ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာ

ပေါ့ဘာက အိုးထရက်ဖိုဒ့်မှာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားရန် အိပ်မက်တစ်ခုရှိတယ်ဆိုပြီး ယူနိုက်တက်အသင်းက ထွက်ခွာမယ့် စကားကို အရိပ်အမွက်ပြောသွားခဲ့ပါတယ်။ ပြင်သစ်ကစားသမားရဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းဟာ ကုန်ဆုံးရန် (၁၀) လပဲ ကျန်တော့နေတာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်အမှုဆောင်ချုပ် အက်ဝုဒ်ဝပ်က သူ့ကို စာချုပ်သက်တမ်းတိုးရန် မကမ်းလှမ်းသေးဘူးလို့ ဝန်ခံပြောသွားခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာကို ပြီးခဲ့တဲ့ (၁) နှစ်က ရီးရဲလ်မက်ဒရစ် အသင်းက ကြိမ်ဖန်များစွာ ကမ်းလှမ်းခဲ့ပေမယ့် ကာလရှည်ဒဏ်ရာ ရရှိနေခဲ့လို့ လွဲချော်ခဲ့ရပါတယ်။

ဒီရာသီမှာလည်း အိုးထရက်ဖိုဒ့်ရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်နေပေမယ့်လည်း ပေါ့ဘာဟာ ကြာသပတေးနေ့က ကစားခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ပွဲအပြီးမှာ “ဟုတ်ပါတယ်၊ ဘောလုံးသမားတိုင်းက ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားချင်ကြပါတယ်။

ဒါက ကျွန်တော့်အတွက်လည်း အိပ်မက်တစ်ခုပါ။ တစ်နေ့ ဘာလို့ မဖြစ်နိုင်ရမှာလဲ? လက်ရှိမှာတော့ ကျွန်တော်ယူနိုက်တက် မှာ ရှိနေပြီး အသင်းကို ချစ်ပါတယ်။ ကျွန်တော်အသင်းဖော်တွေလို အသင်းအတွက် အရာရာကို အကောင်းဆုံးပေးဆပ်သွားမှာဦးမှာပါ” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ္မက္ဒရစ္မွာ ကစားဖို႔က သူ႔ရဲ႕အိပ္မက္ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာ

ေပါ့ဘာက အိုးထရက္ဖိုဒ့္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးတာနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းမွာ ကစားရန္ အိပ္မက္တစ္ခုရွိတယ္ဆိုျပီး ယူႏိုက္တက္အသင္းက ထြက္ခြာမယ့္ စကားကို အရိပ္အမြက္ေျပာသြားခဲ့ပါတယ္။ ျပင္သစ္ကစားသမားရဲ႕ ပရီးမီးယားလိဂ္ ကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ကုန္ဆံုးရန္ (၁၀) လပဲ က်န္ေတာ့ေနတာျဖစ္ျပီး အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ယူႏိုက္တက္အမႈေဆာင္ခ်ဳပ္ အက္၀ုဒ္၀ပ္က သူ႔ကို စာခ်ဳပ္သက္တမ္းတိုးရန္ မကမ္းလွမ္းေသးဘူးလို႔ ၀န္ခံေျပာသြားခဲ့တာျဖစ္ပါတယ္။

ေပါ့ဘာကို ျပီးခဲ့တဲ့ (၁) ႏွစ္က ရီးရဲလ္မက္ဒရစ္ အသင္းက ၾကိမ္ဖန္မ်ားစြာ ကမ္းလွမ္းခဲ့ေပမယ့္ ကာလရွည္ဒဏ္ရာ ရရွိေနခဲ့လို႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ဒီရာသီမွာလည္း အိုးထရက္ဖိုဒ့္ရဲ႕ အဓိက ကစားသမားတစ္ေယာက္ျဖစ္ေနေပမယ့္လည္း ေပါ့ဘာဟာ ၾကာသပေတးေန႔က ကစားခဲ့တဲ့ ျပင္သစ္လက္ေရြးစင္အသင္းနဲ႔ ပြဲအျပီးမွာ “ဟုတ္ပါတယ္၊ ေဘာလံုးသမားတိုင္းက ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ကစားခ်င္ၾကပါတယ္။

ဒါက ကၽြန္ေတာ့္အတြက္လည္း အိပ္မက္တစ္ခုပါ။ တစ္ေန႔ ဘာလို႔ မျဖစ္ႏိုင္ရမွာလဲ? လက္ရွိမွာေတာ့ ကၽြန္ေတာ္ယူႏိုက္တက္ မွာ ရွိေနျပီး အသင္းကို ခ်စ္ပါတယ္။ ကၽြန္ေတာ္အသင္းေဖာ္ေတြလို အသင္းအတြက္ အရာရာကို အေကာင္းဆံုးေပးဆပ္သြားမွာဦးမွာပါ” လို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။