လီဗာပူးလ်အသင်း ဒီနွေရာသီမှာ ဘရူးစတား အစား အိုရီဂီကို ရောင်းချသင့်တယ်လို့ ဆိုလိုက်တဲ့ သွမ်ပ်ဆင်

  ဖီးလ်သွမ်ပ်ဆင်က လီဗာပူးလ်အသင်းဟာ ဒီနွေရာသီမှာ ဘရူးစတားကို ရောင်းချမယ့်အစား အိုရီဂီကို ပဲ ရောင်းချသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အကယ်ဒမီထွက် ဘရူးစတားကို ရှက်ဖီးယူနိုက်တက်အသင်းဆီ ပေါင် ၂၃.၅ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ လူငယ်ကြယ်ပွင့်ကစားသမားကို အလားအလာရှိတယ်လို့ ခန့်မှန်းထားကြပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ အတူ ပထမအသင်းမှာ ပွဲထွက်ခွင့် နည်းပါးတဲ့ နေခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီက ဆွမ်ဆီးအသင်းဆီ ဒုတိယရာသီဝက်မှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ပွဲ (၂၀) ကစားခဲ့ကာ (၁၀) ဂိုးသွင်းပေးခဲ့ပြီးနောက် အန်ဖီးလ်ကို ပြန်လည်ရောက်ရှိလာခဲ့ပေမယ့် ဒီနွေရာသီမှာ အပြီးသတ်ပြန်လည်ရောင်းချခံခဲ့ရတာ ဖြစ်ပါတယ်။ သို့သော်လည်း သွမ်ပ်ဆင်က လီဗာပူးလ်အသင်းဟာ အိုရီဂီကို ရောင်းချရမယ့်အစား လူမှားရောင်းချလိုက်တယ်လို့ ယုံကြည်နေပါတယ်။

“လီဗာပူးလ်က ရောင်းချမှုနဲ့ ပတ်သက်ပြီး ကျွန်တော်စိတ်ပျက်မိပါတယ်။ ဘရူးစတားကို သူတို့ ထွက်ခွာခွင့်ပေးလိုက်တာကို နားမလည်နိုင်အောင်ပါပဲ။ သူ့ကို အသင်းမှာ ဆက်နေစေချင်ခဲ့ပါတယ်။ ခင်ဗျားသာ ကျွန်တော့်ကို ဘရူးစတား နဲ့ အိုရီဂီ ဘယ်သူ့ကို ရောင်းမလဲ မေးရင် အိုရီဂီ ပဲ ဖြစ်မှာပါ။ ဘရူးစတားရဲ့ အရည်အချင်းက တိုက်စစ်မှူးတိုင်းမှာ မရှိပါဘူး။ အခြားသူတွေကိုလည်း ရောင်းလို့ရနိုင်ပါသေးတယ်။ ဥပမာ ရှာကွီရီလည်း ရှိနေပါတယ်” လို့ သွမ်ပ်ဆင်က Paddy Power ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

အိုရီဂီဟာ လီဗာပူးလ်အသင်းရဲ့ ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ဂိုး (၁) ဂိုးသွင်းပေးခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဖလားရယူနိုင်ခဲ့အသင်းရဲ့ အစိတ်အပိုင်းတစ်ယောက်လည်းဖြစ်ပါတယ်။ သို့သော်လည်း သူဟာပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ (၆) ဂိုး သာသွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာလည်း အိုရီဂီဟာ ပွဲကစားခွင့် လုံးဝမရသေးပဲ ကာရာဘောင်ဖလား (၂) ပွဲပယ် ပါဝင်ကစားခွင့်ရထားခဲ့ပါတယ်။ ဘရူးစတားဟာ ရှက်ဖီးယူနိုက်တက်အသင်းအတွက် ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ပထမဆုံးပွဲထွက်ကစားခွင့်ရဖွယ်ရှိနေတာဖြစ်ပါတယ်။




