ပရီးမီးယားလိဂ်ရဲ့ စက်တင်ဘာလ တစ်လတာ အကောင်းဆုံး ကစားသမား နဲ့ အကောင်းဆုံးနည်းပြ

ပရီးမီးယားလိဂ်ရဲ့ စက်တင်ဘာလက တစ်လတာ အကောင်းဆုံး ကစားသမား နဲ့ နည်းပြဆုကို အဲဗာတန်အသင်းက တိုက်စစ်မှူး ကဲလ်ဗက်လီဝင် နဲ့ နည်းပြအန်စလော့တီတို့က ဆွတ်ခူးသွားခဲ့ပါတယ်။အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်မှာ ဂိုးသွင်းပေးခဲ့တဲ့ကဲလ်ဗက်လီဝင်ဟာ ဒီဆုကို ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကဲလ်ဗက်လီဝင် ဟာ စက်တင်ဘာလမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ များမှာ (၅) ဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။ အဲဗာတန်နည်းပြ အန်စလော့တီကလည်း ပရီးမီးယားလိဂ်ရဲ့ စက်တင်ဘာလ တစ်လတာ အကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့ပါတယ်။

အန်စလော့တီက “ဒီဆုကို ရရှိတဲ့အတွက် ကျွန်တော်တစ်ကယ်ကို ကျေနပ်မိပါတယ်။ ဒါကို ကျွန်တော့်အသင်းနဲ့ မျှဝေသွားမှာပါ ဘာကြောင့်လဲဆိုတော့ သူတို့က ရာသီစကတည်းက အကောင်းဆုံး စွမ်းဆောင်နေတာပါ။ ဒီလိုမျိုး ထပ်ပြီး စွမ်းဆောင်နိုင်ဖို့နဲ့ ဒီဆုကိုလည်း ထပ်ပြီး ရဖို့ မျှော်လင့်မိပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

 

ပရီးမီးယားလိဂ္ရဲ႕ စက္တင္ဘာလ တစ္လတာ အေကာင္းဆံုး ကစားသမား နဲ႔ အေကာင္းဆံုးနည္းျပ

ပရီးမီးယားလိဂ္ရဲ႕ စက္တင္ဘာလက တစ္လတာ အေကာင္းဆံုး ကစားသမား နဲ႔ နည္းျပဆုကို အဲဗာတန္အသင္းက တိုက္စစ္မွဴး ကဲလ္ဗက္လီ၀င္ နဲ႔ နည္းျပအန္စေလာ့တီတို႔က ဆြတ္ခူးသြားခဲ့ပါတယ္။အဂၤလန္လက္ေရြးစင္အသင္းအတြက္ ပြဲဦးထြက္မွာ ဂိုးသြင္းေပးခဲ့တဲ့ကဲလ္ဗက္လီ၀င္ဟာ ဒီဆုကို ပရီးမီးယားလိဂ္မွာ ပထမဆံုးအၾကိမ္ ရရွိႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ကဲလ္ဗက္လီ၀င္ ဟာ စက္တင္ဘာလမွာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲ မ်ားမွာ (၅) ဂိုးအထိ သြင္းယူေပးထားခဲ့ပါတယ္။

အဲဗာတန္နည္းျပ အန္စေလာ့တီကလည္း ပရီးမီးယားလိဂ္ရဲ႕ စက္တင္ဘာလ တစ္လတာ အေကာင္းဆံုးနည္းျပဆုကို ရရွိသြားခဲ့ပါတယ္။ အန္စေလာ့တီက “ဒီဆုကို ရရွိတဲ့အတြက္ ကၽြန္ေတာ္တစ္ကယ္ကို ေက်နပ္မိပါတယ္။ ဒါကို ကၽြန္ေတာ့္အသင္းနဲ႔ မွ်ေ၀သြားမွာပါ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ရာသီစကတည္းက အေကာင္းဆံုး စြမ္းေဆာင္ေနတာပါ။ ဒီလိုမ်ိဳး ထပ္ျပီး စြမ္းေဆာင္ႏိုင္ဖို႔နဲ႔ ဒီဆုကိုလည္း ထပ္ျပီး ရဖို႔ ေမွ်ာ္လင့္မိပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။