အာဆင်နယ်ကို မပြောင်းရလို့ စိတ်ပျက်ခြင်းမရှိတဲ့ လိုင်ယွန်ကွင်းလယ်လူ အော်ယူအာ

လိုင်ယွန်ကွင်းလယ်လူ အော်ယူအာဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ လိုင်ယွန်အသင်းမှာပဲ ဆက်ရှိနေရလို့ ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့နောက်ဆုံးအပတ်မှာရောက်တုန်းက အသက် ၂၂ နှစ်အရွယ်ကစားသမားကို အာဆင်နယ်အသင်းက ခေါ်ယူရန် ကြိမ်ဖန်များစွာ ဆက်သွယ်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း အာဆင်နယ်အသင်းဟာ လိုင်ယွန်အသင်းက တောင်းဆိုတဲ့ ပေါင် ၅၄ သန်းကြောင့် ဆွေးနွေးမှုကို သဘောတူညီမှု မရခဲ့ပါဘူး။ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ခွင့်မရခဲ့လို့ အော်ယူအာဟာ စိတ်ပျက်နေခြင်းမရှိပဲ လီဂူး ၁ အသင်းမှာပဲ ကာလရှည် ဆက်နေပြီး တိုးတက်အောင် လုပ်သွားချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းအတွက် တာဝန်ထမ်းဆောင်နေတဲ့ ကွင်းလယ်လူဟာ သတင်းထောက်များကို “ဟုတ်ပါတယ်၊ ကျွန်တော့်အတွက် လိုအပ်တဲ့ မေးခွန်းမှန်သမျှကို ကျွန်တော့်ကိုယ့်ကိုယ်ကိုယ် မေးခဲ့ပါတယ်။ ကျွန်တော်တို့ ဆုံးရှုံးခဲ့တဲ့အမှတ်တွေကို အသင်းအတွက် ပြန်လည်ရယူပေးပြီး အကောင်းဆုံးရလဒ်တွေ ထွက်ပေါ်အောင်ပဲ ကြိုးစားချင်တဲ့ စိတ်တွေ ခေါင်းထဲမှာ ရှိနေပါတယ်။

အကောင်းဆုံးရာသီဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပြီး ပြင်သစ်လီဂူး ၁ မှာလည်း ထိပ်ဆုံးကို ပြန်ရောက်အောင် လုပ်သွားမှာပါ။ စိတ်ပျက်နေသလားဆိုတော့ မဖြစ်ပါဘူး။ ကျွန်တော်က အခု အိမ်မှာပါ။ ကျွန်တော်ချစ်တဲ့ နေရာမှာ ရှိနေတာပါ။ ကျွန်တော့်သူငယ်ချင်းနဲ့ ကျွန်တော့်မိသားစုတွေ လည်း ဒီမှာပါ” လို့ ပြောသွားခဲ့ပါတယ်။

အော်ယူအာ ပထမဆုံးပွဲထွက်ပါဝင်ကစားခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်းဟာ ဗုဒ္ဓဟူးနေ့က ယူကရိန်းအသင်းနဲ့ ခြေစွမ်းပွဲမှာ (၇-၁) ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

အာဆင္နယ္ကို မေျပာင္းရလို႔ စိတ္ပ်က္ျခင္းမရွိတဲ့ လိုင္ယြန္ကြင္းလယ္လူ ေအာ္ယူအာ

လိုင္ယြန္ကြင္းလယ္လူ ေအာ္ယူအာဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ လိုင္ယြန္အသင္းမွာပဲ ဆက္ရွိေနရလို႔ ေပ်ာ္ရႊင္ေနတယ္လို႔ သိရပါတယ္။ အေျပာင္းအေရႊ႕ေနာက္ဆံုးအပတ္မွာေရာက္တုန္းက အသက္ ၂၂ ႏွစ္အရြယ္ကစားသမားကို အာဆင္နယ္အသင္းက ေခၚယူရန္ ၾကိမ္ဖန္မ်ားစြာ ဆက္သြယ္မႈေတြ လုပ္ခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း အာဆင္နယ္အသင္းဟာ လိုင္ယြန္အသင္းက ေတာင္းဆိုတဲ့ ေပါင္ ၅၄ သန္းေၾကာင့္ ေဆြးေႏြးမႈကို သေဘာတူညီမႈ မရခဲ့ပါဘူး။ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ခြင့္မရခဲ့လို႔ ေအာ္ယူအာဟာ စိတ္ပ်က္ေနျခင္းမရွိပဲ လီဂူး ၁ အသင္းမွာပဲ ကာလရွည္ ဆက္ေနျပီး တိုးတက္ေအာင္ လုပ္သြားခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျပင္သစ္လက္ေရြးစင္အသင္းအတြက္ တာ၀န္ထမ္းေဆာင္ေနတဲ့ ကြင္းလယ္လူဟာ သတင္းေထာက္မ်ားကို “ဟုတ္ပါတယ္၊ ကၽြန္ေတာ့္အတြက္ လိုအပ္တဲ့ ေမးခြန္းမွန္သမွ်ကို ကၽြန္ေတာ့္ကိုယ့္ကိုယ္ကိုယ္ ေမးခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ဆံုးရႈံးခဲ့တဲ့အမွတ္ေတြကို အသင္းအတြက္ ျပန္လည္ရယူေပးျပီး အေကာင္းဆံုးရလဒ္ေတြ ထြက္ေပၚေအာင္ပဲ ၾကိဳးစားခ်င္တဲ့ စိတ္ေတြ ေခါင္းထဲမွာ ရွိေနပါတယ္။

အေကာင္းဆံုးရာသီျဖစ္ေအာင္ ၾကိဳးစားသြားမွာျဖစ္ျပီး ျပင္သစ္လီဂူး ၁ မွာလည္း ထိပ္ဆံုးကို ျပန္ေရာက္ေအာင္ လုပ္သြားမွာပါ။ စိတ္ပ်က္ေနသလားဆိုေတာ့ မျဖစ္ပါဘူး။ ကၽြန္ေတာ္က အခု အိမ္မွာပါ။ ကၽြန္ေတာ္ခ်စ္တဲ့ ေနရာမွာ ရွိေနတာပါ။ ကၽြန္ေတာ့္သူငယ္ခ်င္းနဲ႔ ကၽြန္ေတာ့္မိသားစုေတြ လည္း ဒီမွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။

ေအာ္ယူအာ ပထမဆံုးပြဲထြက္ပါ၀င္ကစားခဲ့တဲ့ ျပင္သစ္လက္ေရြးစင္အသင္းဟာ ဗုဒၶဟူးေန႔က ယူကရိန္းအသင္းနဲ႔ ေျခစြမ္းပြဲမွာ (၇-၁) ရလဒ္နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ပါတယ္။