ပရိသတ်အမုန်းကို တမင်တကာ လိုက်ယူနေတာလား ဆိုပြီး မေးရတော့မယ့် ပေါ့ဘာ


၂၀၁၆-၁၇ ဘောလုံးရာသီက ယူနိုက်တက်နည်းပြဖြစ်တဲ့ မော်ရင်ဟိုက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါငါ၈၉.၃ သန်းနဲ့ ခေါ်ယူလိုက်တဲ့ ကွင်းလယ်လူပေါ့ဘာ ဟာ အရည်အချင်းရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ပုံမှန်ခြေစွမ်းမရှိတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ မော်ရင်ဟိုနဲ့အတူ ပေါ့ဘာ ဟာ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေ ရယူနိုင် တဲ့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။


ပေါ့ဘာဟာ ဒဏ်ရာလည်း မကြာခဏရတတ်သူဖြစ်ပြီး ဒဏ်ရာတွေကပဲ သူရဲ့ခြေစွမ်းကို ပျက်ဆီးစေတာလားဆိုတာလည်း မေးခွန်းထုတ်ရမှာပါ။ ယူနိုက်တက်အသင်းကွင်းလယ်ရဲ့ အဓိက,ကစားသမားတစ်ဦးဖြစ်ပေမယ့် အပြောင်းအရွှေ့ရာသီတွေ မှာ အသင်းပြောင်းရွှေ့မယ့်သတင်းတွေလည်း ထွက်ပေါ်ခဲ့သူလည်းဖြစ်ပါတယ်။ ရီးရဲလ် ၊ အသင်းဟောင်းဖြစ်တဲ့ ဂျူဗင်တပ် ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်ဆိုပေမယ့် အပြောင်းအရွှေ့ကတော့ ဖြစ်မြောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။


ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကို ဖာနန်ဒက်စ်ရောက်လာပြီး အသင်းကွင်းလယ်မှာ ခြေစွမ်းပြနိုင်ပြီးနောက်
ပေါ့ဘာဒဏ်ရာကသက်သာလာချိန်မှာလည်း အကောင်းဆုံးတွဲကစားနိုင်ခဲ့တာကြောင့် အသင်းမှာပဲ ဆက်ကစားတော့မယ် လို့ ပေါ့ဘာက ပြောခဲ့ဖူးပါတယ်။ ဒီနှစ်နွေရာသီမှာတော့ အသင်းကို အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိတ်ခ် ရောက်ရှိလာတာ ကြောင့် ကွင်းလယ်ပိုင်းမှာ ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့နဲ့ နေရာယှဉ်လုရဖို့ ဖြစ်လာပါတယ်။


ပေါ့ဘာရဲ့ ခြေစွမ်းမတည်ငြိမ်မှုကြောင့် သတင်းတွေက အသင်းရဲ့ကွင်းလယ်နေရာမှာ ဖာနန်ဒက်စ်နဲ့ ပေါ့ဘာကို သုံးတာ ထက် ဖာနန်ဒက်စ်နဲ့ ဗန်ဒီဘိတ်ခ်ကို သုံးတာပိုပြီး သင့်တော်တယ်လို့ ရေးသားအပြီးမှာတော့ ပေါ့ဘာက ရီးရဲလ်အတွက် ကစားချင်တဲ့ ကျွန်တော်ရဲ့ အိပ်မက်က တစ်နေ့မှာ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ ဆိုပြီးပြောခဲ့တာကြောင့် လက်ရှိဈေးကွက် ပိတ်သွားချိန်မှာ ပရိသတ်တွေရဲ့ အမုန်းကို ခံယူလိုက်တာလားတို့တောင် ပေါ့ဘာကို မေးရမလို ဖြစ်နေပါတယ်။

