ဘာစီလိုနာက ကျွန်တော်ကို ပြန်ခေါ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ ဝုဗ်တောင်ပံကစားသမား အဒမ်မာ ထရာအိုရေး


ဘာစီလိုနာအသင်းရဲ့ နာမည်ကြီးအကယ်ဒမီတစ်ခုက ပေါ်ထွက်လာခဲ့ပေမယ့် လူငယ်အသင်းမှာပဲကစားခွင့်ရခဲ့ပြီး အသင်း ကြီးအတွက် ၂၀၁၃-၁၄ ဘောလုံးရာသီမှာ တစ်ပွဲပဲ ကစားခွင့်ရခဲ့တဲ့ ဝုဗ်တောင်ပံကစားသမား အဒမ်မာ ထအိုရေးက အသင်းဟောင်းအနေနဲ့ သူကို ပြန်လည်ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။ ထရာအိုရေးဟာ ဘာစီလိုနာက ထွက်လာပြီးနောက် အက်စ်တွန်ဗီလာ၊ မစ်ဒယ်ဘရော့အသင်းတွေမှာ ကစားပြီးမှ ဝုလ်ဗာဟမ်တန်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။


အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ထရာအိုရေးကို စပိန်နည်းပြ အင်းနရစ်ကတော့ လက်ရွေးစင်အသင်းကြီးအတွက် ပေါ်တူဂီနဲ့ဂိုးမ ရှိသရေကျတဲ့ပွဲမှာ ပထမဆုံးကစားခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ လာမယ့်စနေနေ့မှာ ကစားမယ့် ဆွစ်ဇာလန်နဲ့ပွဲမတိုင် ခင် ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ထရာအိုရေးက “ ကျွန်တော်ဘက်က ကျွန်တော်လုပ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ တွေကို တစ်နေ့ထက်တစ်နေ့ ကောင်းအောင်လုပ်သွားပါ။ ဘာစီလိုနာကို ပြောင်းဖို့က ကျွန်တော်လုပ်လို့မရပါဘူး။ ဘာစီလို နာဘက်က လုပ်မှရမှာပါ” လို့ ပြောခဲ့ပါတယ်။


ဘာစီလိုနာအတွက် ဒီရာသီခြေစွမ်းပြနေတဲ့ အန်ဆုဖာတီနဲ့ ထရာအိုရေးတို့ဟာ လူငယ်ကစားသမားဘဝတုန်းက အတူတွဲ ကစားဖူးသူတွေဖြစ်ပြီး ရင်းနှီးတဲ့သူငယ်ချင်းတွေလို့လည်းသိရပါတယ်။ ထရာအိုရေးက “ သူ(အန်ဆုဖာတီ)နဲ့ စကားအမြဲ လိုလိုပြောဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှာ ကျွန်တော်က မရှိတော့တာ နှစ်ပေါင်းကြာနေပေမယ့် သူကအခုချိန်ထိရှိနေ သေးပါတယ်။ တစ်ချိန်ချိန်မှာ အတူတူတွဲကစားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။


စပိန်နည်းပြဖြစ်တဲ့ အင်းနရစ်ကတော့ “ ထရာအိုရေးရဲ့ ကြွက်သားတွေက ကိုယ်ခန္ဓာအလေးချိန်ကို မများစေပါဘူး။သူ အ နေနဲ့ အလုပ်ကို အကောင်းဆုံးလုပ်နိုင်ပါတယ်။ဒါကြောင့်လည်း သူကိုလက်ရွေးစင်အသင်းကြီးမှာ ကစားဖို့အတွက် အခွင့် အရေးပေးခဲ့တာပါ။ ပွဲအပြီးမှာ သူအနေနဲ့ အကောင်းဆုံးလုပ်နိုင်ခဲ့ရဲ့လားဆိုပြီး ကျွန်တော်ကို လာမေးခဲ့ပါတယ်” လို့ ပြော ခဲ့ပါတယ်။

