စိန့်အက်တီယန်အသင်းဆီ အငှားမချနိုင်ခဲ့တဲ့ ဆလီဘာကို ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းထံ အငှားချဦးမယ့် အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ အသက် ၁၉ နှစ်အရွယ်နောက်ခံလူ ဆလီဘာကို နောက်တစ်ပတ်မှာ ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းဆီ အငှားချဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တနလာၤနေ့က အပြောင်းအရွှေ့ပိတ်သိမ်းသွားသော်လည်း ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ချန်ပီယံရှစ် နဲ့ အောက်တိုဘာလ ၁၆ ရက်နေ့အထိ အပြောင်းအရွှေ့ ကိစ္စ လုပ်ဆောင်နိုင်ဆဲဖြစ်ပါတယ်။

နည်းပြအာတီတာဟာ ဆလီဘာကို ယူရိုပါလိဂ်ကစားမယ့် လူစာရင်းကနေ လည်း ချန်လှပ်ထားခဲ့လို့ အာဆင်နယ်အသင်းဟာ အသင်းရဲ့ ဆယ်ကျော်သက်ဗဟိုနောက်ခံလူကို အငှားချဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဆလီဘာဟာ ဒီနှစ်ဘောလုံးရာသီမှာ ဂန်းနားအသင်းအတွက် တစ်ပွဲမှာ ပါဝင်ကစားခွင့်မရသေးဘူးဖြစ်ပြီး အပြောင်းအရွှေ့ရာသီမှာ စိန့်အက်တီယန်အသင်းဆီကို နောက်တစ်ကြိမ် အငှားသွားကစားရန် နီးစပ်ခဲ့သူဖြစ်ပါတယ်။

ဆလီဘာကို ခေါ်ယူရန် ဘရန့်ဖိုဒ့်အသင်းနဲ့ အာဆင်နယ်အသင်းကြား ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဆလီဘာကို အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နှစ်က ပေါင် ၂၇ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ပြင်သစ်လီဂူး ၁ အသင်းထံ ချက်ခြင်းပဲ အငှားပြန်ချခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဒဏ်ရာပြင်းထန်စွာ (၂) ကြိမ် ရခဲ့လို့ လီဂူး၁ မှ (၁၅) ပွဲပဲ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

စိန္႔အက္တီယန္အသင္းဆီ အငွားမခ်ႏိုင္ခဲ့တဲ့ ဆလီဘာကို ခ်န္ပီယံရွစ္ကလပ္အသင္းတစ္သင္းထံ အငွားခ်ဦးမယ့္ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ အသက္ ၁၉ ႏွစ္အရြယ္ေနာက္ခံလူ ဆလီဘာကို ေနာက္တစ္ပတ္မွာ ခ်န္ပီယံရွစ္ကလပ္အသင္းတစ္သင္းဆီ အငွားခ်ဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ တနလာၤေန႔က အေျပာင္းအေရႊ႕ပိတ္သိမ္းသြားေသာ္လည္း ပရီးမီးယားလိဂ္ ကလပ္အသင္းေတြဟာ ခ်န္ပီယံရွစ္ နဲ႔ ေအာက္တိုဘာလ ၁၆ ရက္ေန႔အထိ အေျပာင္းအေရႊ႕ ကိစၥ လုပ္ေဆာင္ႏိုင္ဆဲျဖစ္ပါတယ္။

နည္းျပအာတီတာဟာ ဆလီဘာကို ယူရိုပါလိဂ္ကစားမယ့္ လူစာရင္းကေန လည္း ခ်န္လွပ္ထားခဲ့လို႔ အာဆင္နယ္အသင္းဟာ အသင္းရဲ႕ ဆယ္ေက်ာ္သက္ဗဟိုေနာက္ခံလူကို အငွားခ်ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ ဆလီဘာဟာ ဒီႏွစ္ေဘာလံုးရာသီမွာ ဂန္းနားအသင္းအတြက္ တစ္ပြဲမွာ ပါ၀င္ကစားခြင့္မရေသးဘူးျဖစ္ျပီး အေျပာင္းအေရႊ႕ရာသီမွာ စိန္႔အက္တီယန္အသင္းဆီကုိ ေနာက္တစ္ၾကိမ္ အငွားသြားကစားရန္ နီးစပ္ခဲ့သူျဖစ္ပါတယ္။

ဆလီဘာကို ေခၚယူရန္ ဘရန္႔ဖိုဒ့္အသင္းနဲ႔ အာဆင္နယ္အသင္းၾကား ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ ဆလီဘာကို အာဆင္နယ္အသင္းဟာ ျပီးခဲ့တဲ့ႏွစ္က ေပါင္ ၂၇ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ျပီး ျပင္သစ္လီဂူး ၁ အသင္းထံ ခ်က္ျခင္းပဲ အငွားျပန္ခ်ခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း ဒဏ္ရာျပင္းထန္စြာ (၂) ၾကိမ္ ရခဲ့လို႔ လီဂူး၁ မွ (၁၅) ပြဲပဲ ပါ၀င္ကစားခြင့္ရခဲ့ပါတယ္။