ဒီဘရူနီကို တစ်ပတ်ပေါင်သုံးသိန်းနဲ့ ငါးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုဖို့ လုပ်ဆောင်နေတဲ့ မန်စီးတီး


မန်စီးတီးအသင်းတာဝန်ရှိသူတွေဟာ အသင်းရဲ့ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဒီဘရူနီကို တစ်ပတ်လုပ်ခလစာပေါင် သုံးသိန်းနဲ့ ငါးနှစ်စာချုပ်သစ်ချုပ်ဆိုဖို့အတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ Sportsmail ရဲ့ဖော်ပြချက်အရတော့ ဒီဘရူနီရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်တာကြောင့် မန်စီးတီးဘက်က နောက်ထပ် ၂နှစ် စာချုပ်သက်တမ်းတိုးတာဖြစ်တယ်လို့လည်း သိရပါတယ်။


စာချုပ်သစ်အတွက် ဒီဘရူနီနဲ့ ရှေနေ့ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းက ဆွေးနွေးမှုတွေပြုလုပ် နေကြပေမယ့် သဘောတူညီမှု မရသေးဘူးလို့လည်း သိရပါတယ်။ ဒီရာသီမှာ ဒေးဗစ်ဆေးလ်ဗား ထွက်သွားသလို လာမယ့်ရာသီမှာလည်း လက်ရှိအသင်းခေါင်းဆောင်ဖြစ်တဲ့ ဖာနန်ဒင်ဟိုကလည်း အနားယူဖို့ရှိနေတာကြောင့် မန်စီးတီး အနေနဲ့ ဒီဘရူနီကို အသင်းရဲ့ကွင်းလယ်မှာ ဆက်ထိန်းဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။


ဒီဘရူနီဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု၊ PFA ရဲ့တစ်နှစ်တာ အကောင်းဆုံးက စားသမားဆုတွေကို ရရှိခဲ့သလို ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်မှာလည်း အကောင်းဆုံးကွင်းလယ်ကစားသမားဆုကိုရရှိခဲ့သူဖြစ်ပါ တယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဒီဘရူနီအနေနဲ့ မန်စီးတီးဘက်က ကမ်းလှမ်းတဲ့ ငါးနှစ်စာချုပ်ကို လက်ခံခဲ့မယ်ဆိုပါက အသက် ၃၄ နှစ်အရွယ်အထိ အသင်းမှာ ဆက်ရှိနေမှာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်း တာဝန်ရှိသူတွေကတော့ ဒီဘရူနီ ကို အသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးသွားဖို့ အလိုရှိနေတယ်လို့လည်း သိရပါတယ်။

zawgyi version

ဒီဘရူနီကို တစ္ပတ္ေပါင္သံုးသိန္းနဲ႔ ငါးႏွစ္သက္တမ္းရွိ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ လုပ္ေဆာင္ေနတဲ့ မန္စီးတီး
မန္စီးတီးအသင္းတာဝန္ရွိသူေတြဟာ အသင္းရဲ႕ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ ဒီဘရူနီကို တစ္ပတ္လုပ္ခလစာေပါင္ သံုးသိန္းနဲ႔ ငါးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔အတြက္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ Sportsmail ရဲ႕ေဖာ္ျပခ်က္အရေတာ့ ဒီဘရူနီရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္မွ ကုန္ဆံုးမွာျဖစ္တာေၾကာင့္ မန္စီးတီးဘက္က ေနာက္ထပ္ ၂ႏွစ္ စာခ်ဳပ္သက္တမ္းတိုးတာျဖစ္တယ္လို႔လည္း သိရပါတယ္။
စာခ်ဳပ္သစ္အတြက္ ဒီဘရူနီနဲ႔ ေရွေန႔ကိုယ္စားလွယ္ေတြဟာ ၿပီးခဲ့တဲ့သီတင္းပတ္ေတြကတည္းက ေဆြးေႏြးမႈေတြျပဳလုပ္ ေနၾကေပမယ့္ သေဘာတူညီမႈ မရေသးဘူးလို႔လည္း သိရပါတယ္။ ဒီရာသီမွာ ေဒးဗစ္ေဆးလ္ဗား ထြက္သြားသလုိ လာမယ့္ရာသီမွာလည္း လက္ရွိအသင္းေခါင္းေဆာင္ျဖစ္တဲ့ ဖာနန္ဒင္ဟိုကလည္း အနားယူဖို႔ရွိေနတာေၾကာင့္ မန္စီးတီး အေနနဲ႔ ဒီဘရူနီကို အသင္းရဲ႕ကြင္းလယ္မွာ ဆက္ထိန္းဖို႔ ၾကိဳးစားေနတာပဲ ျဖစ္ပါတယ္။
ဒီဘရူနီဟာ မန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္အေကာင္းဆံုးကစားသမားဆု၊ PFA ရဲ႕တစ္ႏွစ္တာ အေကာင္းဆံုးက စားသမားဆုေတြကို ရရွိခဲ့သလို ၿပီးခဲ့တဲ့ႏွစ္ ခ်န္ပီယံလိဂ္မွာလည္း အေကာင္းဆံုးကြင္းလယ္ကစားသမားဆုကိုရရွိခဲ့သူျဖစ္ပါ တယ္။ အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ ဒီဘရူနီအေနနဲ႔ မန္စီးတီးဘက္က ကမ္းလွမ္းတဲ့ ငါးႏွစ္စာခ်ဳပ္ကို လက္ခံခဲ့မယ္ဆိုပါက အသက္ ၃၄ ႏွစ္အရြယ္အထိ အသင္းမွာ ဆက္ရွိေနမွာပဲ ျဖစ္ပါတယ္။ မန္စီးတီးအသင္း တာဝန္ရွိသူေတြကေတာ့ ဒီဘရူနီ ကို အသင္းမွာပဲ ကစားသမားဘဝကုန္ဆံုးသြားဖို႔ အလိုရွိေနတယ္လို႔လည္း သိရပါတယ္။