စပါး၊ အဲဗာတန်တို့ ခြေစွမ်းကောင်းလာတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုက တန်ဖိုးပိုကြီးလာတယ်လို့ သတ်မှတ်ခံရ


ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အသင်းကောင်းတွေများတွေများတာကြောင့် ချန်ပီယံဖြစ်ဖို့ အသင်းတစ်သင်းအနေနဲ့ ခက်ခက်ခဲခဲ ကြိုးစားရလေ့ရှိပါတယ်။ အခြားထိပ်တန်းလိဂ်တွေထက် ပရီးမီးယားလိဂ်ကပိုပြီးပြိုင်ဆိုင်မှုပြင်းထန်သလို အသင်းကြီးတွေ ကိုလည်း အသင်းငယ်တွေအနေနဲ့ မထင်မှတ်တာတွေ လုပ်ပြလေ့ရှိပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူး၊ မန်စီး တီး၊ ယူနိုက်တက်၊ ချဲလ်ဆီးတို့လို အသင်းကြီးတွေက အခြားအသင်းတွေထက် ရပိုအခွင့်အရေးပိုများပါတယ်။


အခြားအသင်းတွေအနေနဲ့ ဒီအသင်းတွေကိုကျော်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ဆိုတာအတော်လည်း ခက်ခဲတဲ့ အနေအထားပါ။ဒါပေမယ့် ဒီနှစ်ရာသီမှာတော့ မော်ရင်ဟိုရဲ့စပါးနဲ့ အန်ဆယ်လော့တီရဲ့အဲဗာတန်တို့ကလည်း ခြေစွမ်းပြ နိုင်လာတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ပြိုင်ပွဲကတော့ အရင်နှစ်တွေကထက် ပိုပြီး ခက်ခဲဦးမှာဖြစ်ပါတယ်။ အဲဗာ တန်ဆိုရင် ကစားပြီးတဲ့ပွဲတွေမှာ ရာနှုန်းပြည့်နိုင်ပွဲရထားပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။


စပါးကလည်း အသင်းကောင်းတစ်သင်းဖြစ်ပြီး ဂါရတ်ဘေးလ်အပါအဝင်ကစားသမားကောင်းတွေကို ခေါ်ယူထားတာ ကြောင့် ချန်ပီယံဆုကို စိန်ခေါ်လာနိုင်တဲ့အသင်းအဖြစ်သတ်မှတ်ခံထားရပါတယ်။ ဂါရတ်ဘေးလ်၊ ဟယ်ရီကိန်းနဲ့ ဆွန် ဟောင်မင်တို့ရဲ့ သုံးယောက်တွဲတိုက်စစ်က ပြိုင်ဘက်တိုင်းဖိအားပေးနိုင်တာကြောင့် ချန်ပီယံဆုမှန်းနေတဲ့အသင်းကြီးတွေ အနေနဲ့ စပါးကို လျော့မတွက်ထားသင့်ကြောင်း eurosports က ဖော်ပြခဲ့ပါတယ်။


၁၉၉၅ ခုနှစ်မှာ အက်ဖ်အေဖလား ရပြီးနောက် အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တဲ့ အဲဗာတန်ကလည်း အန်ဆယ်လော့တီ ရဲ့ ဦးဆောင်မှုအောက်မှာ အကောင်းဆုံးခြေစွမ်းပြနေပါတယ်။ အသင်းမှာရှိတဲ့ ကစားသမားကောင်းတွေနဲ့ အသစ်ခေါ်ယူ ထားတဲ့ကစားသမားတွေကို အလွယ်တကူပေါင်းစပ်နိုင်ခဲ့တဲ့ အန်ဆယ်လော့တီကြောင့် အဲဗာတန်ကလည်း ချန်ပီယံဆုမှန်း နေတဲ့ အသင်းတွေအတွက် ပြိုင်ဘက်ကောင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။

