ဘေးလ်ရောက်လာတာကြောင့် စပါးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ရနိုင်တယ်လို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ပြောဆို


ဂါရတ်ဘေးလ်ရဲ့အေးဂျင့်ဖြစ်သူက ၎င်းရဲ့ကစားသမားအနေနဲ့ အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာတာကြောင့် စပါး အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဂါရတ်ဘေးလ်ဟာ ၇ နှစ်တာကြာခဲ့တဲ့ အသင်း ဟောင်းကို တစ်ကျော့ပြန်ရောက်ရှိခဲ့သူဖြစ်ပြီး အကောင်းဆုံးခြေစွမ်းပြန်ပြနိုင်မယ်လို့လည်း ၎င်းရဲ့ အေးဂျင့်ဖြစ်သူက ပြော ခဲ့ပါတယ်။


အသက် ၃၁ နှစ်ရှိပြီဖြစ်နေတဲ့ ဂါရတ်ဘေးလ်ကို စပါးနည်းပြမော်ရင်ဟိုအနေနဲ့ ယူနိုက်တက်ကို ကိုင်တွယ်စဉ်ကတည်းက ခေါ်ယူဖို့ အလိုရှိနေခဲ့တယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျိုနသန်ဘား နက်စ်က “ စပါးအသင်းလည်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ပါတယ်။ အသင်းမှာ ကစားသမားကောင်းတွေရှိသလို နည်း ပြကောင်းလည်း ရှိပါတယ်။ ဒီလိုအသင်းမျိုးကို ဂါရတ်ဘေးလ်လို ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲတစ်ယောက် ထပ်ရောက်လာတယ်ဆိုတော့ သူတို့အနေနဲ့ ချန်ပီယံဖြစ်ဖို့ ပိုပြီး နီးစပ်သွားပါပြီ” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဂျိုနသန်ဘားနက်စ်က “ ဂါရတ်ဘေးလ်က စပါးအသင်းကို ချစ်တယ်ဆိုတာသိသာပါတယ်။ အသင်းကို ပြန် ရောက်ပြီးနောက်မှာ သူရဲ့အပြုံးတွေကို အရင်လို ပြန်မြင်နေရပါပြီ။ အခြားအသင်းတွေရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ ဘေးလ်က စပါးရဲ့ကမ်းလှမ်းချက်ကိုတော့ လက်ခံလိုက်တာပါ။ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ နည်းပြ မော်ရင်ဟို အနေနဲ့ သူကို အသင်းရဲ့လူစာရင်းမှာ အသုံးပြုလာဖို့ ရှိနေပါတယ်။” လို့ ပြောခဲ့ပါတယ်။

zawgyi version

ေဘးလ္ေရာက္လာတာေၾကာင့္ စပါးအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံ ရႏိုင္တယ္လို႔ ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူ ေျပာဆို
ဂါရတ္ေဘးလ္ရဲ႕ေအးဂ်င့္ျဖစ္သူက ၄င္းရဲ႕ကစားသမားအေနနဲ႔ အသင္းေဟာင္းကို ျပန္လည္ေရာက္ရွိလာတာေၾကာင့္ စပါး အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ ဂါရတ္ေဘးလ္ဟာ ၇ ႏွစ္တာၾကာခဲ့တဲ့ အသင္း ေဟာင္းကို တစ္ေက်ာ့ျပန္ေရာက္ရွိခဲ့သူျဖစ္ၿပီး အေကာင္းဆံုးေျခစြမ္းျပန္ျပႏိုင္မယ္လို႔လည္း ၄င္းရဲ႕ ေအးဂ်င့္ျဖစ္သူက ေျပာ ခဲ့ပါတယ္။
အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္ေနတဲ့ ဂါရတ္ေဘးလ္ကို စပါးနည္းျပေမာ္ရင္ဟိုအေနနဲ႔ ယူႏိုက္တက္ကို ကိုင္တြယ္စဥ္ကတည္းက ေခၚယူဖို႔ အလိုရွိေနခဲ့တယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။ ဂါရတ္ေဘးလ္ရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ဂ်ိဳနသန္ဘား နက္စ္က “ စပါးအသင္းလည္း ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ႏုိင္ပါတယ္။ အသင္းမွာ ကစားသမားေကာင္းေတြရွိသလို နည္း ျပေကာင္းလည္း ရွိပါတယ္။ ဒီလိုအသင္းမ်ိဳးကို ဂါရတ္ေဘးလ္လို ကမၻာ့အေကာင္းဆံုး ကစားသမားေတြထဲတစ္ေယာက္ ထပ္ေရာက္လာတယ္ဆိုေတာ့ သူတို႔အေနနဲ႔ ခ်န္ပီယံျဖစ္ဖို႔ ပိုၿပီး နီးစပ္သြားပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
ဆက္လက္ၿပီး ဂ်ိဳနသန္ဘားနက္စ္က “ ဂါရတ္ေဘးလ္က စပါးအသင္းကို ခ်စ္တယ္ဆိုတာသိသာပါတယ္။ အသင္းကို ျပန္ ေရာက္ၿပီးေနာက္မွာ သူရဲ႕အျပံဳးေတြကို အရင္လို ျပန္ျမင္ေနရပါၿပီ။ အျခားအသင္းေတြရဲ႕ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တဲ့ ေဘးလ္က စပါးရဲ႕ကမ္းလွမ္းခ်က္ကိုေတာ့ လက္ခံလိုက္တာပါ။ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီးမွာေတာ့ နည္းျပ ေမာ္ရင္ဟို အေနနဲ႔ သူကို အသင္းရဲ႕လူစာရင္းမွာ အသံုးျပဳလာဖို႔ ရွိေနပါတယ္။” လို႔ ေျပာခဲ့ပါတယ္။