အိပ်မက်တစ်ခု ထပ်ပြီး အမှန်တစ်ကယ်ဖြစ်လာပြီလို့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ရပြီးနောက် ဆိုလိုက်တဲ့ အာဆင်နယ်လူငယ်ကစားသမား ဆာကာ

အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမား ဆာကာဟာ မနေ့ညက ဝေးလ်အသင်းကို အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ လက်ရွေးစင်အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်ကြယ်ပွင့်ကစားသမားလေးဟာ ဝင်ဘလေကွင်းမှာ (၃-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန် (၇၆) မိနစ်အထိ ကစားခဲ့ပြီး ဂိုးတွေကိုတော့ ကဲလ်ဗက်လီဝင်၊ ကိုအာဒီနဲ့ အင်းစ် တို့က သွင်းယူပေးခဲ့ပါတယ်။

ဥရောပရဲ့ စောင့်ကြည့်အခံရဆုံး ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ထားခြင်းခံထားရတဲ့ ဆာကာ ဟာ အာဆင်နယ်အသင်းအတွက် ပြီးခဲ့တဲ့ရာသီတွေမှာ ခြေစွမ်းပြကစားခဲ့ပြီးနောက် ကြာသပတေးနေ့က ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းမှာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အာဆင်နယ်အသင်းအတွက် ယူရိုပါလိဂ်အဝေးကွင်းမှာ ဖရန့်ဖတ်အသင်းဘက်ကို သူ့ရဲ့ ပထမဆုံးသွင်းဂိုးသွင်းယူပြီးနောက ်ဆာကာဟာ ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်ရလာပြီးနောက် ယခုအခါ လက်ရွေးစင်အသင်းကြီးမှာပါ ကစားခွင့်ရလာနေပါပြီ။

ကစားသမားဘ၀ မှာ ဒီလိုဖြစ်လာတာနဲ့ ပတ်သက်ပြီး ကြိုသိထားသလားလို့ မေးမြန်းခဲ့ရာ ဆာကာ က “ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ကူးလို့တောင် မရနိုင်ပါဘူး။ ဖရန့်ဖတ်နဲ့ ပွဲက မနေ့တစ်နေ့ကလိုပါပဲ ဆိုတာ မှတ်မိပါသေးတယ်။ အဲ့ဒီညက ကျွန်တော့်ရဲ့ အသင်းအတွက် ပွဲဦးထွက်ပွဲဖြစ်ပြီး ဂိုးလည်းသွင်းနိုင်ခဲ့လို့ အိပ်မက်တစ်ခု အမှန်တစ်ကယ် ဖြစ်လာခဲ့တဲ့ ထူးခြားတဲ့ ညတစ်ည ဖြစ်ပါတယ်။ အခုလည်း အင်္ဂလန်အသင်းမှာ ပွဲထွက်ကစားခွင့်ရလို့ နောက်ထပ် အိပ်မက်တစ်ခု ဖြစ်လာပါပြီ။ နောက်ထပ်လည်း အများကြီး ထပ်ဖြစ်လာဦးမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ နေရှင်းလိဂ်ပြိုင်ပွဲအဖြစ် တနင်္ဂနွေနေ့မှာလည်း ဝင်ဘလေကွင်း၌ ဘယ်လ်ဂျီယံအသင်းကို ဧည့်ခံကစားရမှာ ဖြစ်ပြီး အဲ့ဒီနောက် (၃) ရက်အကြာမှာ ဒိန်းမတ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

အိပ္မက္တစ္ခု ထပ္ျပီး အမွန္တစ္ကယ္ျဖစ္လာျပီလို႔ အဂၤလန္လက္ေရြးစင္အသင္းအတြက္ ကစားေပးခဲ့ရျပီးေနာက္ ဆိုလိုက္တဲ့ အာဆင္နယ္လူငယ္ကစားသမား ဆာကာ

