ဘယ်လ်ဂျီယံ နဲ့ ခြေစမ်းပွဲကစားခဲ့တဲ့ အိုင်ဗရီကိုစ့် အသင်းမှာ ဒဏ်ရာရခဲ့တဲ့ နောက်ခံလူ ဘိုင်လီကြောင့် ခေါင်းကိုက်ရဦးမယ့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နောက်ခံလူ ဘိုင်လီဟာ အိုင်ဗရီကိုစ့်အသင်းအတွက် ဘယ်လ်ဂျီယံအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။(၁-၁) သရေကျခဲ့တဲ့ ခြေစမ်းပွဲရဲ့ ပွဲကစားချိန်မိနစ် (၇၀) မှာ လူစားလဲပြီး ခြေထော့နင်းထော့နင်းနဲ့ ထွက်ခွာခဲ့ရတာဖြစ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှား အတွက်တော့ ခေါင်းကိုက်ရဖွယ်ရှိနေပါတယ်။ ယူနိုက်တက်အသင်းရဲ့ နော်ဝေးလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အိုးထရက်ဖိုဒ့်မှာ စပါးအသင်းကို နောက်တန်းကစားပုံ ဆိုးရွားမှုနဲ့အတူ (၆-၁) နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

အဆိုပါနေ့က ကစားခဲ့တဲ့ ပွဲမှာ ဆိုးလ်ရှားက လင်ဒီလော့ဖ်အစား ဘိုင်လီကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။သို့သော်လည်း ဘိုင်လီကတော့ သူ့ရဲ့ တံကောက်ကြောမှာ ဒဏ်ရာ မရခဲ့ဘူးလို့ ဝန်ခံပြောသွားခဲ့ပါတယ်။ “ကျွန်တော့်ကို စိုးရိမ်နေကြလို့ ကျေးဇူးတင်ပါတယ်။ ဒဏ်ရာက သာမန်ထိခိုက်မှုပါပဲ။ ကျွန်တော်အခြေအနေကောင်းပါတယ်” လို့ အင်စတာဂရမ်မှာ ရေးသားတင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ စမောလင်းကို ရိုးမားအသင်းထံ ရောင်းချခဲ့တာဖြစ်လို့ ဗဟိုနောက်ခံလူနေရာမှာ လင်ဒီလော့ဖ် နဲ့ အသင်းခေါင်းဆောင် မက်ဂွဲရားတို့ (၂) ယောက်ပဲ လောက်လောက်လားလား ရှိနေပါတယ်။ ဖီးလ်ဂျုံးစ် နဲ့ ရိုဂျို တို့ (၂) ယောက်စလုံးက အသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်းကနေ ဒီတစ်ပတ်မှာပဲ ချန်ထားခြင်းခံရတာဖြစ်လို့ နည်းပြရဲ့ စိတ်ကြိုက်နောက်ခံလူတွေမဟုတ်ဘူးလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

ဘယ္လ္ဂ်ီယံ နဲ႔ ေျခစမ္းပြဲကစားခဲ့တဲ့  အိုင္ဗရီကိုစ့္ အသင္းမွာ ဒဏ္ရာရခဲ့တဲ့ ေနာက္ခံလူ ဘိုင္လီေၾကာင့္ ေခါင္းကိုက္ရဦးမယ့္ ယူႏိုက္တက္နည္းျပ ဆုိးလ္ရွား

ယူႏိုက္တက္ေနာက္ခံလူ ဘိုင္လီဟာ အိုင္ဗရီကိုစ့္အသင္းအတြက္ ဘယ္လ္ဂ်ီယံအသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။(၁-၁) သေရက်ခဲ့တဲ့ ေျခစမ္းပြဲရဲ႕ ပြဲကစားခ်ိန္မိနစ္ (၇၀) မွာ လူစားလဲျပီး ေျခေထာ့နင္းေထာ့နင္းနဲ႔ ထြက္ခြာခဲ့ရတာျဖစ္လို႔  ယူႏိုက္တက္နည္းျပဆိုးလ္ရွား အတြက္ေတာ့ ေခါင္းကိုက္ရဖြယ္ရွိေနပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ေနာ္ေ၀းလူမ်ိဳးနည္းျပဟာ ျပီးခဲ့တဲ့တနဂၤေႏြေန႔က အိုးထရက္ဖုိဒ့္မွာ စပါးအသင္းကို ေနာက္တန္းကစားပံု ဆုိးရြားမႈနဲ႔အတူ (၆-၁) နဲ႔ ဂိုးျပတ္ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။

အဆိုပါေန႔က ကစားခဲ့တဲ့ ပြဲမွာ ဆိုးလ္ရွားက လင္ဒီေလာ့ဖ္အစား ဘိုင္လီကို ပြဲထြက္လူစာရင္းမွာ ထည့္သြင္းခဲ့ပါတယ္။သို႔ေသာ္လည္း ဘိုင္လီကေတာ့ သူ႔ရဲ႕ တံေကာက္ေၾကာမွာ ဒဏ္ရာ မရခဲ့ဘူးလို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ “ကၽြန္ေတာ့္ကို စိုးရိမ္ေနၾကလို႔ ေက်းဇူးတင္ပါတယ္။ ဒဏ္ရာက သာမန္ထိခိုက္မႈပါပဲ။ ကၽြန္ေတာ္အေျခအေနေကာင္းပါတယ္” လို႔ အင္စတာဂရမ္မွာ ေရးသားတင္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ စေမာလင္းကို ရိုးမားအသင္းထံ ေရာင္းခ်ခဲ့တာျဖစ္လို႔ ဗဟိုေနာက္ခံလူေနရာမွာ လင္ဒီေလာ့ဖ္ နဲ႔ အသင္းေခါင္းေဆာင္ မက္ဂြဲရားတို႔ (၂) ေယာက္ပဲ ေလာက္ေလာက္လားလား ရွိေနပါတယ္။ ဖီးလ္ဂ်ံဳးစ္ နဲ႔ ရိုဂ်ိဳ တို႔ (၂) ေယာက္စလံုးက အသင္းရဲ႕ ခ်န္ပီယံလိဂ္ လူစာရင္းကေန ဒီတစ္ပတ္မွာပဲ ခ်န္ထားျခင္းခံရတာျဖစ္လို႔ နည္းျပရဲ႕ စိတ္ၾကိဳက္ေနာက္ခံလူေတြမဟုတ္ဘူးလို႔ သတ္မွတ္ရမွာျဖစ္ပါတယ္။