ကလေးသူငယ်ထောက်ပံရေးအတွက် ဝန်ကြီးချုပ်နဲ့ တိုက်ရိုက်စကားပြောချင်တယ်လို့ ပြောခဲ့တဲ့ ရက်ရှ်ဖို့ဒ်


ယူနိုက်တက်အသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ကလေးသူငယ်ထောက်ပံရေးအစီအစဉ်များအတွက် ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်နဲ့ တိုက်ရိုက်စကားပြောချင်တယ်လို့ ပြောခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ကိုဗစ်ဖြစ်ပွားချိန်မှာ ကလေးသူငယ် ထောက်ပံရေးအတွက် ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်တာကြောင့် အင်္ဂလန်ဘုရင်မကြီးရဲ့ MBE ဘွဲ့ချီးမြှင့်ခံရသူ တစ်ဦး လည်း ဖြစ်ပါတယ်။


ရက်ရှ်ဖို့ဒ်က “ ကျွန်တော်အတွက်တော့ တကယ်ကိုကောင်းတဲ့ အခိုက်အတန့်ပါ။ဒါပေမယ့် ခရီးတစ်ခုရဲ့ အစလို့ပဲ ခံစားရပါ တယ်။ ဆက်လက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားရဦးမှာပါ။ ကျွန်တော်အနေနဲ့ အခုချိန်မှာ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး သူတို့တွေမှာ အကူအညီတွေ တကယ်လိုအပ်နေတယ်ဆိုတဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ကျွန်တော်ရဲ့ အဓိကရည်မှန်းချက်ကတော့ သူတို့အတွက် အထောက်အပံရဖို့ပါပဲ” လို့ ပြောခဲ့ပါတယ်။


အသက် ၂၂ နှစ်သာရှိသေးတဲ့ ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်နိုင်ငံရဲ့ လူငယ်တွေထဲမှာ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်သတ်မှတ်ခံရသူ လည်းဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်က သူအသက်ငယ်တုန်းက ဝိန်းရူနီနဲ့ စီရော်နယ်ဒိုတို့ကို ကြည့်ပြီး စိတ်ဓာတ်တက်ကြွအောင် လုပ်ဆောင်ခဲ့ရပေမယ့် အသက်ကြီးလာချိန်မှာတော့ သူရဲ့အမေက သူရဲ့စံပြပုဂ္ဂိုလ်ဖြစ်လာကြောင်းလည်း ပြောခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ရဲ့ အမေဟာ ဘက်ကင်ဟမ်နန်းတော်ကို ရက်ရှ်ဖို့ဒ် ဆုသွားယူသွားတဲ့အချိန်တုန်းက အတူလိုက်ပါခဲ့တယ်လို့ လည်း သိရပါတယ်။


ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာတော့ အင်္ဂလန်အသင်းနဲ့အတူ နေးရှင်းလိဂ်ယှဉ်ပြိုင်ကစားဖို့ လေ့ကျင့်ခန်းဆင်းနေတာဖြစ် ပြီး အင်္ဂလန်ဟာ တနင်္ဂနွေနေ့မှာ ဘယ်ဂျီယံ ၊ ဗုဒ္ဓဟူးနေ့မှာ ဒိန်းမတ်အသင်းတို့နဲ့ ကစားရမှာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် အနေနဲ့ လာမယ့်သီတင်းပတ်ထဲမှာ ယူနိုက်တက်အသင်းနဲ့အတူ နယူးကာဆယ်အသင်းနဲ့ကစားရဦးမှာပဲ ဖြစ်ပါတယ်။