zawgyi version

ဘာစီလိုနာက ကြ်န္ေတာ္ကို ျပန္ေခၚမွာ မဟုတ္ဘူးလို႔ ေျပာခဲ့တဲ့ ဝုဗ္ေတာင္ပံကစားသမား အဒမ္မာ ထရာအိုေရး
ဘာစီလိုနာအသင္းရဲ႕ နာမည္ၾကီးအကယ္ဒမီတစ္ခုက ေပၚထြက္လာခဲ့ေပမယ့္ လူငယ္အသင္းမွာပဲကစားခြင့္ရခဲ့ၿပီး အသင္း ၾကီးအတြက္ ၂၀၁၃-၁၄ ေဘာလံုးရာသီမွာ တစ္ပြဲပဲ ကစားခြင့္ရခဲ့တဲ့ ဝုဗ္ေတာင္ပံကစားသမား အဒမ္မာ ထအိုေရးက အသင္းေဟာင္းအေနနဲ႔ သူကို ျပန္လည္ေခၚယူမွာ မဟုတ္ဘူးလို႔ ေျပာၾကားသြားခဲ့ပါတယ္။ ထရာအိုေရးဟာ ဘာစီလိုနာက ထြက္လာၿပီးေနာက္ အက္စ္တြန္ဗီလာ၊ မစ္ဒယ္ဘေရာ့အသင္းေတြမွာ ကစားၿပီးမွ ဝုလ္ဗာဟမ္တန္ကို ေရာက္ရွိခဲ့တာ ျဖစ္ ပါတယ္။
အသက္ ၂၄ နွစ္ရွိၿပီျဖစ္တဲ့ ထရာအိုေရးကုိ စပိန္နည္းျပ အင္းနရစ္ကေတာ့ လက္ေရြးစင္အသင္းၾကီးအတြက္ ေပၚတူဂီနဲ႔ဂိုးမ ရွိသေရက်တဲ့ပြဲမွာ ပထမဆံုးကစားခြင့္ေပးခဲ့တယ္လို႔ သိရပါတယ္။ လာမယ့္စေနေန႔မွာ ကစားမယ့္ ဆြစ္ဇာလန္နဲ႔ပြဲမတိုင္ ခင္ ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာေတာ့ ထရာအိုေရးက “ ကြ်န္ေတာ္ဘက္က ကြ်န္ေတာ္လုပ္ႏိုင္တဲ့ စိတ္ပိုင္းဆိုင္ရာ ေတြကို တစ္ေန႔ထက္တစ္ေန႔ ေကာင္းေအာင္လုပ္သြားပါ။ ဘာစီလိုနာကို ေျပာင္းဖို႔က ကြ်န္ေတာ္လုပ္လို႔မရပါဘူး။ ဘာစီလို နာဘက္က လုပ္မွရမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဘာစီလိုနာအတြက္ ဒီရာသီေျခစြမ္းျပေနတဲ့ အန္ဆုဖာတီနဲ႔ ထရာအိုေရးတို႔ဟာ လူငယ္ကစားသမားဘဝတုန္းက အတူတြဲ ကစားဖူးသူေတြျဖစ္ၿပီး ရင္းႏွီးတဲ့သူငယ္ခ်င္းေတြလို႔လည္းသိရပါတယ္။ ထရာအိုေရးက “ သူ(အန္ဆုဖာတီ)နဲ႔ စကားအျမဲ လိုလုိေျပာျဖစ္ပါတယ္။ ဘာစီလုိနာအသင္းမွာ ကြ်န္ေတာ္က မရွိေတာ့တာ ႏွစ္ေပါင္းၾကာေနေပမယ့္ သူကအခုခ်ိန္ထိရွိေန ေသးပါတယ္။ တစ္ခ်ိန္ခ်ိန္မွာ အတူတူတြဲကစားႏိုင္မယ္လို႔လည္း ယံုၾကည္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
စပိန္နည္းျပျဖစ္တဲ့ အင္းနရစ္ကေတာ့ “ ထရာအိုေရးရဲ႕ ၾကြက္သားေတြက ကိုယ္ခႏၶာအေလးခ်ိန္ကို မမ်ားေစပါဘူး။သူ အ ေနနဲ႔ အလုပ္ကို အေကာင္းဆံုးလုပ္ႏိုင္ပါတယ္။ဒါေၾကာင့္လည္း သူကိုလက္ေရြးစင္အသင္းၾကီးမွာ ကစားဖို႔အတြက္ အခြင့္ အေရးေပးခဲ့တာပါ။ ပြဲအၿပီးမွာ သူအေနနဲ႔ အေကာင္းဆံုးလုပ္ႏိုင္ခဲ့ရဲ႕လားဆိုၿပီး ကြ်န္ေတာ္ကို လာေမးခဲ့ပါတယ္” လို႔ ေျပာ ခဲ့ပါတယ္။