ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး အားလုံးက လော်တရိုမာတီနက်ဇ်ကို လိုချင်ပေမယ့် တန်ကြေးမပေးချင်ကြဘူးလို့ အေးဂျင့်ဖြစ်သူထုတ်ဖော်ပြောဆို

အင်တာမီလန်တိုက်စစ်မှူးရဲ့ အေးဂျင့်ဖြစ်သူက လော်တရိုမာတီနက်ဇ်ကို အသင်းတော်တော်များများက စိတ်ဝင်စားကြပေမယ့် ပုံမှန်ကမ်းလှမ်းမှု မလုပ်ခဲ့ကြဘူးလို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ အင်တာမီလန်တိုက်စစ်မှူး လော်တရိုမာတီနက်ဇ်ကို ပြီးခဲ့တဲ့အပြောင်းရွှေ့တုန်းက ဥရောပက ထိပ်သီးအသင်းတော်တော်များများ ဆက်သွယ်ခဲ့ကြပြီး ဘာစီလိုနာအသင်းက ရေပန်းအစားဆုံး ဖြစ်ခဲ့ပါတယ်။

သို့သော်လည်း ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးရဲ့ တန်ကြေး ယူရို သန်း ၁၁၀ ကို မပေးချင်တဲ့အတွက် သဘောတူညီမှု မရခဲ့ပါဘူး။ အခြားသောအသင်းတွေဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး နဲ့ ပီအက်စ်ဂျီအသင်းတို့ကလည်း အာဂျင်တီးနားတိုက်စစ်မှူးကို ဆက်သွယ်မှုတွေ လုပ်ခဲ့ပါတယ်။


ကစားသမားရဲ့ အေးဂျင့်ဖြစ်တဲ့ Alberto Yaque က “ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ် နဲ့ မန်စီးတီးအသင်းတို့လား? သူတို့အားလုံးက သူ့ကို (လော်တရို) လိုချင်ကြပေမယ့် အကောင်အထည်မဖော်ချင်ကြပါဘူး။ သူ့မှာ အသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်ကျန်ပါသေးတယ်။ အပြောင်းအရွှေ့ ဈေးကွက်ကလည်း ပိတ်သွားပါပြီ” လို့ အာဂျင်တီးနားက အားကစားသတင်းဌာနတစ်ခုကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္၊ မန္စီးတီး အားလံုးက ေလာ္တရိုမာတီနက္ဇ္ကို လိုခ်င္ေပမယ့္ တန္ေၾကးမေပးခ်င္ၾကဘူးလို႔ ေအးဂ်င့္ျဖစ္သူထုတ္ေဖာ္ေျပာဆို

အင္တာမီလန္တိုက္စစ္မွဴးရဲ႕ ေအးဂ်င့္ျဖစ္သူက ေလာ္တရိုမာတီနက္ဇ္ကို အသင္းေတာ္ေတာ္မ်ားမ်ားက စိတ္၀င္စားၾကေပမယ့္ ပံုမွန္ကမ္းလွမ္းမႈ မလုပ္ခဲ့ၾကဘူးလို႔ ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။ အင္တာမီလန္တိုက္စစ္မွဴး ေလာ္တရိုမာတီနက္ဇ္ကို ျပီးခဲ့တဲ့အေျပာင္းေရႊ႕တုနး္က ဥေရာပက ထိပ္သီးအသင္းေတာ္ေတာ္မ်ားမ်ား ဆက္သြယ္ခဲ့ၾကျပီး ဘာစီလုိနာအသင္းက ေရပန္းအစားဆံုး ျဖစ္ခဲ့ပါတယ္။

သို႔ေသာ္လည္း ဘာစီလိုနာအသင္းဟာ တိုက္စစ္မွဴးရဲ႕ တန္ေၾကး ယူရို သန္း ၁၁၀ ကို မေပးခ်င္တဲ့အတြက္ သေဘာတူညီမႈ မရခဲ့ပါဘူး။ အျခားေသာအသင္းေတြျဖစ္ၾကတဲ့ ရီးရဲလ္မက္ဒရစ္၊ မန္စီးတီး နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ကလည္း အာဂ်င္တီးနားတိုက္စစ္မွဴးကို ဆက္သြယ္မႈေတြ လုပ္ခဲ့ပါတယ္။

ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္တဲ့ Alberto Yaque က “ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္ နဲ႔ မန္စီးတီးအသင္းတို႔လား? သူတို႔အားလံုးက သူ႔ကို (ေလာ္တရို) လိုခ်င္ၾကေပမယ့္ အေကာင္အထည္မေဖာ္ခ်င္ၾကပါဘူး။ သူ႔မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၂) ႏွစ္က်န္ပါေသးတယ္။ အေျပာင္းအေရႊ႕ ေစ်းကြက္ကလည္း ပိတ္သြားပါျပီ” လို႔ အာဂ်င္တီးနားက အားကစားသတင္းဌာနတစ္ခုကို ေျပာသြားခဲ့တာျဖစ္ပါတယ္။