အာဆင္နယ္အသင္းရဲ႕ လူငယ္ကစားသမား ဆာကာဟာ မေန႔ညက ေ၀းလ္အသင္းကိုု အႏိုင္ရခဲ့တဲ့ အဂၤလန္အသင္းရဲ႕ ႏိုင္ငံတကာေျခစမ္းပြဲမွာ လက္ေရြးစင္အသင္းအတြက္ ပထမဆံုးပြဲထြက္ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။ အာဆင္နယ္ၾကယ္ပြင့္ကစားသမားေလးဟာ ၀င္ဘေလကြင္းမွာ (၃-၀) န႔ဲ အႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲခ်ိန္ (၇၆) မိနစ္အထိ ကစားခဲ့ျပီး ဂိုးေတြကိုေတာ့ ကဲလ္ဗက္လီ၀င္၊ ကိုအာဒီနဲ႔ အင္းစ္ တို႔က သြင္းယူေပးခဲ့ပါတယ္။

ဥေရာပရဲ႕ ေစာင့္ၾကည့္အခံရဆံုး ကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ထားျခင္းခံထားရတဲ့ ဆာကာ ဟာ အာဆင္နယ္အသင္းအတြက္ ျပီးခဲ့တဲ့ရာသီေတြမွာ ေျခစြမ္းျပကစားခဲ့ျပီးေနာက္ ၾကာသပေတးေန႔က ဂါရတ္ေဆာက္ဂိတ္ရဲ႕အသင္းမွာ ပါ၀င္ခြင့္ရခဲ့တာျဖစ္ပါတယ္။ ျပီးခဲ့တဲ့ႏွစ္က အာဆင္နယ္အသင္းအတြက္ ယူရိုပါလိဂ္အေ၀းကြင္းမွာ ဖရန္႔ဖတ္အသင္းဘက္ကို သူ႔ရဲ႕ ပထမဆံုးသြင္းဂိုးသြင္းယူျပီးေနာက ္ဆာကာဟာ ကလပ္အသင္းမွာ ပံုမွန္ကစားခြင့္ရလာျပီးေနာက္ ယခုအခါ လက္ေရြးစင္အသင္းၾကီးမွာပါ ကစားခြင့္ရလာေနပါျပီ။

ကစားသမားဘ၀ မွာ ဒီလိုျဖစ္လာတာနဲ႔ ပတ္သက္ျပီး ၾကိဳသိထားသလားလို႔ ေမးျမန္းခဲ့ရာ ဆာကာ က “ မဟုတ္ပါဘူး။ ကၽြန္ေတာ္ စိတ္ကူးလို႔ေတာင္ မရႏိုင္ပါဘူး။ ဖရန္႔ဖတ္နဲ႔ ပြဲက မေန႔တစ္ေန႔ကလိုပါပဲ ဆိုတာ မွတ္မိပါေသးတယ္။ အဲ့ဒီညက ကၽြန္ေတာ့္ရဲ႕ အသင္းအတြက္ ပြဲဦးထြက္ပြဲျဖစ္ျပီး ဂိုးလည္းသြင္းႏိုင္ခဲ့လို႔ အိပ္မက္တစ္ခု အမွန္တစ္ကယ္ ျဖစ္လာခဲ့တဲ့ ထူးျခားတဲ့ ညတစ္ည ျဖစ္ပါတယ္။ အခုလည္း အဂၤလန္အသင္းမွာ ပြဲထြက္ကစားခြင့္ရလို႔ ေနာက္ထပ္ အိပ္မက္တစ္ခု ျဖစ္လာပါျပီ။ ေနာက္ထပ္လည္း အမ်ားၾကီး ထပ္ျဖစ္လာဦးမယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။

အဂၤလန္အသင္းဟာ ေနရွင္းလိဂ္ျပိဳင္ပြဲအျဖစ္ တနဂၤေႏြေန႔မွာလည္း ၀င္ဘေလကြင္း၌ ဘယ္လ္ဂ်ီယံအသင္းကို ဧည့္ခံကစားရမွာ ျဖစ္ျပီး အဲ့ဒီေနာက္ (၃) ရက္အၾကာမွာ ဒိန္းမတ္အသင္းနဲ႔ ကစားရမွာျဖစ္ပါတယ္။