ကိုဗစ်-၁၉ ဗိုင်းရပ်စ်က ရယ်စရာ မဟုတ်ဘူးလို့ ရောဂါပိုးကူးစက်ခံရာကနေ သက်သာလာတဲ့ ဂန်ဒိုဂန် ပြောဆို


အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်က ကိုဗစ်ရောဂါပိုးကူးစက်ခံရာကနေ သက်သာလာပြီးနောက် ဒီဗိုင်းရပ်စ်ဟာ ရယ်စရာတစ်ခု မဟုတ်ကြောင်းပြောခဲ့ပါတယ်။ ဂန်ဒိုဂန်အနေနဲ့ ပြီးခဲ့တဲ့လက ရောဂါပိုးကူးစက်ခံရတယ် လို့ မန်စီးတီးအသင်းတာဝန်ရှိသူတွေဘက်က သတင်းထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။


ဂျာမနီလက်ရွေးစင်တစ်ဦးဖြစ်တဲ့ ဂန်ဒိုဂန်ဟာ ရောဂါသက်သာလာပြီးနောက် လက်ရှိအချိန်မှာတော့ အသင်းဖော်တွေနဲ့အ တူ လေ့ကျင့်မှု ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။ ဂန်ဒိုဂန်က လက်ရှိတစ်ကမ္ဘာ့လုံးမှာ ကိုဗစ်ကြောင့် သေဆုံးဦးရေ ၁သန်းကျော် သွားပြီဖြစ်တာကြောင့် ဗိုင်းရပ်စ်ပိုးအနေနဲ့ ကြောက်စရာကောင်းပြောခဲ့တာဖြစ်ပါတယ်။


ဂန်ဒိုဂန်က “ ရောဂါပိုးကူးစက်ခံထားရတဲ့အချိန်တုန်းက တကယ်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရတာပါ။ အဲ့ဒီအချိန်တုန်းက အရာရာတိုင်းက ခံစားလို့မကောင်းဘူးဖြစ်နေပါတယ်။ ရက်အနည်းငယ်ကြာမှ နည်းနည်းအဆင်ပြေလာတာပါ။ သတ်မှတ် ထားတဲ့အတိုင်း နေထိုင်ခဲ့လို့ နောက်ဆုံးမှာ ရောဂါပိုးကင်းစင်သွားခဲ့တာပါ။ အခုဆိုရင် အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန် ဆင်းနေနိုင်ပါပြီ။ ကိုဗစ်ရောဂါပိုး က ရိုးရှင်းတယ်ဆိုပေမယ့် ရယ်စရာတော့မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဂန်ဒိုဂန်က သူအနေနဲ့ ရောဂါကူးစက်ခံထားရပြီးနောက် သီးခြား ၁၄ ရက်နေထိုင်ချိန်အတွင်းမှာ ၁၀ ရက် လောက်အထိ အိမ်မှာပဲနေခဲ့ပြီး လေ့ကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ ဂန်ဒိုဂန်အနေနဲ့ နိုင်ငံတကာပွဲစဉ် တွေအပြီး အာဆင်နယ်နဲ့ကစားမယ့်ပွဲမှ မန်စီးတီးအတွက် ဒီရာသီပထမဆုံးပွဲ အဖြစ် ပါဝင်ကစားပေးနိုင်မယ်လို့ သိရပါတယ်။

zawgyi version

ကိုဗစ္-၁၉ ဗိုင္းရပ္စ္က ရယ္စရာ မဟုတ္ဘူးလို႔ ေရာဂါပိုးကူးစက္ခံရာကေန သက္သာလာတဲ့ ဂန္ဒိုဂန္ ေျပာဆို
အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ မန္စီးတီးကြင္းလယ္လူ ဂန္ဒိုဂန္က ကိုဗစ္ေရာဂါပိုးကူးစက္ခံရာကေန သက္သာလာၿပီးေနာက္ ဒီဗိုင္းရပ္စ္ဟာ ရယ္စရာတစ္ခု မဟုတ္ေၾကာင္းေျပာခဲ့ပါတယ္။ ဂန္ဒိုဂန္အေနနဲ႔ ၿပီးခဲ့တဲ့လက ေရာဂါပိုးကူးစက္ခံရတယ္ လို႔ မန္စီးတီးအသင္းတာဝန္ရွိသူေတြဘက္က သတင္းထုတ္ျပန္ခဲ့တာပဲျဖစ္ပါတယ္။
ဂ်ာမနီလက္ေရြးစင္တစ္ဦးျဖစ္တဲ့ ဂန္ဒိုဂန္ဟာ ေရာဂါသက္သာလာၿပီးေနာက္ လက္ရွိအခ်ိန္မွာေတာ့ အသင္းေဖာ္ေတြနဲ႔အ တူ ေလ့က်င့္မႈ ျပဳလုပ္ေနၿပီပဲ ျဖစ္ပါတယ္။ ဂန္ဒိုဂန္က လက္ရွိတစ္ကမၻာ့လံုးမွာ ကိုဗစ္ေၾကာင့္ ေသဆံုးဦးေရ ၁သန္းေက်ာ္ သြားၿပီျဖစ္တာေၾကာင့္ ဗိုင္းရပ္စ္ပိုးအေနနဲ႔ ေၾကာက္စရာေကာင္းေျပာခဲ့တာျဖစ္ပါတယ္။
ဂန္ဒိုဂန္က “ ေရာဂါပိုးကူးစက္ခံထားရတဲ့အခ်ိန္တုန္းက တကယ္ကို ခက္ခက္ခဲခဲ ျဖတ္ေက်ာ္ခဲ့ရတာပါ။ အဲ့ဒီအခ်ိန္တုန္းက အရာရာတိုင္းက ခံစားလို႔မေကာင္းဘူးျဖစ္ေနပါတယ္။ ရက္အနည္းငယ္ၾကာမွ နည္းနည္းအဆင္ေျပလာတာပါ။ သတ္မွတ္ ထားတဲ့အတိုင္း ေနထိုင္ခဲ့လို႔ ေနာက္ဆံုးမွာ ေရာဂါပိုးကင္းစင္သြားခဲ့တာပါ။ အခုဆိုရင္ အသင္းနဲ႔အတူ ေလ့က်င့္ခန္းျပန္ ဆင္းေနႏိုင္ပါၿပီ။ ကိုဗစ္ေရာဂါပိုး က ရိုးရွင္းတယ္ဆိုေပမယ့္ ရယ္စရာေတာ့မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဂန္ဒိုဂန္က သူအေနနဲ႔ ေရာဂါကူးစက္ခံထားရၿပီးေနာက္ သီးျခား ၁၄ ရက္ေနထိုင္ခ်ိန္အတြင္းမွာ ၁၀ ရက္ ေလာက္အထိ အိမ္မွာပဲေနခဲ့ၿပီး ေလ့က်င့္မႈေတြျပဳလုပ္ခဲ့တယ္လို႔လည္း ေျပာခဲ့ပါတယ္။ ဂန္ဒိုဂန္အေနနဲ႔ ႏိုင္ငံတကာပြဲစဥ္ ေတြအၿပီး အာဆင္နယ္နဲ႔ကစားမယ့္ပြဲမွ မန္စီးတီးအတြက္ ဒီရာသီပထမဆံုးပြဲ အျဖစ္ ပါဝင္ကစားေပးႏိုင္မယ္လုိ႔ သိရပါတယ္။