zawgyi version

စပါး၊ အဲဗာတန္တို႔ ေျခစြမ္းေကာင္းလာတာေၾကာင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုက တန္ဖိုးပိုၾကီးလာတယ္လို႔ သတ္မွတ္ခံရ
ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အသင္းေကာင္းေတြမ်ားေတြမ်ားတာေၾကာင့္ ခ်န္ပီယံျဖစ္ဖို႔ အသင္းတစ္သင္းအေနနဲ႔ ခက္ခက္ခဲခဲ ၾကိဳးစားရေလ့ရွိပါတယ္။ အျခားထိပ္တန္းလိဂ္ေတြထက္ ပရီးမီးယားလိဂ္ကပိုၿပီးၿပိဳင္ဆိုင္မႈျပင္းထန္သလို အသင္းၾကီးေတြ ကိုလည္း အသင္းငယ္ေတြအေနနဲ႔ မထင္မွတ္တာေတြ လုပ္ျပေလ့ရွိပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို လီဗာပူး၊ မန္စီး တီး၊ ယူႏိုက္တက္၊ ခ်ဲလ္ဆီးတို႔လို အသင္းၾကီးေတြက အျခားအသင္းေတြထက္ ရပိုအခြင့္အေရးပိုမ်ားပါတယ္။
အျခားအသင္းေတြအေနနဲ႔ ဒီအသင္းေတြကိုေက်ာ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူဖို႔ဆိုတာအေတာ္လည္း ခက္ခဲတဲ့ အေနအထားပါ။ဒါေပမယ့္ ဒီႏွစ္ရာသီမွာေတာ့ ေမာ္ရင္ဟိုရဲ႕စပါးနဲ႔ အန္ဆယ္ေလာ့တီရဲ႕အဲဗာတန္တို႔ကလည္း ေျခစြမ္းျပ ႏိုင္လာတာေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ၿပိဳင္ပြဲကေတာ့ အရင္ႏွစ္ေတြကထက္ ပိုၿပီး ခက္ခဲဦးမွာျဖစ္ပါတယ္။ အဲဗာ တန္ဆိုရင္ ကစားၿပီးတဲ့ပြဲေတြမွာ ရာႏႈန္းျပည့္ႏိုင္ပြဲရထားၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ထားႏိုင္ပါတယ္။
စပါးကလည္း အသင္းေကာင္းတစ္သင္းျဖစ္ၿပီး ဂါရတ္ေဘးလ္အပါအဝင္ကစားသမားေကာင္းေတြကို ေခၚယူထားတာ ေၾကာင့္ ခ်န္ပီယံဆုကို စိန္ေခၚလာႏိုင္တဲ့အသင္းအျဖစ္သတ္မွတ္ခံထားရပါတယ္။ ဂါရတ္ေဘးလ္၊ ဟယ္ရီကိန္းနဲ႔ ဆြန္ ေဟာင္မင္တို႔ရဲ႕ သံုးေယာက္တြဲတိုက္စစ္က ၿပိဳင္ဘက္တိုင္းဖိအားေပးႏိုင္တာေၾကာင့္ ခ်န္ပီယံဆုမွန္းေနတဲ့အသင္းၾကီးေတြ အေနနဲ႔ စပါးကို ေလ်ာ့မတြက္ထားသင့္ေၾကာင္း eurosports က ေဖာ္ျပခဲ့ပါတယ္။
၁၉၉၅ ခုႏွစ္မွာ အက္ဖ္ေအဖလား ရၿပီးေနာက္ ေအာင္ျမင္မႈေတြနဲ႔ ေဝးကြာေနခဲ့တဲ့ အဲဗာတန္ကလည္း အန္ဆယ္ေလာ့တီ ရဲ႕ ဦးေဆာင္မႈေအာက္မွာ အေကာင္းဆံုးေျခစြမ္းျပေနပါတယ္။ အသင္းမွာရွိတဲ့ ကစားသမားေကာင္းေတြနဲ႔ အသစ္ေခၚယူ ထားတဲ့ကစားသမားေတြကို အလြယ္တကူေပါင္းစပ္ႏိုင္ခဲ့တဲ့ အန္ဆယ္ေလာ့တီေၾကာင့္ အဲဗာတန္ကလည္း ခ်န္ပီယံဆုမွန္း ေနတဲ့ အသင္းေတြအတြက္ ၿပိဳင္ဘက္ေကာင္းတစ္သင္းျဖစ္လာခဲ့ပါတယ္။