zawgyi version

ကေလးသူငယ္ေထာက္ပံေရးအတြက္ ဝန္ၾကီးခ်ဳပ္နဲ႔ တိုက္ရိုက္စကားေျပာခ်င္တယ္လို႔ ေျပာခဲ့တဲ့ ရက္ရွ္ဖို႔ဒ္
ယူႏိုက္တက္အသင္းတိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္က ကေလးသူငယ္ေထာက္ပံေရးအစီအစဥ္မ်ားအတြက္ ၿဗိတိန္ဝန္ၾကီးခ်ဳပ္ ေဘာ္ရစ္ဂြ်န္ဆင္နဲ႔ တိုက္ရိုက္စကားေျပာခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ကိုဗစ္ျဖစ္ပြားခ်ိန္မွာ ကေလးသူငယ္ ေထာက္ပံေရးအတြက္ ဦးေဆာင္လႈပ္ရွားသူတစ္ဦးျဖစ္တာေၾကာင့္ အဂၤလန္ဘုရင္မၾကီးရဲ႕ MBE ဘြဲ႕ခ်ီးျမွင့္ခံရသူ တစ္ဦး လည္း ျဖစ္ပါတယ္။
ရက္ရွ္ဖို႔ဒ္က “ ကြ်န္ေတာ္အတြက္ေတာ့ တကယ္ကိုေကာင္းတဲ့ အခုိက္အတန္႔ပါ။ဒါေပမယ့္ ခရီးတစ္ခုရဲ႕ အစလို႔ပဲ ခံစားရပါ တယ္။ ဆက္လက္ၿပီး အေကာင္းဆံုးျဖစ္ေအာင္ လုပ္ေဆာင္သြားရဦးမွာပါ။ ကြ်န္ေတာ္အေနနဲ႔ အခုခ်ိန္မွာ ဝန္ၾကီးခ်ဳပ္နဲ႔ ေတြ႕ဆံုၿပီး သူတို႔ေတြမွာ အကူအညီေတြ တကယ္လိုအပ္ေနတယ္ဆိုတဲ့အေၾကာင္းကို ေျပာျပခ်င္ပါတယ္။ ကြ်န္ေတာ္ရဲ႕ အဓိကရည္မွန္းခ်က္ကေတာ့ သူတို႔အတြက္ အေထာက္အပံရဖို႔ပါပဲ” လို႔ ေျပာခဲ့ပါတယ္။
အသက္ ၂၂ နွစ္သာရွိေသးတဲ့ ရက္ရွ္ဖို႔ဒ္ဟာ အဂၤလန္ႏိုင္ငံရဲ႕ လူငယ္ေတြထဲမွာ စံျပပုဂၢိဳလ္တစ္ဦးအျဖစ္သတ္မွတ္ခံရသူ လည္းျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္က သူအသက္ငယ္တုန္းက ဝိန္းရူနီနဲ႔ စီေရာ္နယ္ဒိုတို႔ကို ၾကည့္ၿပီး စိတ္ဓာတ္တက္ၾကြေအာင္ လုပ္ေဆာင္ခဲ့ရေပမယ့္ အသက္ၾကီးလာခ်ိန္မွာေတာ့ သူရဲ႕အေမက သူရဲ႕စံျပပုဂၢိဳလ္ျဖစ္လာေၾကာင္းလည္း ေျပာခဲ့ပါတယ္။
ရက္ရွ္ဖို႔ဒ္ရဲ႕ အေမဟာ ဘက္ကင္ဟမ္နန္းေတာ္ကို ရက္ရွ္ဖို႔ဒ္ ဆုသြားယူသြားတဲ့အခ်ိန္တုန္းက အတူလိုက္ပါခဲ့တယ္လို႔ လည္း သိရပါတယ္။
ရက္ရွ္ဖို႔ဒ္ဟာ လက္ရွိအခ်ိန္မွာေတာ့ အဂၤလန္အသင္းနဲ႔အတူ ေနးရွင္းလိဂ္ယွဥ္ၿပိဳင္ကစားဖို႔ ေလ့က်င့္ခန္းဆင္းေနတာျဖစ္ ၿပီး အဂၤလန္ဟာ တနဂၤေႏြေန႔မွာ ဘယ္ဂ်ီယံ ၊ ဗုဒၶဟူးေန႔မွာ ဒိန္းမတ္အသင္းတို႔နဲ႔ ကစားရမွာျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ အေနနဲ႔ လာမယ့္သီတင္းပတ္ထဲမွာ ယူႏိုက္တက္အသင္းနဲ႔အတူ နယူးကာဆယ္အသင္းနဲ႔ကစားရဦးမွာပဲ ျဖစ္ပါတယ္။