက္ပါ။ သူလိုကစားသမားမ်ိဳးကို အသင္းတိုင္း၊ နည္းျပတုိင္းက အလိုရွိၾကမွာပါ။ ကြ်န္ေတာ္တို႔ အသင္းကလည္း အလိုရွိပါတယ္။ ဘာစီလိုနာကေန မက္ဆီထြက္မယ္ဆို ရင္ မန္စီးတီးအတြက္ လာကစားေပးေစခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
မန္စီးတီးအသင္းအေနနဲ႔ တိုက္စစ္မွဴးေတြျဖစ္တဲ့ အဂူရို ၊ ဂ်ီးဆပ္စ္တို႔ ဒဏ္ရာရေနခ်ိန္မွာ တိုက္စစ္မွဴး မဝယ္ခဲ့တာက မက္ဆီနဲ႔ သေဘာတူညီမႈရရွိထားတာေၾကာင့္ျဖစ္တယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။ မန္စီးတီးဘက္က ေတာ့ ဒီသတင္းေတြကို ျငင္းဆန္သြားခဲ့ၿပီး ေစ်းကြက္အတြင္းမွာ ေငြေၾကးမ်ားစြာသံုးစြဲၿပီး ေခၚယူရမယ့္ တိုက္စစ္မွဴး မရွိ တာေၾကာင့္လို႔ ျပန္လည္ ေျဖရွင္းသြားခဲ့ပါတယ္။