zawgyi version

ပရိသတ္အမုန္းကို တမင္တကာ လိုက္ယူေနတာလား ဆိုၿပီး ေမးရေတာ့မယ့္ ေပါ့ဘာ
**************************************
၂၀၁၆-၁၇ ေဘာလံုးရာသီက ယူႏိုက္တက္နည္းျပျဖစ္တဲ့ ေမာ္ရင္ဟိုက ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါငါ၈၉.၃ သန္းနဲ႔ ေခၚယူလိုက္တဲ့ ကြင္းလယ္လူေပါ့ဘာ ဟာ အရည္အခ်င္းရွိတဲ့ကစားသမားတစ္ေယာက္ျဖစ္ေပမယ့္ ပံုမွန္ေျခစြမ္းမရွိတဲ့ ကစားသမားတစ္ေယာက္လည္းျဖစ္ပါတယ္။ ေမာ္ရင္ဟိုနဲ႔အတူ ေပါ့ဘာ ဟာ လိဂ္ဖလားနဲ႔ ယူရိုပါလိဂ္ဖလားေတြ ရယူႏိုင္ တဲ့ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
ေပါ့ဘာဟာ ဒဏ္ရာလည္း မၾကာခဏရတတ္သူျဖစ္ၿပီး ဒဏ္ရာေတြကပဲ သူရဲ႕ေျခစြမ္းကို ပ်က္ဆီးေစတာလားဆိုတာလည္း ေမးခြန္းထုတ္ရမွာပါ။ ယူႏိုက္တက္အသင္းကြင္းလယ္ရဲ႕ အဓိက,ကစားသမားတစ္ဦးျဖစ္ေပမယ့္ အေျပာင္းအေရႊ႕ရာသီေတြ မွာ အသင္းေျပာင္းေရႊ႕မယ့္သတင္းေတြလည္း ထြက္ေပၚခဲ့သူလည္းျဖစ္ပါတယ္။ ရီးရဲလ္ ၊ အသင္းေဟာင္းျဖစ္တဲ့ ဂ်ဴဗင္တပ္ ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့တယ္ဆိုေပမယ့္ အေျပာင္းအေရႊ႕ကေတာ့ ျဖစ္ေျမာက္ခဲ့ျခင္းမရွိခဲ့ပါဘူး။
ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းကို ဖာနန္ဒက္စ္ေရာက္လာၿပီး အသင္းကြင္းလယ္မွာ ေျခစြမ္းျပႏုိင္ၿပီးေနာက္ ေပါ့ဘာဒဏ္ရာကသက္သာလာခ်ိန္မွာလည္း အေကာင္းဆံုးတြဲကစားႏုိင္ခဲ့တာေၾကာင့္ အသင္းမွာပဲ ဆက္ကစားေတာ့မယ္ လို႔ ေပါ့ဘာက ေျပာခဲ့ဖူးပါတယ္။ ဒီႏွစ္ေႏြရာသီမွာေတာ့ အသင္းကို ေအဂ်က္ကြင္းလယ္လူ ဗန္ဒီဘိတ္ခ္ ေရာက္ရွိလာတာ ေၾကာင့္ ကြင္းလယ္ပိုင္းမွာ ေပါ့ဘာ၊ ဖာနန္ဒက္စ္တုိ႔နဲ႔ ေနရာယွဥ္လုရဖို႔ ျဖစ္လာပါတယ္။
ေပါ့ဘာရဲ႕ ေျခစြမ္းမတည္ျငိမ္မႈေၾကာင့္ သတင္းေတြက အသင္းရဲ႕ကြင္းလယ္ေနရာမွာ ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာကို သံုးတာ ထက္ ဖာနန္ဒက္စ္နဲ႔ ဗန္ဒီဘိတ္ခ္ကို သံုးတာပိုၿပီး သင့္ေတာ္တယ္လို႔ ေရးသားအၿပီးမွာေတာ့ ေပါ့ဘာက ရီးရဲလ္အတြက္ ကစားခ်င္တဲ့ ကြ်န္ေတာ္ရဲ႕ အိပ္မက္က တစ္ေန႔မွာ ဘာေၾကာင့္မျဖစ္ႏိုင္ရမွာလဲ ဆိုၿပီးေျပာခဲ့တာေၾကာင့္ လက္ရွိေစ်းကြက္ ပိတ္သြားခ်ိန္မွာ ပရိသတ္ေတြရဲ႕ အမုန္းကို ခံယူလုိက္တာလားတို႔ေတာင္ ေပါ့ဘာကို ေမးရမလို ျဖစ္ေနပါတယ္။