ယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းမှာ ရိုမဲရိုး၊ ရိုဟို နဲ့ ဖီးလ်ဂျုံးစ် တို့ ချန်လှပ်ခြင်းခံရ

ယူနိုက်တက်အသင်းဟာ ၂၀၂၀-၂၁ ချန်ပီယံလိဂ်ကစားမယ့် လူစာရင်းကို ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ပေမယ့် ဂိုးသမား ရိုမဲရိုး ၊ နောက်ခံလူ ရိုဟို နဲ့ ဖီးလ်ဂျုံးစ် တို့ ပါဝင်လာခြင်းမရှိပါဘူး။ နည်းပြဆိုးလ်ရှားရဲ့ အသင်းဟာ ချန်ပီယံလိဂ်အုပ်စု (H) မှာ ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ် နဲ့ အစ္စတန်ဘူလ် အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာ ဖြစ်ပါတယ်။

အသင်းမှာ ဂိုးသမား (၃) ယောက်ရွေးချယ်ခွင့်ရပေမယ့် ယူနိုက်တက်အသင်းဟာ မနှစ်က ယူရိုပါလိဂ် (၉) ပွဲ အထိ ပါဝင်ကစားပေးခဲ့တဲ့ ရိုမဲရိုးကို မရွေးချယ်ခဲ့ပဲ ဒီဂီယာ၊ ဟန်ဒါဆန် နဲ့ လီးဂရန့်တို့ကို ရွေးချယ်ခဲ့ပါတယ်။ ရိုမဲရိုးကို အဲဗာတန်အသင်းက တနလာၤနေ့ အပြောင်းအရွှေ့နောက်ဆုံးရက်တုန်းက ခေါ်ယူရန် ကြိုးစားခဲ့ပေမယ့် ရိုးမားအသင်းက အိုလ်ဆန်ကိုပဲ အငှားနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ခံလူ ရိုဟို နဲ့ ဖီးလ်ဂျုံးစ်တို့ (၂) ယောက်စလုံးဟာ ယူနိုက်တက် ဒီရာသီမှာ ကစားခဲ့တဲ့ (၅) ပွဲစလုံးရဲ့ လူစာရင်းမှာတောင် ပါဝင်ခဲ့ခြင်းမရှိသေးပါဘူး။ ယူနိုက်တက်ဟာ လူငယ်နောက်ခံလူ တွမ်ဇီဘီ ကိုတော့ ချန်ပီယံလိဂ်ကစားမယ့် လူစာရင်းထဲ ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် အသစ်ခေါ်ယူထားတဲ့ ကစားသမားအချို့လည်း ချန်ပီယံလိဂ်ကစားမယ့် လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ကာဗာနီ၊ အဲလ်လက်စ်တဲလ်လက်စ် နဲ့ ပယ်လီစထရီ တို့အားလုံးဟာ ယူနိုက်တက်အသင်းဆီ အပြောင်းအရွှေကနောက်ဆုံးမှာ ရောက်လာခဲ့သူတွေဖြစ်ပြီး ချန်ပီယံလိဂ် ကစားမယ့် (၂၅) ယောက်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အကယ်ဒမီထွက်ကစားသမားတွေဖြစ်တဲ့ ဂရင်းဝုဒ်၊ မန်ဂီ နဲ့ ဝီလီယံစ်တို့အားလုံးကိုလည်း နည်းပြဆိုးလ်ရှားက ရွေးချယ်ထားခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ်ကစားမယ့် လူစာရင်းအပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Goalkeepers: David De Gea, Dean Henderson, Lee Grant.

Defenders: Eric Bailly, Tim Fosu-Mensah, Victor Lindelof, Harry Maguire, Luke Shaw, Alex Telles, Axel Tuanzebe, Aaron Wan-Bissaka.

Midfielders: Bruno Fernandes, Fred, Daniel James, Jesse Lingard, Juan Mata, Nemanja Matic, Scott McTominay, Facundo Pellistri, Paul Pogba, Donny van de Beek.

Forwards: Edinson Cavani, Odion Ighalo, Anthony Martial, Marcus Rashford.

