ချဲလ်ဆီးဂိုးသမားအသစ် မန်ဒီ လက်ရွေးစင်အသင်းမှာ ဒဏ်ရာရရှိ
ချဲလ်ဆီးအသင်းက ခေါ်ယူထားတဲ့ ဂိုးသမားအသစ် မန်ဒီဟာ ဆီနီဂေါလက်ရွေးစင်အသင်းမှာ ပေါင်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရင်းနက်စ်အသင်းဆီကနေ အသက် ၂၈ နှစ်အရွယ်ကစားသမား မန်ဒီကို ကီပါနေရာမှာ အစားထိုးရန် ခေါ်ယူခဲ့တာဖြစ်ပါတယ်။
မန်ဒီဟာ အသင်းအတွက် (၂) ပွဲကစားခဲ့ရထားသော်လည်း ယခုအခါ အနားယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဆီနီဂေါလက်ရွေးစင် ဘောလုံးအဖွဲ့ချုပ်က ကြာသတေးနေ့က ထုတ်ပြန်ကြေညာချက်မှာ ချဲလ်ဆီးအသင်းက အသစ်ခေါ်ယူထားတဲ့ ဂိုးသမားဟာ ဒီတစ်ပတ်အစောပိုင်းမှာ ပေါင်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အခြားသော များစွာတဲ့ ဒဏ်ရာပြဿနာတွေလည်း မရှင်းမလင်းဖြစ်နေပြီး မန်ဒီဟာ မော်ရိုကို နဲ့ မော်ရစ်တာနီးယားအသင်းနဲ့ ပွဲကို တော့ ပါဝင်ကစားနိုင်မှာ မဟုတ်တော့ပါဘူး။ ချဲလ်ဆီးအသင်းဟာ အောက်တိုဘာလ ၁၇ ရက်နေ့မှာ စတန်းဖိုဒ့်ဘရစ်ချ်၌ ဆောက်သမ်တန်အသင်းကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။