ယူႏိုက္တက္အသင္းရဲ႕ ခ်န္ပီယံလိဂ္လူစာရင္းမွာ ရိုမဲရိုး၊ ရိုဟို နဲ႔ ဖီးလ္ဂ်ံဳးစ္ တို႔ ခ်န္လွပ္ျခင္းခံရ

ယူႏိုက္တက္အသင္းဟာ ၂၀၂၀-၂၁ ခ်န္ပီယံလိဂ္ကစားမယ့္ လူစာရင္းကို ေၾကညာခ်က္ထုတ္ျပန္လိုက္ျပီျဖစ္ေပမယ့္ ဂိုးသမား ရိုမဲရိုး ၊ ေနာက္ခံလူ ရိုဟို နဲ႔ ဖီးလ္ဂ်ံဳးစ္ တို႔ ပါ၀င္လာျခင္းမရွိပါဘူး။ နည္းျပဆိုးလ္ရွားရဲ႕ အသင္းဟာ ခ်န္ပီယံလိဂ္အုပ္စု (H) မွာ ပီအက္စ္ဂ်ီ၊ လိုက္ပ္ဇစ္ နဲ႔ အစၥတန္ဘူလ္ အသင္းတို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနတာ ျဖစ္ပါတယ္။

အသင္းမွာ ဂိုးသမား (၃) ေယာက္ေရြးခ်ယ္ခြင့္ရေပမယ့္ ယူႏုိက္တက္အသင္းဟာ မႏွစ္က ယူရိုပါလိဂ္ (၉) ပြဲ အထိ ပါ၀င္ကစားေပးခဲ့တဲ့ ရိုမဲရိုးကို မေရြးခ်ယ္ခဲ့ပဲ ဒီဂီယာ၊ ဟန္ဒါဆန္ နဲ႔ လီးဂရန္႔တို႔ကို ေရြးခ်ယ္ခဲ့ပါတယ္။ ရိုမဲရိုးကို အဲဗာတန္အသင္းက တနလာၤေန႔ အေျပာင္းအေရႊ႕ေနာက္ဆံုးရက္တုနး္က ေခၚယူရန္ ၾကိဳးစားခဲ့ေပမယ့္ ရိုးမားအသင္းက အိုလ္ဆန္ကိုပဲ အငွားနဲ႔ ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ခံလူ ရိုဟို နဲ႔ ဖီးလ္ဂ်ံဳးစ္တို႔ (၂) ေယာက္စလံုးဟာ ယူႏိုက္တက္ ဒီရာသီမွာ ကစားခဲ့တဲ့ (၅) ပြဲစလံုးရဲ႕ လူစာရင္းမွာေတာင္ ပါ၀င္ခဲ့ျခင္းမရွိေသးပါဘူး။ ယူႏိုက္တက္ဟာ လူငယ္ေနာက္ခံလူ တြမ္ဇီဘီ ကိုေတာ့ ခ်န္ပီယံလိဂ္ကစားမယ့္ လူစာရင္းထဲ ေရြးခ်ယ္ခဲ့ပါတယ္။ ဒါ့အျပင္ အသစ္ေခၚယူထားတဲ့ ကစားသမားအခ်ိဳ႕လည္း ခ်န္ပီယံလိဂ္ကစားမယ့္ လူစာရင္းမွာ ပါ၀င္လာခဲ့ပါတယ္။

ကာဗာနီ၊ အဲလ္လက္စ္တဲလ္လက္စ္ နဲ႔ ပယ္လီစထရီ တို႔အားလံုးဟာ ယူႏိုက္တက္အသင္းဆီ အေျပာင္းအေရႊကေနာက္ဆံုးမွာ ေရာက္လာခဲ့သူေတြျဖစ္ျပီး ခ်န္ပီယံလိဂ္ ကစားမယ့္ (၂၅) ေယာက္လူစာရင္းမွာ ပါ၀င္ခဲ့ပါတယ္။ အကယ္ဒမီထြက္ကစားသမားေတြျဖစ္တဲ့ ဂရင္း၀ုဒ္၊ မန္ဂီ နဲ႔ ၀ီလီယံစ္တို႔အားလံုးကိုလည္း နည္းျပဆိုးလ္ရွားက ေရြးခ်ယ္ထားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ခ်န္ပီယံလိဂ္ကစားမယ့္ လူစာရင္းအျပည့္အစံုကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

 

Goalkeepers: David De Gea, Dean Henderson, Lee Grant.

Defenders: Eric Bailly, Tim Fosu-Mensah, Victor Lindelof, Harry Maguire, Luke Shaw, Alex Telles, Axel Tuanzebe, Aaron Wan-Bissaka.

Midfielders: Bruno Fernandes, Fred, Daniel James, Jesse Lingard, Juan Mata, Nemanja Matic, Scott McTominay, Facundo Pellistri, Paul Pogba, Donny van de Beek.

Forwards: Edinson Cavani, Odion Ighalo, Anthony Martial, Marcus Rashford.